Arc 1.3 Xin Ye

486 58 12
                                    


Arc 1.3 Xin Ye

ကောင်လေး သူ့ကို စိုက်ကြည့်နေတာကို ခံစားမိတော့ ကျောက်လောင် လှမ်းကြည့်လိုက်ရာ သူတို့မျက်နှာတွေက လက်မ အနည်းငယ်အကွာမှာ ရှိနေတာကို သူသတိထားမိပြီး သူ့နားရွက်တွေနီရဲသွားခဲ့သည်။

သူသည် ထိုင်ခုံဆီသို့ အမြန်ပြန်ထိုင်လိုက်ပြီး ရှင်းရီ ကျောင်းသို့ ဆက်လက်မောင်းနှင်သွားခဲ့သည်။

စီးနင်းမှုမှာ တစ်ဖန်တိတ်ဆိတ်သွားပြီး နှစ် ယောက်ကြားတွင် ကိုးရိုးကားယားလေထု ဖြစ်ပေါ်လာသည်။

ရှင်းရီသည် သူ့ရှေ့မှာရှိနေသောလူကို တအားမငမ်းမိအောင် မနည်းထိန်းနေရ၏ ။သူ့လက်ကို နောက်တကြိမ် ထပ်မနီချင်တော့ပေ။

"ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးတဲ့အတွက် အန်ကယ့်ကို ကျေးဇူးတင်ပါတယ်။အန်ကယ်လည်း ဘေးကင်းပါစေ"

ကိုးရိုးကားယားနိုင်မှုက အချိန်အတော်လေးကြာသွားပြီးသည့်နောက်မှာတော့ ရှင်းရီ ကားထဲမှထွက်ကာ ပြောလိုက်သည်။ ရှင်းရီသည်  နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲပိတ်မိနေရာမှ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားတစ်ဦးလို ခံစားနေရ၏ ။

သူ့ကို ကားမောင်းပို့သည့်လူကို ပြန်ကြည့်လိုက်ရာ စောစောက ဖြစ်ခဲ့တဲ့အဖြစ်အပျက်သောကြောင့် သူ့မျက်နှာမှာ ဘုတ်ပြားကဲ့သို့ တင်းမာနေသော်လည်း ကျေနပ်နေသောပီတိပြုံးကြီးနှင့် ပြုံးပြလာခဲ့သည်။

နှုတ်ဆက်ပြီးနောက် သူ့တင်ပါးလေးမီးလောင်သွားသလိုမျိုး ထိုနေရာကနေ အမြန်ပြေးထွက်သွားလေသည်။

ကျောက်လောင်သည် ကားပေါ်ပြန်တက်ပြီး မောင်းမထွက်ခင်အထိ စကားပြန်ပြောမှာကိုမစောင့်ဘဲ ထွက်ပြေးသွားသော လူငယ်လေး၏ နောက်ကျောကို စိုက်ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်တစ်ခု သူ့နှလုံးသားထဲတွင် ဖြစ်တည်လာသည်။

*လေတိုးသံများ*

ရှင်းရီ သူ့စာသင်ခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်တာနဲ့ သူ့အတန်းဖော်တွေရဲ့အကြည့်တွေက သူ့ထံကျရောက်လာကာ သူ့ရဲ့ "အနိုင်ကျင့်တတ်သူ" ဟူသည့် ဂုဏ်သတင်းကို သိ‌နေ
သဖြင့် ဝေးဝေးက ရှောင်ထွက်သွားကြကာ ပျက်ရယ်ပြုနေခဲ့ကြလေသည်။

မင်း ဇာတ်ညွှန်း မှားနေပြီကွ ( System) BlWhere stories live. Discover now