တီချယ်ဖတ်ဖို့ရေးတဲ့စာ (၂)

403 27 1
                                    

တီချယ်ဖတ်ဖို့ရေးတဲ့စာ (၂)

တီချယ်သိလား။
စတွေ့တည်းနေ့ကတည်းကလေ အဲဒီမျက်မှန်အောက်က မျက်ဝန်းညိုတွေကိုသဘောကျခဲ့တာ။ကိုယ့်ကိုမော့ကြည့်ခဲ့တဲ့အကြည့်တွေ၊လွှတ်ခနဲပြောမိတဲ့ကိုယ့်စကားတွေကိုမေးခွန်းတစ်ခုအနေနဲ့ ပြန်ဖြေပေးခဲ့တာတွေ။အဲတည်းကလေ တီချယ့်ကိုသတိထားခဲ့မိတာ။

ဘောင်းဘီရှည်နဲ့ဆို စမတ်ကျတဲ့တီချယ်က မြန်မာဝမ်းဆက်ဝတ်ရင်လည်းသိပ်ယဥ်တာပဲနော်။ပထမဆုံးမြင်ဖူးခဲ့တဲ့ ဝမ်းဆက်လေးနဲ့တီချယ့်ပုံစံလေးကို ခုထိမှတ်မိနေဆဲပါပဲ။အပြုံးလေးတွေရောလို့ပြောရင် "အပိုတွေ" ဆိုပြီးများတီချယ်ပြောမလား။မမေ့နိုင်ခဲ့တာတကယ်ပါပဲတီချယ်။

စကားပြောရင် "နော်" ဆိုတာလေးထည့်ပြောလို့ပိုပြီးသတိထားမိခဲ့တယ်။အစကတော့ သတိထားမိရုံပဲထင်ခဲ့တာပေါ့။နောက်တော့မှ တီချယ့်ဆီမှာ နှလုံးသားလေးနစ်ဝင်နေပြီမှန်းသိခဲ့တာ။တစ်ချို့ကတော့ပြောပါရဲ့"ဆယ်ကျော်သက်အရွယ်မလို့စိတ်ကစားတာပါ"တဲ့။နှစ်ဆယ်ကျော်တွေကတကယ်ပဲစိတ်ကစားတတ်လို့လားတီချယ်ရယ်။

မနက်ခင်းတိုင်းမှာမြင်ရတဲ့တီချယ့်အပြုံးတွေ၊ချိုချိုသာသာနှုတ်ဆက်သံလေးတွေကဒီကလေးမအတွက်အားအင်တွေဖြစ်ခဲ့တာပါပဲ။တီချယ့်ကြောင့်၊တီချယ်ရှိနေလို့ဆိုတဲ့စကားတွေကို ရင်ထဲကနေခဏတိုင်းပြောပြီးကျေးဇူးတင်ခဲ့ရပါတယ်။"တီချယ်က ဒီကလေးအတွက် အကြည်ဓာတ်ပါ"ဆိုတဲ့စကားမှာ မုသားမပါခဲ့ဘူးတီချယ်။

အမြဲတမ်ပြုံးနေတတ်တဲ့တီချယ့်ကို ကိုယ့်ကြောင့်လည်းထပ်ပြီးပျော်ရွှင်စေချင်ခဲ့တယ်၊ချမ်းမြေ့စေချင်ခဲ့တယ်။မျက်နှာလေးညှိုတိုင်းအပြေးရောက်လာပြီး စိတ်ပူတတ်ခဲ့တာ။ရင်ထဲကဆန္ဒဟာတစ်ခုပဲရှိပါတယ်၊တီချယ့်ကိုပျော်စေချင်ခဲ့တာလေ။ချစ်ခြင်းမေတ္တာဟာ ပျော်စေချင်တာနဲ့ပြီးပျော်စေချင်တာနဲ့ပဲဆုံးပါတယ်တီချယ်။

#Äster

14December2023

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 14 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

တီချယ်ဖတ်ဖို့ရေးတဲ့စာDonde viven las historias. Descúbrelo ahora