ep(24)

3K 174 16
                                    

💚 || တော်ဝင်ပန်း || 💚


ep(24)


Leo ဒီတစ်ပတ်လုံး TOXIC ဂိုဏ်းကို ပြန်ခဲ့တာ ဖြစ်သည် ။ ဟိုတစ်ကောင်က မာမီနဲ့လိုက်သွားတာ ပြန်လာဖို့ စိတ်ကူးမရှိသေးတဲ့ပုံ ။  နှစ်ဖက်လုံးတွက် စီစဥ်နေရတာမို့ ပိုအလုပ်ရှုပ်သွားသည် ။

" Leo အေးဆေးဘဲလား ဂိုဏ်းဘက်က "

ဝီစကီတစ်ခွက်ကမ်းပေးရင်း မေးလာတဲ့ ဦးမင်ဟန်စကားကြောင့် ခွက်ကို ယူလိုက်ပြီး အရင်မော့သောက်လိုက်သည် ။ ထို့နောက် ခြေပေါ် ခြေတင်ပြီး ဆိုဖာနောက်ကျောပေါ်  မှီချလိုက်ပြီးမှ

" ပြသနာ နည်းနည်းရှိတယ် ဒါမဲ့ ကျုပ်ရှင်းပေးခဲ့ပြီးပြီ ခင်ဗျား အဲ့ဒီကို ပြန်နှင့်လိုက် "

" အေးပါကွာ ငါပြန်လိုက်မယ် ခန့်ကိုလည်း ပြန်ခေါ်ထားတယ် ပြန်မလာရင် သူ့Club တွေ ရောင်းစားမယ်ဆိုပြီး ချိန်းခြောက်ခေါ်ထားတာ "

ဦးမင်ဟန်က ပြောပြီး သဘောတကျရယ်သည် ။ သတိထားကြည့်မယ်ဆိုရင် Leo နှုတ်ခမ်းထောင့်စွန်းလေးလည်း မသိမသာ ကွေးတက်သွားပါသေးသည် ။

" ဟိုကောင်မလေးကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ Leo "

" ပြီးပြီ "

" အဲ့တာမင်းဘက်ကလေ သူ့ဘက်က မပြီးရင်ရော ခုတော်ဝင်အိမ်တော်တောင် တက်နေနေတယ်ဆိုလား မင်းသိပြီးပြီလား '

" သိတယ် "

" သူမကလည်း လျော့တွက်လို့ရတဲ့လူမဟုတ်ဘူးနော် လူတောင်သတ်ဖူးတယ်ဆိုတော့ "

Leo မျက်ခုံးတွေက သိသိသာသာတွန့်ချိုးသွားပြီး

" လိုရင်းကိုပြော "

" တော်ဝင်သခင်လေးတွက် အန္တာရာယ်ရှိနိုင်လား "

" ဘာဆိုင်လို့လဲ "

" မင်းတို့ ပေါင်းကြံတယ်လို့ သူထင်နေရင်ရော "

" သူတို့ဆက်ဆံရေးကောင်းတယ် ၊ ကောင်းလို့ဘဲ သူ့မိဘတွေက ခေါ်ထားတာပေါ့ "

" မင်းက စိတ်ချတယ်ဆိုပါတော့ "

" အဲ့ဒီ့အိမ်မှာ ကျုပ်လူတွေရှိတယ် "

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now