U/Z part 11

1K 15 3
                                    

"ကျွီ.."

"ဟင်...ကားကိုဘာလို့ရပ်လိုက်တာလဲ.."

ဦးနေဂုဏ်ဟာ စံပယ့်ဘက်ကိုလှည့်လာပြီးစံပယ့်လက်ဖဝါးနှစ်ခုကိုပူးကာ သူ့လက်ကြီးနှင့်

အုပ်ကိုင်လိုက်လေသည်။

သူ့မျက်၀န်းတွေဟာ တစ်ခုခုကို စိုးရိမ်ကြောက်ရွံ့နေသလိုပဲ။

"မောင်ထွန်း ဖုန်းလှမ်းဆက်တော့ ကိုယ်အရမ်းစိုးရိမ်သွားခဲ့တာ ဒယ်ဒီ့လူတွေ မင်းကိုအန္တရာယ်ပြုကြသေးလား...."

"ဟင့်အင်း....သူတို့ကျွန်မကို ဘာမှမလုပ်ပါဘူး.."

တကယ်တော့ စံပယ်မေးချင်တာက ဦးနေဂုဏ်ရဲ့အဖေက စံပယ့်ကိုမှ ဘာကြောင့်‌ရွေးပြီး ခေါ်တွေ့ရသလဲ ဆိုတာနဲ့ ဦးနေဂုဏ်ဟာ ကိုယ့်အဖေအပေါ်ကို ဘာကြောင့် ဒီလိုရိုင်းစိုင်းတဲ့ စကားတွေကို ပြောခဲ့ရသလဲ ဆိုတာကိုပဲ။

စံပယ်မေးချင်ပေမဲ့ ‌ကိုယ်ကလည်း သူ့ဆီမှာ သုံးလပဲ အလုပ်လုပ်ရမှာဆိုတော့ သူများအတွင်းရေးကို ပိုင်ရှင်က စိတ်လိုလက်ရမပြောချင်ပဲ မမေးတော့ဖို့

ဆုံးဖြတ်လိုက်သည်။

"နောက်တစ်ခါ..ကိုယ့်ခွင့်ပြုချက်မရပဲ ဘယ့်သူ့နောက်မှမလိုက်ရဘူးကြားလား..ဒီလိုအဖြစ်မျိုးနောက်တစ်ခါမင်းကိုကြုံခွင့်ကိုယ်မပေးဘူး.."

စံပယ်တွေဝေသွားမိသည်။သူ့ကိုမေးရကောင်း

မလား၊မကောင်းဘူးလားလို့ပါ။မေးလိုက်တာပဲကောင်းပါတယ်လေ။

"မေးစရာရှိရင်မေးကွာ..ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ.."

"ဟိုလေ..ယောက်ျားယူချင်ရင်ရော..ရှင့်ဆီကနေခွင့်ပြုချက်တောင်းရမှာပဲလား.."

"ဟာ..ဒီကောင်မလေး ပေါက်ကရ တော်တော်မေးတယ်..ဘာလဲ..မင်းကယောက်ျားယူချင်နေပြီလား.."

ဘယ်ကောင်နဲ့လဲ..ပြောစမ်း.."

"ရှင်ကလဲ..သဘောပြောတာပါ.."

"အေး..သဘောပဲရှိပါစေ..နှစ်ဘော..သုံးဘောဆိုလို့ကတော့.."

"အာ..ဘာတွေလာပြောနေတာလဲ..အရှက်ကိုမရှိဘူး.."

"ဟား..ဟား...မင်းနဲ့စကားပြောလိုက်ရင်..

ကိုယ့်ဒေါသတွေ အမြဲအရည်ပျော်သွားတယ်..

ရင်ထဲမှာချိုမြိန်မှုကိုခံစားရသလိုပဲ..

မင်းသာချိုချဉ်လေးဆိုရင်..ကိုယ်အမြဲငုံထားရကောင်းမလားလို့..စဉ်းစားနေမိပြီ.."

သူ့စကားကြောင့်စံပယ်မျက်လုံးပြူးပြီးသူ့ကိုကြည့လိုက်မိသည်။ဒါကပညာရှိနည်းနဲ့ ချစ်ခွင့်ပန်နေတာများလား။မဖြစ်နိုင်ပါဘူး။စံပယ်က ပွင့်ပွင့်လင်းလင်းပြောတတ်တော့ စံပယ်နဲ့စကားပြောရတာကို သဘောကျယုံပဲ ထင်ပါတယ်။

🌼🌼🌼🌼🌼🌼


🎉 You've finished reading သနပ်ခါးရနံ့လေး ကြူကြူမွှေး 🎉
သနပ်ခါးရနံ့လေး ကြူကြူမွှေးWhere stories live. Discover now