2

50 11 0
                                    

"Lee Jeno"
ကျူရှင်ရောက်လို့ ခုံပေါ်ထိုင်ကာရှိသေး Huang Renjun ရဲ့ ဒေါသငွေ့တွေကို စတင်ခံစားရသည်။ ဘာများအမှားလုပ်မိထားသလဲ စဉ်းစားကြည့်တော့လည်း ဘာအရိပ်အမြွက်မှထွက်မလာ။ ကျောင်းမှာတုန်းကလည်း အကောင်းကြီး။ ကျောင်းကအပြန်ကျတော့လည်း ခါတိုင်းလို သူ့စက်ဘီးနောက်ကထိုင်လိုက်ခဲ့သေးသည်။
ကြုံလို့ပြောရပါဦးမည်။ စက်ဘီးလည်းစီးတတ်၊ ကိုယ်ပိုင်စက်ဘီးလည်းရှိသည့် Renjun သည် ငယ်ငယ်တည်းက ကျောင်းသွားကျောင်းပြန် သူစက်ဘီးနှင့်သာ လိုက်ပါသည်။
အခုက Renjun ကို အိမ်မှာ ပို့ပေးခဲ့ပြီး သူလည်း အိမ်ပြန်အဝတ်လဲပြီး ကျူရှင်ရောက်မှ ကောက်စိန်လေးက ဘာကောက်ပြန်သည်မသိ။
ဘေးက Haechan ကြည့်တော့ စပ်ဖြဲဖြဲနှင့်။ အချွန်နဲ့မ ပြန်ပြီထင်သည်။
"ဘာလဲ Renjunnie ရဲ့"
"မင်းဒီနေ့ ချောကလက်ရတယ်ဆို"
"အွန်းလေ"
"ငါတို့ကျ မကျွေးဘူး"
"အေးလေ"
Haechan က ဝင်ပြောသည်။
"ငါလည်း မစားလိုက်ရပါဘူး။ Mark Hyung နဲ့ Chenle စားသွားတာ"
"ဘာ မာ့ခုလီ က ငါကျွေးတာကျမစားဘူး။ သူများဟာကျ စားတယ်ပေါ့"
Haechan ပွစိပွစိလုပ်နေတာကို သူမဖြေရှင်းအားသေး။
"ဪ ဪ သူတို့မစားရင် မင်းက စားမယ်ပေါ့။ သူများပေးတာကို ယူလည်းယူသေး။ စားလည်း စားချင်သေး။ အဲ့ဒီလူကို ကြိုက်နေတာများလား Lee Jeno တို့က"
"Renjunnie က သဝန်တိုနေတာများလား"
ညစ်ကျယ်ကျယ်နှင့်သူမေးတော့ မျက်လုံးလေးတွေ ဝိုင်းစက်လို့လာပြီး ပါးလေးတွေ ရဲတက်လာသည်။ သူ့ အကြည့်တွေကို ရှောင်နေသေး၏။
"Renjun"
ဟမ် ဆိုသည့် အသံလေးနှင့်အတူ သူ့ကို မော့ကြည့်သည်။
တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့် .....
ပြီးတော့ စက္ကန့်တွေ အများကြီး.....
ကြယ်လေးတွေလို သိပ်လှသည့် Renjun မျက်လုံးတွေကို ဒီနေ့မှ ပိုပြီးကြာကြာစူးစိုက်ကြည့်ပစ်လိုက်သည်။
" Jeno ya နောက်တစ်ခါ ဘယ်သူက ချောကလက်ပေးပေး၊ မဟုတ်ဘူး။ ဘာပဲပေးပေး မယူနဲ့နော်။ မင်းက တစ်နေ့တခြားချစ်ဖို့ကောင်းလာတော့ ငါစိတ်ပူတယ်" တဲ့...။

Memories of You with Me Where stories live. Discover now