လွန်ခဲ့သည့် 5နှစ်က.....
Fourth Gemini မင်္ဂလာမဆောင်ခင်နေ့မတိုင်မီ3ရက်အလိုမှာ Switzerland ကိုထွက်သွားသည်။အမှန်တော့ထိုနေ့၌ gemini fourth အားတွေ့ရန် လေယာဉ်ကွင်းအားအမှီသွားခဲ့သည်။သို့သော်လည်းလမ်း၌ကားများရှုပ်ပြီးယာဉ်ကြောပိတ်ဆို့နေသောကြောင့် လေယာဉ်ကွင်းအားအချိန်မီမရောက်ပေ။geminiလေယာဉ်ကွင်းရောက်သွားချင်တွင် fourth နောက်ကျောသေးသေးလေးအားမြင်လိုက်သောကြောင့် လှမ်းခေါ်မည်အကြံ၌ လက်ထဲမှကိုင်ထားသည့်ဖုန်းမြည်လာသောကြောင့်ကြည့်လိုက်မိရာမှ သူ၏ daddyဖုန်းခေါ်နေတာဖြစ်သည်။ထိုေကြာင့်သူမကိုင်၍လည်းမရ ကောင်ငယ်လေးကလည်းလေယာဉ်ကွင်းထဲဝင်သွားနေ ပြီဖြစ်သောကြောင့်လှမ်း
ခေါ်ရင်တော့ မှီသေး သည် ။သူလှမ်းခေါ်လိုက်လျှင် သူ့daddy၏ ဖုန်းလွတ်သွားမည်။မကိုင်ပြန်ရင်လည်းဆူခံထိမည် ။သူအကြပ်ရိုက်နေချိန်တွင်သူ့daddyဖုန်းအားလက်ခံပြီးချိန်နောက်
"ဟုတ်""သားငယ် daddyဆီခဏလာခဲ့အုန်းကွာ daddyအရေးကြီးပြောစရာရှိတယ်"
"ဟုတ် daddy ကျွန်တော်လာခဲ့ပါ့မယ်အပြင်ခနရောက်နေလို့"
"အင်းမြန်မြန်ပြန်လာအခု Daddyတို့အိမ်မကြီးပဲလာခဲ့နော် primတို့မိဘတွေလည်းရောက်နေတယ်အဲ့တာကြောင့်"
"ဟုတ်ကဲ့daddy"
"ဒါဆိုမြန်မြန်လာခဲ့လိုက်တော့သား"
"ဟုတ် ဒါပဲနော် daddy"
သူအဖေနှင့်ဖုန်းပြောပြီးချိန်၌ ကောင်ငယ်လေးရဲ့အစအနကိုပင်မတွေ့ရတော့ပေ။ထို့နောက်သူ လေယာဉ်ကွင်းမှအိမ်မကြီးထံသို့မောင်းနှင့်သွားတော့သည်။အလွန်စည်ကားလှလွန်းသောဘန်ကောက်လမ်းမကြီးမှာ ဒီနေ့၌လွန်စွာခြောက်သွေ့လို့နေသလို ကောင်ငယ်လေးထွက်သွားရုံနဲ့ပဲ စိတ်ထဲ၌ထိုင်းမှိုင်းနေလျက်ရှိနေသည်။သူ့စိတ်များလေလွှင့်လျက် အိမ်မကြီးထံသို့ ရောက်သွာတော့သည်။
အိမ်ရောက်တော့ Daddy ပြောသည့်အတိုင်း primမိဘများနှင့် primတို့ရောက်နှင့်ပြီးသားဖြစ်သည်။prim၏မျက်နှာကြည်လင်ဝင်းပပြီးအဖြူရောင်ဂါဝန်လက်ပြတ်လေးအားဝတ်ထားသည်။geminiမှာ စိတ်နှင့်လူနှင့်မကပ်တာကြောင့် ထိုအမျိုးသမီးမည်မျှပင်လှအောင်ပါစေ မည်သို့မျှမခံစားရပေ။
YOU ARE READING
There is only you in my heart
Non-Fictionမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ