အပိုင်း (၂၉)

279 36 0
                                    

"ဟဲလို"

"ကိုလင်း ရုံးသွားပြီလား"

"ခု သွားတော့မှာ မေမေ"

"အေး အေး မေမေ မနက်က ပြောဖို့ မေ့သွားလို့ ရေခဲသေတ္တာထဲမှာလေ ဥက္ကာဖို့ ပုစွန်ဆီ မှာပေးထားတာ ရှိတယ် အဖုံးပန်းရောင်လေးနဲ့ လေးထောင့် ပလက်စတစ်အကြည်ဘူးလေး သိလား အဲ့ဒါလေးကို ကြွပ်ကြွပ်အိတ်လေးနဲ့ ထည့်ပြီး ယူသွားလိုက်ဦး ရုံးမှာ ‌ထည့်ထားလို့ရတဲ့ ရေခဲသေတ္တာရှိတယ်မလား"

"ရှိတယ် မေမေ သားဖို့ကရော"

"ဘာလဲ"

"ပုစွန်ဆီလေ"

"ဪ ကိုယ်က အမြဲစားနေရတာပဲ ကိုလင်းရယ် ဒီတစ်ခေါက်က နည်းနည်းပဲ ရလို့ ဥက္ကာကို ဦးစားပေးလိုက်"

"ဟာ"

"ဒါပဲနော် မေမေ အထည်သစ်တွေ စာရင်းလုပ်နေရလို့ ကြွပ်ကြွပ်အိတ်ကို သေချာထုပ်ဦးနော် မှောက်ကျမှာစိုးလို့"

သူပြောချင်တာ ပြောပြီး ဖုန်းချသွားသည့် မေမေ့ကြောင့် သူ အသံထွက်အောင် ရယ်မိသည်။ မတော်ရသေးတဲ့ သားမက်ကို တခြားဟာသာ မတတ်နိုင်ရှိရမယ် ပုစွန်ဆီတော့ မငတ်စေရ။ ပုသိမ်ကနေ ပုစွန်ဆီမှာတိုင်း ဥက္ကာဖို့ဆိုပြီး ပိုပိုသာသာ ထည့်မှာရတာ အမော။ အခုလို ပုစွန်ဆီအရနည်းသည့် ရက်မျိုးဆို ကိုကို့ကို ဦးစားပေးရလို့ သူက ငတ်သေးသည်။ ဒါပေမဲ့ သူ့မှာလည်း သူ့လှည့်ကွက်နဲ့ သူ ရှိပါသည်။ ခုလို ကိုကို့ဆီကို ပုစွန်ဆီ ပို့သည့်ရက်မျိုးဆို သူက ကိုကို့အိမ်မှာ သွားအိပ်လိုက်သည်။ ပုစွန်ဆီတော့ သူလည်း အငတ်မခံနိုင်ပါ။

"ဟဲလို ကိုကို ဖုန်းပြောလို့ရလား"

"ရတယ် အချစ် ပြော"

"မေမေက ပုစွန်ဆီ ထည့်ပေးလိုက်တယ် ကိုကို ကျွန်တော် ညနေကျ ဝင်ပို့မယ်နော်"

"ဟာ ပုစွန်ဆီလား ညနေ မဟုတ်ပဲနဲ့ အခု ဝင်ပို့လို့ရလား"

"အခုဝင်ပို့တော့ ကိုကိုက ဘယ်နားထားမလို့တုန်း ရေခဲသေတ္တာ ရှိလို့လား"

"‌ရေခဲသေတ္တာရှိတယ် ပြီးတော့ ညနေမှ လာပို့ရင် ညနေမှ စားရမှာပေါ့ ကိုကိုက ဒီနေ့ နေ့လယ်စားချင်တာ"

Golden HourWhere stories live. Discover now