တီချယ်ဖတ်ဖို့ရေးတဲ့စာ (၁)

1.2K 113 7
                                    

တီချယ်ဖတ်ဖို့ရေးတဲ့စာ (၁)

အချစ်ဦးဆိုတာ ပထမဆုံးချစ်မိတဲ့သူကိုဆိုလိုတာမဟုတ်ဘဲဘယ်သူနဲ့မှမတူတဲ့အချစ်မျိုးနဲ့ချစ်မိတဲ့သူကို အချစ်ဦး လို့ခေါ်တာတဲ့။တီချယ်ကလေ ကိုယ့်ရဲ့အချစ်ဦး ပါပဲ။တစ်ခါမှမပေးခဲ့ဖူးတဲ့ချစ်ခြင်းမေတ္တာတွေကို တီချယ့်ကိုပေးခဲ့ပြီး၊တစ်ခါမှမရခဲ့ဖူးတဲ့ချစ်ခြင်းတွေကိုလည်း တီချယ့်ဆီကနေ လက်ခံရရှိခဲ့တယ်။

တီချယ်နဲ့တွေ့ဆုံခွင့်ရခဲ့တာဟာ ကံကောင်းခြင်းတစ်ခုဖြစ်ပြီး တီချယ့်ဆီကနေချစ်ခြင်းတွေလက်ခံရရှိခဲ့တာကတော့ အဖိုးမဖြတ်နိုင်တဲ့ ကံကောင်းခြင်းပါ။တီချယ့်ကြောင့်ပျော်ရွှင်ခဲ့ရပြီး တီချယ့်ကြောင့်ပဲ ပြုံးရယ်ခဲ့ရတယ်။မနက်ဖြန်တွေတိုင်းဟာတီချယ့်ကြောင့်ရှင်သန်ချငစိတ်ရှိလာခဲ့ရတယ်။

ခြောက်ကပ်ကပ်နေ့ရက်တွေထဲ အခန်းထောင့်မှာပဲတစ်ယောက်တည်းနေတတ်ခဲ့တဲ့ကောင်မလေးက တီချယ့်ကြောင့်လူတွေနဲ့နီးစပ်လာခဲ့တယ်။တီချယ့်ကြောင့်ပဲ လောကကြီးကိုအကောင်းပြန်မြင်တတ်ခဲ့တယ်။တီချယ်ဟာ ဒီကလေးအတွက်တော့ လမ်းပြကြယ်ပါပဲ။

မနက်ဖြန်တွေတိုင်းမှာဘာဖြစ်ချင်လဲမေးရင် တီချယ့်ကိုပျော်စေချင်တယ်၊စိတ်ချမ်းသာစေချင်တယ်။တီချယ့်ဆီကျရောက်မဲ့ပူပင်သောကတွေကိုကာကွယ်ပေးချင်တယ်။တီချယ့်အပြုံးတွေကိုအတောက်ပဆုံးဖြစ်အောင်ဖန်တီးပေးချင်တယ်။ချစ်ခြင်းမေတ္တာဟာပျော်စေချင်တာနဲ့ပဲစပြီး ပျော်စေချင်တာနဲ့ပဲ ဆုံးပါတယ်တီချယ်။

#Äster

10Dec2023

တီချယ်ဖတ်ဖို့ရေးတဲ့စာWhere stories live. Discover now