1

70 13 2
                                    

"Renjun, Renjunnie"
Jeno က နောက်ခုံကနေ ခေါ်နေပေမယ့် ရှေ့ခုံက Renjun က လှည့်မလာပါ။ Renjun တစ်ယောက် စိတ်ကောက်နေပါသည်။ Jeno က ရိုက်၍ပါတဲ့။
စတင်ပုံက ဒီလို။
Jeno က Renjun သဘောကျသည့် စီနီယာတစ်ယောက်ကို ဝေဖန်သည်။ဝေဖန်တာကလည်း အကြောင်းရှိသည်။  Renjun က သူ့စီနီယာ ကို ထိရင် နည်းနည်းလေးမှမကြိုက်။ စွာတေးလေးက ရန်ထောင်တတ်သည်။ သူကလည်း ရန်ထောင်တတ်သည့် Renjunnie က ချစ်ဖို့အကောင်းဆုံးဟုထင်၏။ အဲ့လိုငြင်းခုံရင်း Renjun က စိတ်ဆိုးလာပြီး သူ့လက်မောင်းကို ဖက်ခနဲ ရိုက်သည်။ Jeno ကလည်း Renjun လက်မောင်းကို ပြန်ရိုက်သည်။ အဲ့ဒီနောက် Renjun က ရိုက်လိုက်၊ Jeno က ရိုက်လိုက် သုံးကြိမ်စီရိုက်ပြီးနောက် Jeno က Renjun ကို ရိုက်ပြီးအဆုံးသတ်လိုက်သည်။
အဆုံးသတ်လိုက်သည်က Renjun ။
အရိုက်ခံရပြီးနောက် ဆူထော်နေသည့်နှုတ်ခမ်းက ပိုဆူလာပြီး ကျောက်သင်ပုန်းဘက်လှည့်သွားတော့သည်။ ရန်ထောင်သည့် Renjun က ချစ်ဖို့ကောင်းပေမယ့် စိတ်ကောက်သွားပြီး သူ့ကို စကားမပြောသည့်အခါ နေရခက်ပါသည်။
"Renjunnie လို့"
အခုထိလည်းလှည့်မလာ။
ဘာရမလဲ သူလည်း Lee Jeno ပဲ။ Renjun ခါးလေးကို ကလိထိုးလိုက်သည်။
"အ Lee Jeno"
ဆူဆောင့်ဆောင့်အသံလေး။
ဒီလိုတော့ ချက်ချင်းလှည့်လာသည်။ မျက်နှာလေးကလည်း သေချာပေါက်ဆူပုပ်ပုပ်ပေါ့။
"ငါ့ကို ပြန်ရိုက်လေ"
မျက်လုံးလေးကို တစ်ချက်လှန်ကြည့်သည်။
"တော်ပါ။ မင်းက ပြန်ရိုက်မှာပေါ့"
အရှေ့ကိုပြန်လှည့်သွားသည်။
"မရိုက်ပါဘူးဆိုကွာ"
"မယုံပါဘူး"
"တကယ်ပါဆို"
ထိုင်နေရာက ထပြီး Renjun ရှေ့ကိုသွားကာ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်သည်။
တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့်........
ဖြန်း။
Renjun က သူ့လက်မောင်းကို ခပ်ဆဆတစ်ချက်ရိုက်သည်။
"ကျေပြီနော်"
ဘာကိုကျေရမှာလဲ။ သူကတစ်ချက်ပိုရိုက်တာကို လို့ Jeno က ပြောချင်ပေမယ့် မပြောခဲ့ပါ။ Renjun အကြာကြီးစိတ်ဆိုးမှာကို သူခံနိုင်ရည်မရှိပါ။
သဘောကျလုပ်ပြီးသွားသည့် သူငယ်ချင်းလေးကတော့ ပြုံးပျော်လို့။
"မင်း စိတ်ကောက်ရင် မနေတတ်ဘူး"
ခပ်တိုးတိုးရေရွတ်မိတော့
"အွန်း....သိတယ်"တဲ့.....။

Memories of You with Me Where stories live. Discover now