Ep - 15

5.3K 681 274
                                    

တနင်္ဂလာနေ့ဖြစ်သည်။

သို့ဖြစ်၍ အကြွားသန်လေးတစ်ယောက် မြောက်စွမြောက်စွ။ သူ ခေါင်းဆောင်ရဲ့ မိုချီလေးကို စားရတော့မည်ဖြစ်၍ ပုံမှန်ထက်ပို၍ တက်ကြွနေခြင်းသာ။ ‌အကြွားသန်‌လေး တစ်ယောက်ကတော့ အပတ်တိုင်း အပတ်တိုင်း ခေါင်းဆောင်ရဲ့ မိုချီလေးကို မျှော်လင့်ရင်း တနင်္လာနေ့ကို အမြန်ရောက်ချင်နေခဲ့တာ။

အရှုပ်ထုပ်ဂျာယွန်းရောက်လာပြီးနောက် ခေါင်းဆောင်နားကို သူကပ်၍ မရတော့ပါ။ ဘာလို့လဲဆို ထိုအရှုပ်ထုပ်က အချိန်ပြည့် ခေါင်းဆောင်ဆီမှာ ကပ်နေတာ။ မဖြစ်ဘူး! မဖြစ်ဘူး! ခေါင်းဆောင်ကို ယောက်ဖ မတော်နိုင်ဘူး။ သဘောလည်းမတူနိုင်ဘူး။ ခေါင်းဆောင်လို ဒေါသကြီး၊ လူ့ဂွစာက ဂျာယွန်းနဲ့မဖြစ်သင့်ဘူး။ ဖြစ်ခြင်းဖြစ် သူနဲ့ပဲ ဖြစ်သင့်တာ။

မဖြစ်သေးပါဘူး။ အမေ့ကို ဖုန်းဆက်ပြီး ပြန်ခေါ်ခိုင်းမှဖြစ်မယ်။ မဟုတ်ရင် ခေါင်းဆောင်က အရှုပ်ထုပ်ဘက် ယိုင်သွားလျှင် မဖြစ်သင့်တာတွေ ဖြစ်ကုန်မယ်။ ခေါင်းဆောင်က ငါ့ဟာပဲ။ ဖြစ်သင့်တာ‌ဖြစ်ရအောင် ကိုယ်နဲ့ဖြစ်ရမယ်။

ပျော်ရွှက်တက်ကြွစွာဖြင့် လှမ်းလာသော ခြေလှမ်းများသည် ရုံးခန်းရှေ့၌ တုန့်ခနဲ။ မိုချီလေးယူရန် လာခဲ့ပေမယ့် ရုံးခန်းထဲ ဟိုအရှုပ်ထုပ်က ရှိနေသည်။ ထပ်ပြီး ဘာလဲ!!!!

အကြွားသန်လေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း မှိုင်းညို့သွားပြီး မျက်မှောင်ကြီးကုတ်သွားသည်။ ပါးသောင်ကို ‌လျှာဖြင့်ထိုးရင်း တဇောင့်ဇောင့်ဖြင့် ‌ခြေပြင်းပြင်းနင်းကာ ရုံးခန်းထဲ ဝင်သွားတော့ ခေါင်းဆောင်က သူ့ကို အာရုံစိုက်လာသည်။

"မိုချီ ဘယ်မှာလဲ"

"ဂျာယွန်းဆီမှာ"

"ဘာ!!!!"

အကြွားသန်၏ အော်သံဟာ ဟိန်းခနဲပင်။ ကမ္ဘာမြေတောင် တုန်သွားသလိုလို။

မိုချီတစ်လုံးကို အသေအချာကိုင်ရင်း အားရပါးရစားနေသည့် ဂျာယွန်းကို မြင်သည့်အခါ သူ၏ အသက်ရှူသံတို့မြန်ဆန်လာသည်။ သူ၏ မျက်နှာသည်လည်း မထိန်းနိုင်အောင်ပျက်ယွင်းသွားသည်။

The ALPHA and His LEADER [Completed]Where stories live. Discover now