2

221 33 14
                                    

Geminiတစ်ယောက် dinner ပြီးတာနဲ့အိမ်ကိုတန်းပြန်လာခဲ့လိုက်သည်။ပုံမာန်ဆိုကွန်ဒိုမှာ‌အနေများပေမဲ့‌ဒီနေ့ကျမှ'သားအိမ်မှာအိပ်သွားပါလား'ဆို‌တဲ့စကားကြောင့်အိမ်သာပြန်လာလိုက်သည်။အိမ်ရောက်တာနဲ့ရေမိုးချိုးပြီးလုပ်စရာရှိတဲ့ assignment တွေလုပ်လိုက်တာကြောင့်ည1နာရီကျော်မှအိပ်ရာဝင်ဖြစ်လေသည်။ညကဘယ်လောက်ပဲညဉ့်နက်မှအိပ်ပါစေမနက်ဆို5နာရီတိဆိုနိုးနေတက်‌‌ေသာgemရဲ့အကျင့်တစ်ခု။တက္ကသိုလ်သွားဖို့ပြင်ဆင်ပြီးအချိန်မတန်သေးတာကြောင့်စာအုပ်တစ်အုပ်ကိုယူပြီးဝရံတာဖက်မှာထိုင်ဖတ်လိုက်ရင်းနေထွက်တဲ့အချိန်ကိုစောင့်ပြီးကြည့်ရတာကို gemအလွန်နှစ်သက်လေသည်။7နာရီဝန်းကျင်လောက်မှာအိမ်တော်ထိန်းဒေါ်somက လာခေါ်တာ‌ေကြာင့်gemအိမ်အောက်ကိုဆင်းသွားလေသည်။ အိမ်အောက်တွင် daddyရယ် mommy ရယ်phi pondရယ် က ထမင်းစားပွဲဝိုင်းတွင်ထိုင်ရင်းgemကိုစောင့်နေလေသည်။

"သားလာလေ mommyမင်းကြိုက်တဲ့pancakeကိုဒေါ်somလုပ်ခိုင်းထားတယ် နွေးတုန်းလေးစားလိုက်နော်သား"

"ဟုတ် "

"သားgemini daddyမနေ့ကမိတ်ဆက်ပေးတဲ့primလေးကဘယ်လိုလဲ သားနဲ့အဆင်ပြေရဲ့လား"

"ဟုတ်ပြေပါတယ်"

"Primကိုကြည့်ရတာလိမ္မာယဉ်ကျေးပြီးဖော်ရွှေတယ်နော်သား mommyသူ့ကိုမဆိုးဘူးလို့ထင်တယ် "

"ဟုတ်mommyတို့အဆင်ပြေရင်ကျွန်တော်ကရပြီ"

"ဒါမဲ့သားလေးကလက်ထက်ချင်လို့လားmommyတို့သဘောချည်းမလုပ်နဲ့လေ လက်မထက်ချင်လည်းပွင့်ပွင့်လင်းလင်းပြော‌နော်"

" အမှန်ဆိုရင်ကျွန်တော်က...."

"အာyuiမင်း geminiကိုအဲ့လိုမပြောနဲ့လေ လက်ထက်ရမဲ့ကိစ္စကရှောင်လွဲလို့ရတာမှမဟုတ်တာ ငါကယောကျာ်းကွ ပေးထားတဲ့ကတိတည်ရမယ်ဆိုတာမင်းသိလား"

"ဒါမဲ့daddyရယ်nong gemini ရဲ့ခံစားချက်ကိုရောပြောခိုင်းလိုက်ပါအုံး သူလည်းရွေးချယ်ချင်မှာပါ အခုမှပထမဆုံးတွေ့တဲ့ကောင်မလေးကိုရုတ်တရက်ကြီးလက်ထက်ရမယ်ဆို‌တာသူ့အတွက်က မြန်လွန်းတယ်မထင်ဘူးလား"

There is only you in my heartWhere stories live. Discover now