Chapter 32

498 68 0
                                    

ဖုန့်ပေါင်သည်မိန်းကလေးယွင်ရှန်းအကြောင်းပြောချိန်တွင် 'သခင်ကြီးကအိမ်ပြန်လာခဲပါတယ်'ဆိုတဲ့စကားစုသည် သူမကိုနှစ်သိမ့်ပေးရုံသက်သက်ပဲလို့ စူးမီအမြဲထင်ခဲ့သည်။ ဒါပေမဲ့ သူမတို့အကြီးအကဲအိမ်တော်ကိုရောက်ပြီးကတည်းက ချင်ယန်တကယ့်ကိုပြန်ရောက်မလာခဲ့ပေ။ 

ထိုနေ့က ဖုန့်ပေါင်သည်ချင်ယန်ရဲ့အဝတ်အစားတွေနဲ့ စာအုပ်၊စာလိပ်တွေကို အစေခံတွေကိုသူမခြံဝန်းထဲသို့ ရွှေ့ခိုင်းခဲ့သည်။ ပထမညတွင် စူးမီအနည်းငယ်ရှက်ရွံ့သလိုခံစားရပေမဲ့ ရက်အနည်းငယ်ကြာအောင်ချင်ယန်မရှိတဲ့နောက်တွင် တဖြေးဖြေးနဲ့ကျင့်သားရသွားခဲ့သည်။ အခုကသူမလက်မထပ်ခင်ကနဲ့ သိပ်များများစားစားကွာခြားမှုမရှိပေ။ 

‌လရောင်ထွန်းလင်းသည့်ကောင်းကင်အောက်တွင် စူးမီသည် စပျစ်နွယ်ပင်တွေဖုံးလွှမ်းနေသည့် စင်္ကြံဘေးခြံဝန်းထဲက ကျောက်ထွင်းစားပွဲတွင်ထိုင်၍ မေးထောက်လျက်စာအုပ်ဖတ်နေသည်။ 

အခုချိန်သည်ဆောင်းဦးနှောင်းပိုင်းမရောက်သေးသဖြင့် စူးမီသည်ကိုယ်ပေါ်တွင်လွှမ်းခြုံထားသည့် အပြာရောင်ဖျော့ဖျော့ဝတ်ရုံဖြင့် နီလာရောင်အောက်ခံအင်္ကျီဝတ်ဆင်ထားကာ ခန္ဓာကိုယ်ကိုနူးညံ့တဲ့စောင်လေးနဲ့ထွေးပတ်ထားရာ အအေးဓာတ်ကိုမခံစားရပေ။ 

သူမကျန်းလင်းမြို့မှာရှိစဉ်က ထိုကဲ့သို့ပင်ခြံဝန်းထဲတွင် မကြာခဏနေလေ့ရှိသည်။ အခုချိန်တွင်နေရာတွေပြောင်းလဲသွားပြီဖြစ်ပေမဲ့ အိမ်တော်ကြီးသည်ရှင်းလင်းနေသည်။ သူမနဲ့ချွမ်းမိန်တို့နေ့တစ်ဝက်လောက်လှည့်လည်ကြည့်ရှုခဲ့ပေမဲ့ အစေခံတစ်ယောက်စနှစ်ယောက်စလောက်ပဲ မြင်ခဲ့မိသည်။ ဒီအကြောင်းတွေးလိုက်တော့ အခုကအိမ်မှာရှိနေစဉ်ကထက်ပင် ပိုလွတ်လပ်ပေသည်။ 

" သခင်မလေး မအေးဘူးလား?"

ချွမ်းမိန် အနားလျှောက်လာပြီး လက်ဖက်ရည်ပူပူလေးတစ်ခွက်ငှဲ့ပေးသည်။ 

" ဘာလို့အခန်းထဲဝင်မဖတ်တာလဲ?"

စူးမီ လက်နှစ်ဖက်ဖြင့်လက်ဖက်ရည်ခွက်ကိုယူပြီး ခြံဝန်းအဝဆီဖြတ်ခနဲလှမ်းကြည့်လိုပ်သည်။ ဒီညလည်းချင်ယန်ပြန်မလာတာဖြစ်နိုင်သည်။ 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Unde poveștirile trăiesc. Descoperă acum