မိတ်ဆက်

1.9K 137 16
                                    

ရှုရင် သည် ငယ်ရွယ်ပြီး မိုက်မဲသော
ကောင်လေးတစ်ယောက်ဖြစ်ကာ သူသေဆုံးသွားရခြင်းအကြောင်းအရင်းမှာ ရှိးရှင်းသည်။

အရမ်း hot လွန်းတဲ့ယောကျ်ားတစ်ယောက်ရဲ့ဝမ်းဗိုက်ကြွက်သားမြောင်းရှစ်ခုကို လျှို့ဝှက်စွာချောင်းကြည့်ရင်း  ပင်လယ်သမုဒ္ဒရာအောက်ထဲသို့ပြုတ်ကျ၍ ရေနစ်ကာ သေဆုံးသွားခဲ့ခြင်းပင်။

အခုချိန်မှာတော့ လူပါးဝလွန်းတဲ့ system နဲ့ စာချုပ်ချုပ်ဆိုထားရပြီး နောက်တကြိမ်ချောင်းကြည့်ခွင့်ရအောင်လို့ မစ်ရှင်တွေကို အောင်မြင်အောင် ရှုရင်ကြိုးစားရုန်းကန်နေရသည်...အာ... မဟုတ်သေးပါဘူး...ကျွန်တော် ပြောချင်တဲ့သဘောက  ဇာတ်လမ်းထဲမှ တစ်စုံတစ်ယောက်က ဇာတ်ညွှန်းမှားသွားတဲ့အခါ အသက်ပြန်ရှင်ဖို့ဆိုတာက လုပ်ရတာလွယ်ကူတဲ့ပိုင်မုန့်တစ်ခုလို လွယ်ကူမနေတော့ပါဘူး။

????: ဇနီးလေး မင်း ဘာလို့ ကိုယ့်ဆီကနေ ရှောင်ပြေးချင်နေရတာလဲ ?

ရှုရင် : ဘယ်သူက မင်းဇနီးလေးလဲ။မင်းရဲ့ အမျိုးသမီးဇာတ်လိုက်ဆီသာ ဒိုးစမ်းပါ။သူကမှ မင်းဇနီးကွ။

????: ဇနီးလေး အဲ့လိုမလုပ်စမ်းပါနဲ့ကွာ။ကိုယ်တို့ လက်ထပ်မှတ်ပုံတင်တောင်ရထားပြီးပြီလေ။ကိုယ် မင်းကို မလိမ်ပါဘူး။
* သက်သေထုတ်ပြလျက်*

ရှုရင် : Fuck! ငါတို့က ဘာလို့လက်ထပ်ကြရမှာလဲ!

????: ဘာလို့လဲ ဟုတ်လား ....ဇနီးလေး မင်း တကယ်မမှတ်မိတော့ဘူးလား။မင်း အရက်မူးပြီး လက်ထပ်မှတ်ပုံတင်သွားလုပ်ရအောင်ဆိုပြီး ကိုယ့်ကို အတင်းပဲ လက်ထပ်မှတ်ပုံတင်ရုံးကို ဆွဲခေါ်သွားခဲ့တာ‌လေ *ပြုံးလျက်*

ရှုရင် : ဘာလဲဟ?! ဒီဇာတ်ကွက်က အမျိုးသမီးဇာတ်လိုက် ရဲ့ ဇာတ်ကွက်ဖြစ်ရမှာ မဟုတ်ဘူးလား။

???? : အခု‌တော့ ဇနီး‌လေးရေ...ကိုယ်တို့ လက်ထပ်ပြီးပြီဆိုမှတော့ ဘာလို့ လင်မယားအရာမမြောက်ရမှာလဲ။
*ရှုရင်အား ကုတင်ပေါ်သို့ တွန်းချလျက်*

ရှုရင် : ငါ့အထင်တော့ မင်း တစ်ခုခုမှားနေတယ်ထင်တယ်။
*ML ကို ကုတင်ပေါ်သို့ဆွဲလှန်ချလိုက်ပြီး*

* ဒီလိုဆိုရင်ရော မင်း ငါ့ကို bottom လို့ ပြောနိုင်သေးလား*
*နှုတ်ခမ်းကို နမ်းလျက်*

စာရေးသူ၏မှတ်ချက်-

သတိပေးချက်

ဇာတ်လမ်းက နည်းနည်း ချိုမြိန်လွန်းပြီး နောက်ပိုင်းမှာ ဝိတ်တက်နိုင်လောက်တဲ့အထိကို အချိုတွေကိုပိုပြီးစားရနိုင်ခြေရှိတယ်။ကြိုတင်ပြီးမစီစဉ်ထားပေမယ့်လည်း ငါက  ငါ့ကလေးလေးတွေကို အရမ်းချစ်တာကြောင့် အချိုတွေအရမ်းများသွားခဲ့တာပါ။

ဒါပေမယ့်လည်း ဇာတ်လမ်းက ဖြည်းဖြည်းချင်းသွားမှာဖြစ်တဲ့အတွက် အစပိုင်းမှာတော့ ဝမ်းနည်းစေတဲ့ကြေကွဲဖွယ်ရာမြင်ကွင်းတွေကို အရင်ဆုံး မြင်တွေ့ရမှာပဲဖြစ်တယ်။

ဒါက ပေါ့ပေါ့ပါးပါး၊ဟာသ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ (ငါတကယ်တင်တဲ့အခါ အများကြီးသိပ်စဉ်းစားထားတာမဟုတ်လို့ ငါ့ရဲ့ဟာသတွေကို မစော်ကားဖို့တော့ မျှော်လင့်ပါတယ်) နည်းနည်း ရုန်းကန်ရတဲ့ အချစ်ဇာတ်လမ်းမို့လို့ အရမ်းကြီးတော့  စိတ်ပူစရာမလိုအပ်ပါဘူး။ ဒါက ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် အဓိကသော့ချက်တွေဖြစ်ကြတဲ့ပျော်ရွှင်မှု‌တွေ၊ ဝမ်းနည်းမှုတွေ၊ ဓားထုတ်ပြမယ့်အကွက်တွေ၊ ချစ်စဖွယ်မြင်ကွင်းတွေ၊ ကြေကွဲစရာမြင်ကွင်းတွေ အစရှိသဖြင့် တွေ့မြင်ရမှာဖြစ်တယ်။

သင့်နှလုံးသားကိုအလွန်အကျွံနှိပ်စက်မှာမဟုတ်လို့ စိတ်ချလက်ချနဲ့ဖတ်ရှုနိုင်ပါတယ်။

အပြင်မှာမိတ်ဆက်ထည့်ရင် တင်မရတော့လို့ အထဲမှာထည့်ရတာပါရှင့်

မင်း ဇာတ်ညွှန်း မှားနေပြီကွ ( System) BlWhere stories live. Discover now