4 (final)

58 11 2
                                    

ဒီလိုနဲ့ပဲ
ပြက္ခဒိန်တွေ တစ်ရွက်ပြီး တစ်ရွက်ပြောင်းသွားပြီး နှစ်တွေကုန်ဆုံးသွားသည်။ ဆယ်ကျော်သက်ဘဝက ရင်ခုန်သံကို သူမယုံရဲပေမယ့် ၊ ကာလတစ်ခုကြာရင် ပုံပြင်လေးတစ်ခုလို ပျောက်ကွယ်သွားမှာ စိုးရိမ်ခဲ့ပေမယ့် သူ့နှလုံးသားက Renjun အတွက် ခုန်ဆဲပင်။ အထက်တန်းမှာ အချစ်ရေးမစဉ်းစားချင်သည့် Renjun သည် တက္ကသိုလ်ရောက်သည်အထိ တစ်ယောက်တည်းဖြစ်သည်။ Renjunnie ကို ရည်ရွယ်ထားသည့် သူ့နှလုံးသားကလည်း အခုထိ Renjun မှ Renjun ဖြစ်နေဆဲပဲပေါ့။
"Renjunna ညောင်းနေပြီလား"
ညဈေးကို အသွားတုန်းက တက်ကြွခဲ့သလောက် အခုအပြန်ကျတော့ နှေးကွေးနေသယောင်ရှိသည့်အတွက် မေးကြည့်မိသည်။
"အွန်း" တစ်လုံးပဲ ပြန်ဖြေသံကြားပြီး ရုတ်တရက် ခြေလှမ်းတွေကိုရပ်လိုက်သည့်အတွက် သူပါ လိုက်ရပ်လိုက်ရသည်။
"ကျောပိုး"
ကလေးလေးတစ်ယောက်လို နှုတ်သီးလေးစုချွန်ပြီး တောင်းဆိုလာသည်။ ရင်မှာ အရင်လို ဝုန်းဒိုင်းကြဲပေါ့။ ဒါကို သိသိနှင့် သူ့ကို ကစားချင်နေသည့် Renjun ရယ်ပါ။
အထက်တန်းတုန်းကအဖြစ်အပျက်ပြီးတဲ့နောက် အနှောင့်အယှက်ဖြစ်မည်စိုး၍ Renjun ကို သူ ဖွင့်မပြောခဲ့။
သူငယ်ချင်းလို့ ခေါင်းစဉ်တပ်ထားပေမယ့် သူတို့ဆက်ဆံရေးက နည်းနည်းထူးခြားသည်ဟု သူထင်သည်။ တက္ကသိုလ်ရောက်တော့ Renjun တို့ ကျောင်းက စာမေးပွဲက သူတို့ထက် အမြဲနောက်ကျမှဖြေရသည်။ အဲ့သည်အခါ Renjun က သူ့ကို အမြဲလာကြိုခိုင်းတာမျိုး၊ စာမေးပွဲနောက်ဆုံးနေ့မှာ စာမေးပွဲခန်းထဲကထွက်သည့်အခါ သူ့ရင်ဘက်ကို မှီတွယ်တာမျိုး ၊ မိန်းကလေးတွေနှင့် သူစကားပြောမိသည့်အခါ စိတ်ဆိုးတာမျိုးပေါ့။ ဒါပေမယ့်လည်း ဒါတွေက သူ့အထင်ပါလေ။ သူ့အထင်တွေကို သံသယရှင်းဖို့ မဝေးတဲ တစ်နေ့နေ့မှ Renjun ကို သူဖွင့်ပြောပါဦးမည်။ သူတို့နှစ်ယောက်လုံးလည်း လုပ်ငန်းခွင်ရောက်ပြီမဟုတ်လား။
"အိုခေပါဗျာ"
သူ့ကျောပေါ်ရောက်တော့ လည်ပင်းကို သိုင်းဖက်လာပြန်သည်။
"အစားတွေစားပြီး ပင်ပန်းနေပြီပေါ့"
"အလုပ်က project က ဒီနေ့ပြီးသွားတာနဲ့ စိတ်ကို လျှော့လိုက်လို့ပါ ကိုကို Jeno ရာ"
"ဟာ ဒီကောင်တော့"
သူက အသည်းယားစွာ ထအော်တော့ တခစ်ခစ်ရယ်နေပြန်သည်။
"Huang Renjun လေး မသောက်ဘဲ မူးနေတာလား"
"Flirt နေတာပါ"
"Flirt လွန်ပြီး နောင်တရနေမယ်နော်"
"ဟ ဟ မရပါဘူး"
အဆိုးလေး။ သူ့ခံစားချက်တွေကို မသိကျိုးကျွံပြုလိုက်၊ ကစားလိုက်နှင့် ‌အသက်ကြီးလေ ဆိုးလေ ဖြစ်နေသည့် Huang Renjun လေး။
"Jeno ငါတို့ လက်ထပ်ကြမလား"
ရုတ်တရက်ထပြောသည့် စကားကြောင့် ကြောင်အသွားမိသည်။
"စ စရာဟုတ်ဘူးနော် Huang Renjun လေး"
"တကယ်ပြောတာ"
"ရည်းစားစကားတော့မပြောတော့ဘူးလား"
"ဟုတ်သားနော်။ ငါလေတစ်ခါတစ်ရံ မင်းနဲ့ ချစ်သူဖြစ်နေပြီမှတ်တာ"တဲ့။
ကောင်းရော။
Renjun တို့ အိမ်ရှေ့ရောက်လာတော့ Renjun က သူ့ကျောပေါ်ကဆင်းပြီး သူ့ရှေ့မတ်တပ်ရပ်လာသည်။
"Jeno ရေ ငါလေ မင်းမရှိရင် မဖြစ်တော့ဘူးထင်တယ်။ မင်းကို ငါ့ဘဝတစ်လျှောက်လုံး လိုအပ်တာမို့ ငါ့ကို လက်ထပ်ပါလားဟင်"
သူသဘောကျရသည့် မျက်ဝန်းလှလှလေးတွေနှင့် စိုက်ကြည့်သည့်အခါ သူ့နှလုံးသားက ဘယ်လိုခံနိုင်ရည်ရှိပါ့မလဲလေ။
"လက်ထပ်မှာပေါ့။ ငါ့ဘဝမှာလဲ မင်းကမရှိမဖြစ်ပဲမို့။ မင်းကို အမြဲချစ်ခဲ့တာမို့ လက်ထပ်ရအောင် Huang Renjun "
သူ့စကားဆုံးတော့ သူ့နှုတ်ခမ်းတွေကို ထိကပ်လာသည့် နှုတ်ခမ်းနွေးနွေးလေး။ နှုတ်ခမ်းကနွေးထွေးမှုကနေ သူ့နှလုံးသား ၊ နှလုံးသားကနေ သူ့တစ်ကိုယ်လုံးကို နွေးထွေးမှုက ပျံ့နှံ့သွားသည်။ သူအမြဲငေးမောကြည့်ခဲ့သည့် နှုတ်ခမ်းလှလှလေးကို အတိုးချပြီးသိမ်းပိုက်မိတော့ သူ့ခါးကို ဖက်တွယ်လာသည့် လက်ကလေး။
"ငါ အချိန်တွေ တအားဆွဲမိသွားလား"
"ဟင့်အင်း ဒီနှစ်တွေမှာ ငါတို့ရဲ့ဆက်ဆံရေးမှာ သံယောဇဉ်တွေ၊ အချစ်တွေ၊ သစ္စာတွေ နဲ့ ဖွဲ့နှောင်ထားခဲ့ကြတာမို့ နောက်ကျတယ်လို့မထင်ပါဘူး"
"ဟုတ်တယ်နော် Jeno ငါတို့ကအပြန်အလှန်ချစ်နေပြီးသားပဲကို"
ပြောပြီးတော့ သူ့ရင်ခွင်ထဲတိုးဝင်လာသည့် အသည်းအသက်လေးကို ပွေ့ဖက်ထားလိုက်သည်။
သူ့အချစ်တွေကို အချစ်လေးပိုပြီး ခံစားနိုင်ပါစေ........…

Memories of You with Me Where stories live. Discover now