Chapter 24

773 97 0
                                    

လပြက္ခဒိန်ရဲ့ရှစ်လပိုင်းဆယ်ရက်နေ့တွင် သူတို့ရောက်လာစဉ်တုန်းကလိုပင် ရွှင်ကျန်းနန်းဆောင်ဂိတ်ဝရှေ့တွင် အညိုရောင်မြည်းလှည်းဒါဇင်နဲ့ချီ စီတန်းရပ်ထားသည်။ ဒီမြည်းလှည်းတွေက ရွေးချယ်မှုမှာကျရှုံးခဲ့တဲ့မိန်းမပျိုတွေကို အနယ်နယ်အရပ်ရပ်မှာက သူတို့ရဲ့မွေးရပ်မြေမြို့တွေဆီ ပြန်ပို့ပေးရန်ဖြစ်သည်။ ကျောင်းကျိုးပြည်နယ်ကိုပို့ဆောင်မည့်လှည်းတွေသည် နန်းဆောင်ဂိတ်ဝနဲ့အတော်ဝေးတဲ့နေရာမှာ ရပ်တန့်ထားသည်။ 

ဒါပေမဲ့ စူးမီကတော့မိန်းမပျိုအုပ်စုနဲ့အတူမရှိပဲ နန်းဆောင်ဂိတ်ဝမှာ တစ်ယောက်တည်းရပ်နေသည်။ သူမရောက်လာတုန်းကဝတ်ဆင်ခဲ့တဲ့ ပန်းထိုးဝတ်စုံကိုလဲလှယ်ဝတ်ဆင်ထားပြီးပြီဖြစ်ပြီး မြင့်မားပြီးတုန်လှုပ်ဖွယ်ကောင်းတဲ့ နန်းတော်နံရံနီနီကြီးတွေထဲက ထွက်ပြူလာတဲ့လှပတဲ့ပန်းလေးတစ်ပွင့်လို တောက်ပစွာမတ်တပ်ရပ်နေသည်။ 

မကြာခဏဆိုသလို ဘေးကဖြတ်သွားကြတဲ့မိန်းမပျိုတွေသည် သူမကိုသံသယအကြည့်တွေနဲ့စိုက်ကြည့်သွားကြပြီး အဲ့ဒီနောက် လူတန်းထဲမှာအဆုံးမရှိတဲ့တီးတိုးတွတ်ထိုးသံတွေရှိနေကာ သူမသေသေချာချာမကြားရပဲနဲ့တောင် သူတို့ပြောနေကြတာတွေကို ခန့်မှန်းနိုင်သည်။ ချင်ယန်ရဲ့အစီအစဉ်ကို စူးမီမသိပေမဲ့ အစောပိုင်းတုန်းက မိန်းမစိုးလေးတစ်ယောက်က သူမကိုလာရှာပြီး ရထားလုံးဖြင့် ကျန်းလင်းမြို့ကသူမအိမ်ကို ပြန်ခေါ်သွားပေးမည်ဖြစ်ပြီး နန်းတော်ဂိတ်တံခါးမှာစောင့်နေဖို့ သူမကိုပြောသွားခဲ့သည်။ 

သူမဒီလိုစောင့်ဆိုင်းနေစဉ်တွင် တခြားသူတွေသည် သူမကိုချင်ယန့်ဆီချီးမြင့်လိုက်တဲ့အကြောင်း ကောလဟလတွေကိုအကျယ်တဝင့်ဖြန့်ပြီးနေ‌တာ ဖြစ်နိုင်သည်။ မိန်းမပျိုတွေကိုသယ်ဆောင်သွားသည့် မြည်းလှည်းတွေတဖြေးဖြေးလျော့ပါးသွားစဉ်တွင် နောက်ဆုံးမှာဖုန့်ပေါင်ရောက်လာပြီး စူးမီအနားပြုံးလျက်လျှောက်လာသည်။ 

" နှုတ်ခွန်းဆက်သပါတယ် မိန်းကလေးစူး "

ဖုန့်ပေါင် ရိုသေလေးစားစွာဖြင့်ဦးညွတ်လိုက်သည်။ 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now