3

48 10 0
                                    

ကျောင်းသွားဖို့အတွက် ခါတိုင်းလိုပင် Renjun တို့ အိမ်ကို ရောက်ခဲ့သည်။ စက်ဘီးကို အိမ်ရှေ့မှာ ရပ်ထားခဲ့ပြီး ထမင်းစားခန်းထဲ ဝင်တော့ ထုံးစံအတိုင်း Renjun က ကော်ဖီနှစ်ခွက်နှင့် စောင့်နေသည်။
"ကွက်တိပဲ။ ငါလည်း အခုပဲ ကော်ဖီဖျော်လို့ပြီးတာ"
ရင်ခုန်စွာနဲ့ ပြုံးပြပြီး Renjun ဘေးနားက ခုံမှာ ဝင်ထိုင်လိုက်သည်။ ကော်ဖီကို တစ်ငုံသောက်ကြည့်သည်။
"ဘယ်လိုလဲ"
သူ လက်မလေးထောင်ပြပြီး
"Good "
ကျေနပ်သွားသည့် Renjun မျက်နှာလေးက အပြုံးပန်းတွေ ဝေဝေဆာဆာပွင့်လန်းလို့။
"Renjunna တကယ်လို့ စီနီယာကို ကော်ဖီဖျော်တိုက်ဖို့ အခွင့်အရေးရှိရင် ဖျော်ပေးမှာလား"
"အဲ့လိုမျိုး မရှိလောက်ပါဘူး"
"တကယ်လို့ရှိခဲ့ပေါ့"
"မတိုက်ပါဘူး။ ငါက မင်းတစ်ယောက်ထဲကိုပဲ ဖျော်တိုက်တာ"
"တကယ်နော်"
"တကယ်"
ပြီးတော့ သူတကယ်ကို သိချင်သည့် ကိစ္စကို မေးလိုက်သည်။
"စီနီယာက မင်းကို တွဲဖို့ပြောခဲ့ရင်ရော"
Renjun က သူ့လက်မောင်းကို လက်သီးဆုပ်ဖြင့် ဖွဖွလေးထိုးပြီး
"Jeno ဒီနေ့ ဘာဖြစ်နေတာလဲ။ မဟုတ်တာတွေဘဲလာမေးနေတယ်"
"ဖြေလို့"
"ကလေးလေး Jeno "
သူ့ပါးပြင်ကို ထိတွေ့လာသည့် Renjun လက်ကလေးကို သာသာလေးထွေးဆုပ်လိုက်ပြီး လက်ဖမိုးလေးကို ခပ်ဖွဖွလေး နမ်းရှုံ့လိုက်သည်။ ဟုတ်သည်။ သူ့နှလုံးသားက အလုပ်ချင်ဆုံးအရာဖြစ်သည်။
"Je- Jeno"
ပန်းရောင်နုနုပြေးသည့် ပါးပြင်တွေနှင့် Renjunnie က ကမ္ဘာမှာ အလှဆုံးဟု သူသတ်မှတ်လိုက်သည်။
"ငါ ကျောင်းပြီးတဲ့ အထိ အချစ်ရေးကို မ‌စဉ်းစားချင်သေးဘူး Jeno ya " တဲ့။
စောင့်ပါမယ်။ ဘယ်လောက်ကြာကြာ‌ပေါ့။

Memories of You with Me Where stories live. Discover now