Part-4

202 21 6
                                    

Unicode

"Malfoy မင်းက လိပ်လား မြန်မြန်လေးလာပါဟ!!"

ရှေ့ကနေ ခုန်ပေါက်ကာ ပြေးနေသော Harryက သူ့နောက်ကနေ Scorpiusကို ချီပြီး ဖြည်းဖြည်းသာသာလျှောက်နေတဲ့ Malfoyကို အလိုမကျသလို ပြောရင်း ခါးလေးထောက်လျက်ရပ်စောင့်နေလေသည်။

Harryကတော့ cafeဆိုင်အတွက် မြေနေရာက သူတို့companyနဲ့ နည်းနည်းနီးတယ်ဆိုကတည်းက သူနောက်လိုက်မယ်  ပူဆာတာကြောင့် ခေါ်ခဲ့ခြင်းသာ။ခုလည်းကြည့် ကားနဲ့သွားမယ်ဆိုတာကို လမ်းကိုမှတ်ချင်လို့ဆိုပြီး လမ်းလျှောက်သွားနေလေရဲ့။

"ဖြည်းဖြည်းလျှောက်လဲ မြေကထွက်မပြေးပါဘူး potter"

"ဒါပေမဲ့ ငါတအားကြည့်ချင်နေပြီလေလို့!"

"ဟုတ်ပါပြီ"

နောက်ဆုံး harryမှာ ခုန်ပေါက်ပြေးလွှားရင်းကပင် မြေနေရာကလေးသို့ရောက်လာခဲ့သည်။

"ဝါး"

"သဘောကျလား"

"အကျယ်ကြီးပဲလေ"

"အင်း နှစ်ခြံပေါင်းလေ cafe ဆိုင်လေးလဲထောင်လို့ရသလို မင်းသဘောကျတဲ့ အပင်တွေ ပန်းပင်တွေလဲစိုက်လို့ရတယ်လေ အရှေ့မှာ ဆိုင် အနောက်မှာ ပန်းပင်တွေပေါ့ သဘောကျတယ်မဟုတ်လား"

"ငါအရမ်းသဘောကျတယ် ကျေးဇူးတင်ပါတယ်Malfoy!!!Scop သားကော သဘောကျရဲ့လား"

Harryက သူ့သဘောတင်မဟုတ်ဘဲ scorpius၏ သဘောကိုပါလှမ်းမေးလေသည်။

"သားလဲကြိုက်တယ် ခြံကလဲကျယ်တယ် ပတ်ဝန်းကျင်လေးက လေကောင်းလေသန့်လဲရတယ်"

"ဟုတ်တယ်နော် အဲ့တာမင်းdaddyကို ကျေးဇူးတင်ရမယ်"

"ဟော့ဒီက သခင်လေးနဲ့သခင်ငယ်လေးတို့သဘောကျရင် ပြီးတာပါပဲဗျာ"

Scorpiusက Malfoyရဲ့ပြောစကားကြောင့် တခစ်ခစ်ရယ်နေလေသည်။

"ဟုတ်ပြီ ဒါဆိုရင် ကြိုက်တယ်မလား ယူမှာလား"

"အွန်း ဘယ်တော့ဝယ်ရမှာလဲ"

"အခုလိုချင်ရင် အခုရမယ် ခဏစောင့်"

Malfoyက ချက်ချင်း ဖုန်းကိုထုတ်ကာ

"Astoria ခြံပိုင်ရှင်ကို အခုပဲသွားခေါ်"

HARRY MALFOYWhere stories live. Discover now