Part-3

196 22 2
                                    

Unicode

"မသေပါနဲ့ ခင်ဗျားတို့ သေလို့မဖြစ်ဘူး....ဟင့်အင်း မသေပါနဲ့.....ဟင့်....Fred..Cedric..ခင်ဗျားတို့ကို တောင်းပန်ပါတယ်"

"Harry....Harry..သတိလေးထားပါအုံး"

အိပ်နေရင်း ရင်ခွင်ထဲက သူက လူးလူးလွန့်လွန့်ဖြစ်ကာ ယောင်နေတာကြောင့် Draco ထထိုင််သည်။

"မသေပါနဲ့.....ဟင့်"

"Harry....ဘာမှမဖြစ်ဘူး....ဘာမှမဖြစ်ဘူး တိတ်နော် တိတ်တိတ်"

မျက်ရည်များပင် စီးကျကာ ရှိုက်ငိုနေသူကြောင့် သူ့ခမျာ ပြာယာခတ်နေလေတော့သည်။

"Harry မငိုနဲ့ တိတ် တိတ်"

ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ချော့မြူတော့ သူ့ဆီအတင်းတိုးဝင်လာသည်။

"Harry တိတ် တိတ် ဘာမှမဖြစ်ဘူးနော်"

"ဟင့်"

သူ့ကို အတင်းဖက်တွယ်လာကာ ငြိမ်ကျသွားလေသည်။

"ဘာအိပ်မက်တွေမက်လို့များလဲ Harry..."

ပါးလေးကို နမ်းရှုပ်ရင်း သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေသော ကိုယ်နွေးနွေးလေးကို ပြန်ဖက်ထားလိုက်သည်။သူကသာ တွေးပြီးပူနေပေမဲ့ သူ့ရင်ခွင်ထဲက အကောင်ပေါက်ကလေးကတော့ အသက်ရှူသံမှန်မှန်နဲ့ ပြန်အိပ်ပျော်နေပြီဖြစ်သည်။သူလည်း Harry ကျောလေးကို ပုတ်ပေးရင်း ပြန်အိပ်ပျော်သွားလေတော့သည်။
.
.
"နိုးလာပြီလား Harry."

"အွန်း"

"ညက ဘာဖြစ်တာလဲ Harry...."

"ဘာဖြစ်လို့လဲ"

Harry ပြူးတူးတူးလေး ပြန်ကြည့်လာလေသည်။

"ညက မင်းငိုတယ်....ပြီးတော့ မသေပါနဲ့ဆိုတဲ့ စကားကို ခဏခဏပြောပြီး ကိုယ်မသိတဲ့လူတွေရဲ့နာမည်တွေကို ရွတ်နေတယ်"

Harryသူ့နဖူးသူပြန်ရိုက်လိုက်သည်။

"ဘာမှမဟုတ်ဘူး Malfoy လျှောက်ယောင်တာနေမှာ"

"ကိုယ်မသိတာတစ်ခုခုများရှိသေးလား"

"မရှိပါဘူး Malfoy စိတ်မပူနဲ့"

Harry စကားကြားတော့ Malfoyက အနားကိုကပ်လာလေသည်။

"တစ်ခုခုရှိရင် ကိုယ့်ကိုပြော Harry တစ်ယောက်ထဲ ကြိတ်မခံစားနဲ့ ဟုတ်ပြီလား ကိုယ်နဲ့တိုင်ပင်ပေါ့"

HARRY MALFOYWhere stories live. Discover now