Kings Bed ကုတင်ပေါ်တွင် အိပ်ပျော်နေသော ကောင်လေးတစ်ယောက်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး နှေးကွေးစွာထထိုင်ကာ သူ၏မက်မွန်သီးရောင်မျက်လုံးများက ပတ်ဝန်းကျင်ကိုနေရာအနှံ့ စူးစမ်းနေသည်။
"ရှောင်းရှောင်း ၊ ငါ့ကို ဇာတ်ကြောင်းပို့ပေး"
ရှုရင် ကုတင်ပေါ်ထိုင်ရင်း ပြောလိုက်သည်။သူသည် အခန်းထဲရှိ တစ်ခုတည်းသော မှန်တစ်ချပ်ဆီသို့ လျှောက်သွားကာ သူ၏အသွင်အပြင်အသစ်ကို မြင်လိုက်သည့်အခိုက် သူ့နှုတ်ခမ်းတွေ တုန်ယင်သွားရလေသည်။
သူ့ကိုသာ အနောက်ကနေကြည့်လိုက်မယ်ဆိုရင် အစာတွေသိပ်ကာ အကြိမ်ကြိမ်လှိမ့်ခြင်းခံထားရတဲ့ အိုနီဂီရီမုန့်တစ်ခု နဲ့တောင် သွားတူနေသေးတယ်။ကောင်လေးက "ဝတယ်" ဝတယ်လို့တောင်ပြောလို့မရလောက်အောင် "အရမ်းကိုမှဝလွန်းနေတယ်"
ရှုရင် သည် သူဝင်ထားသည့်ခန္ဓာကိုယ်ကိုမြင်ပြီး မူးမေ့သတိလွတ်မတတ်ဖြစ်သွားခဲ့သည်။
"ဖာ့ခ်...ဒီကလေးက ဘာတွေစားလို့ ဒီလောက်တောင် ကြီးပြင်းနေရတာလဲ။ဧရာမအကောင်ကြီးလား?!အိုး... ကျေးဇူးပြုပြီးတော့ ငါ့မျက်နှာ....ငါ့ရဲ့အရမ်းအရမ်းကိုမှယောကျာ်းပီသလှတဲ့မျက်နှာလေး မရှိတော့ဘူး။ ငါ အခု ဘယ်လိုလုပ်ပြီးအသက်ရှင်ရတော့မှာလဲ" ရှရင် သည် မှန်ထဲတွင် ဆူဖြိုးသော ကောင်လေးကို အပေါ်အောက်ကြည့်ရင်း ဒရမ်မာခင်းကာ ပြောလိုက်သည် ။
ဒရမ်မာခင်းနေသော သူ့ host ကိုကြည့်ကာ system မှာ မျက်လုံးလှိမ့်လိုက်မိသည်။မကြာသေးမီကတွေ့ခဲ့သော အေးစက်စက် Host အကြောင်းကိုမေ့လျော့သွားပြီး အရူးတစ်ယောက်အဖြစ်အစားထိုးခံလိုက်ရလေပြီ။
ဤကမ္ဘာ၏ အမျိုးသမီးဇာတ်လိုက်နာမည်မှာ ရီချင်းချင်း ဖြစ်သည်။သူမသည် သာမန်လူတစ်ဦးဖြစ်ပြီး အလုပ်ကြိုးစား၏ ။ ဘဝအတွက်စိန်ခေါ်မှုတွေကြားထဲမှာတောင်မှ သူမက အပြုံးလေးတစ်ချက်တောင်မပျက်ဘဲ ပို၍ကြိုးစားနေဆဲပင်။သူမ၏ခံယူချက်သဘောထားကို ဒီကမ္ဘာရဲ့အမျိုးသားဇာတ်လိုက် ချန်းလီက သတိပြုမိခဲ့သည်။
YOU ARE READING
မင်း ဇာတ်ညွှန်း မှားနေပြီကွ ( System) Bl
RomanceThis story is not mine. The Title name is "Second Chance For Cannon Fodder's ~ You Got The Wrong Script" The Original Owner name is Harmonieca. I have got permission to translator.