Part-2

242 26 0
                                    

Unicode

"အား ပျင်းလို့သေတော့မယ်"

Harryတစ်ယောက် ကုတင်ပေါ်တွင် ဖုန်းလေးပွတ်ကာနေရင်း ငြီးတွားလိုက်သည်။နေ့ခင်းဘက်ကျတော့ Scorpiusက အိပ်နေတာမို့ သူ့အတွက်လုပ်စရာဘာမှမရှိချေ။အိမ်အလုပ်ကြပြန်တော့ အိမ်အကူတွေက သိမ်းကျုံးလုပ်နေပြီး သူ့ကိုဝင်ပါခွင့်မပေးတာကြောင့် Harryတစ်ယောက် တော်တော်လေးပျင်းလို့နေပြီဖြစ်၏။

"Snapeရဲ့ မှော်ဆေးရည်အတန်းကမှ နည်းနည်းပျော်စရာကောင်းအုံးမယ်"

ကုတင်ပေါ်တွင် လူးကာလိမ့်ကာဖြင့် ကုတင်ဘေးစောင်းက စာရွက်အစွန်းအစလေးဆီအကြည့်ရောက်သွားသည်။

"အရင် Potterရဲ့ဟာထင်တယ်...."

Harry လည်း ဖတ်ကြည့်ရင်းကမှ မျက်လုံးလေးတွေလက်သွားခဲ့သည်။

"ကော်ဖီဆိုင်....ဒါလေးမဆိုးဘူး.....ငါလဲပျင်းနေတာနဲ့ လုပ်ကြည့်ချင်တယ်... မူလHarryရေ မင်းဖြစ်ချင်တာငါဖြစ်အောင်လုပ်ပေးမယ်"

မူလ harry၏ ကော်ဖီဆိုင်လေးထောင်ချင်တဲ့ စိတ်ကူးကို Harry အကြီးအကျယ်သဘောကျလို့နေခဲ့သည်။

ဒါပေမဲ့ Malfoyကိုသူဘယ်လိုပြောရမလဲ စဥ်းစားမရဖြစ်နေတော့၏။

"Papa Papa...."

"အားရိုး Papaသားလေး နိုးလာပြီလား"

"ဟုတ်"

Scorpiusက ကုတင်ပေါ် ကုတ်ဖဲ့တက်လာရင်း Harryရင်ခွင်ထဲတိုးဝင်သည်။

"Papa..coffeeဆိုင်ဖွင့်ဖို စိတ်ကူးကကောင်းပါရဲ့...ဒါပေမဲ့ Daddyကမကြိုက်မှန်းသိရဲ့သားနဲ့"

သူ့နံဘေးတွင်ချထားတဲ့စာရွက်လေးကို မြင်သွားတဲ့ Scorpiusက လူကြီးလေးသဖွယ်ပြောလာသည်။

အရင် Harryသည်လည်း ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ Malfoyအားတောင်းဆိုဖူးသည်ဆိုတာ မှတ်ဉာဏ်ကနေတဆင့်သိထားရတဲ့သူ့အဖို့ အများကြီးတော့ မမျှော်လင့်ထားချေ။သို့ပေမဲ့လည်း သူမူလHarryအစား ကြိုးစားပေးချင်မိသည်။

"Papa သိပါတယ် ဒါပေမဲ့ ထပ်ပြီးတောင်းဆိုကြည့်မလားလို့လေ"

"Daddy စိတ်ဆိုးလိမ့်မယ်နော် Daddy စိတ်ဆိုးရင် သားကြောက်တယ်"

HARRY MALFOYWhere stories live. Discover now