💚|| တော်ဝင်ပန်း 💚 ||
ep(27)
" Xello ... "
ဖြူဖြူဖွေးဖွေး လက်ဝါးတစ်ဖက်ကို အသာဝေ့ရန်းရင်း နှုတ်ဆက်လာတဲ့ သူမက ခပ်ရေးရေး ပါးချိုင့်လေးတွေ ပေါ်တဲ့ထိ ပြုံးနေသည် ။ T shirt အဖြူရောင်ကို ဘောင်းဘီအနက်တဲ့ ရိုးရှင်းစွာ တွဲဝတ်ထားပေမဲ့ 5 ပေ 8 လောက်ရှိတဲ့ သူမအရပ်က လူအများကြားမှာ ထင်းထွက်နေ၏ ။
Dee သူမကို မူပိုင် ပါးလေး မို့တက်တဲ့ထိ ပြန်ပြုံးပြလိုက်ပြီး လက်လှမ်းလာတဲ့ သူမကို ဖက်ကင်းတလဲ ပြန်နှုတ်ဆက်လိုက်၏ ။ ခဲရောင် ဖဲသား ဂါဝန်ကို ဝတ်ထားတဲ့ သူမလေးက ခါးထိရှည်တဲ့ ရွှေအိုရောင် ဆံပင်တွေကို ခပ်မြင့်မြင့်စီးထားသေးသည် ။
" ကိုယ်တိုင် လာကြိုမယ် မထင်ထားဘူး "
" လာကြိုရမှာပေါ့ နင်က ငါရဲ့ အချစ်ဆုံး သူငယ်ချင်းလေ Smile "
Smile ခပ်ဟဟလေး ရယ်လိုက်သည် ။ Dee နဲ့ပါလာတဲ့ Bodyguard နှစ်ယောက်က သူမ Luggage ကို ယူပြီး ရှေ့က သွားနှင့်လေပြီ ။ မိန်းကလေး နှစ်ယောက် ယှဥ်လျှောက်လာနေပေမဲ့ သာမန်မိန်းကလေးတွေထက် အရပ်ပိုရှည်တဲ့ တရုတ် ပြင်သစ်ကပြားမလေးကြောင့် Dee က သိသိသာသာ ပုကျန်ခဲ့သည် ။
" အိမ်ကိုဘဲ တန်းသွားမလား "
" အွန်း ငါ တစ်ရက် နှစ်ရက်လောက် နားလို့ ရသေးတယ်မလား "
'" ရတာပေါ့ လောဖို့ မလိုဘူး "
ထိုစကားပြောနေတဲ့ သူမက အပူပင်ကင်းစွာ အပြုံး မပျက်ပေ ။
" ဒါနဲ့ သူမရော "
Dee မေးတဲ့ သူမဆိုတာ ဘာသူ့ကို ရည်ညွန်းမှန်း Smile သိပါသည် ။
Bodyguard မောင်းလာတဲ့ ကားထဲမှာ သူမတို့နှစ်ယောက်ကတော့ စကားပြောမပျက် ။
" ငါ့ရှေ့က Flight နဲ့ ပါသွားတာ ရောက်ရောပေါ့ ဒီမှာကြည့်လေ "
Smile ပြလာတာ သူမဖုန်းထဲက ပုံတစ်ပုံဖြစ်သည် ။ ထိုပုံထဲတွင် လေဆိပ်အတွင်းမှာ ထည်ဝါလွန်းတဲ့ အမျိုးသမီးကြီးအား အရပ်ရှည်ရှည် ခပ်တောင့်တောင့် အမျိုးသားတစ်ယောက်က လည်ပင်းကနေ ဖက်ထားတဲ့ပုံ ဖြစ်သည် ။ ထိုအမျိုးသားရော အမျိုးသမီးရော မျက်နှာက အပြုံးတွေ ဝေဆာလျှက် ။
YOU ARE READING
💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfictionတကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥