အဆောင်မှူးကိုကြီး (၁)

76.4K 419 6
                                    

အောင်မင်္ဂလာအဝေးပြေးကားကွင်း

ကားကွင်းအတွင်း၌ ဥဒဟိုသွားလာလှုပ်ရှားနေကြသော ခရီးသွားပြည်သူများဖြင့်ပြည့်နှက်လို့နေသည်။ ရန်ကုန်မြို့ကြီးကို ပထမဆုံးခြေချဖူးသော သူ့အဖို့တော့ ဘယ်အရပ် ဘယ်ဒေသကို ခြေဦးလှည့်ရမလဲဆို တွေးမရသေး။ ကားလမ်းမထက်ရွေ့လျားနေသည့် ကားကြီးကားငယ်များနှင့် လှုပ်ရှားသွားလာနေသည့် ခရီးသွားပြည်သူများကိုသာ လိုက်လံငေးမောနေမိသည်။

ဆွေမရှိ မျိုးမရှိသည့် တစ်ကောင်ကြွက်သူ့ဘဝကို ဘယ်လိုရှေ့ဆက်ရမလဲ ဆိုတာလည်းတွေးမရ။ သွေးရင်းသားရင်းဆိုလို့ လက်ဆုပ်လက်ကိုင်ပြစရာ တစ်ဦးတလေပင်မရှိတော့။ မကြာသေးသည့်ရက်ကပဲ သူ့မိခင်က သူ့ကိုလူ့လောကထဲတစ်ယောက်ထဲချန်ရစ်ခဲ့လေပြီမဟုတ်လား။ ဖခင်ဆိုတာကလည်း အမေ့ဝမ်းထဲ သူကိုယ်ဝန်စဆောင်စဥ်အချိန်ကတည်းက မွေးရပ်မြေ တရုတ်ပြည်ကိုပြန်သွားသည်ဟု အမေပြောပြခဲ့၍သာ သိရသည်။ ဘယ်လိုပုံပန်းသဏ္ဌာန်ရှိသည်ဆိုတာလည်း မသိခဲ့ရ။ ယုတ်စွအဆုံး နာမည်လေးတောင်မသိခဲ့ရပေ။

တစ်ယောက်တည်း အတွေးတွေထဲနစ်မြောနေရင်း သူ့အရှေ့တည့်တည့်သို့ ထိုးရပ်လာသည့် ဆိုင်ကယ်တစ်စီး။ သူမော့ကြည့်တော့ အသားဖြူဖြူနှင့် ကိုကြီးက ဆိုင်ကယ်ကိုခွလျက်ပင် ကွမ်းစားထား၍ ရဲပတောင်းခတ်နေသော သွားတွေကိုဖြီးပြသည်။ သူကတော့ ခပ်တည်တည်သာ။

"ညီလေး ကယ်ရီလား"

"ဟို ဟိုလေ ဒီနားမှာ ယောက်ျားအဆောင်ရှိလားအကို။ အကိုသိရင် ကျွန်တော့်ကို လိုက်ပို့ပေးပါလား။ ကျွန်တော်က အခုမှရန်ကုန်ကို ပထမဆုံးစရောက်ဖူးတာမို့ပါ အကို"

သူ့စကားအဆုံး၌ ထိုအကို ပါးစပ်ထဲပြည့်လျှံလာသည့် ကွမ်းတံတွေးကို ဗျစ်ခနဲထွေးထုတ်ပြီး ခေါင်းကုပ်ကာစဥ်းစားဟန်ပြုနေသည်။

"ဒီအနီးအနားတစ်ဝိုက်မှာတော့ ယောက်ျားလေးသီးသန့်အဆောင်တော့မရှိဘူး ညီလေးရ။ လိုင်းခန်းလိုပုံစံမျိုးပဲရှိတယ်"

"ဘယ်လိုလုပ်ရမလဲမသိတော့ပါဘူးဗျာ။ ကျွန်တော်လည်း ကျွန်တော့်အမေဆုံးပြီး နယ်မှာမနေချင်တော့လို့ စုမိဆောင်းမိတာလေးတွေရောင်းပြီး ရန်ကုန်တက်လာခဲ့လိုက်တာ။ နေစရာမရှိတော့ မှားပြီနဲ့တူပါတယ်ဗျာ။ ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိတော့ဘူး။ အသိလည်းတစ်ယောက်မှမရှိဘူး"

နွေရိပ်ညိုWhere stories live. Discover now