လူစည်ကားရာ မြို့ပရဝဏ်ကြီးအလယ် လူအုပ်၏ဆန့်ကျင်ဘက်သို့ပြေးထွက်နေပါသောကိုယ်ငယ်တစ်ခု။ ဝေဟင်မြင်ကွင်းအတိုင်းကြည့်မည်ဆိုလျှင်မိုးမျှော်အဆောက်အုံကြီးတွေခြံရံသောနေရာ၌ လမ်းအလယ်ရှိရေပန်းဝိုင်းကြီးရဲ့ဘေးကိုရောက်ရှိလာခြင်းပင်။
ခြေဗလာနဲ့အချိန်ကြာအောင်ပြေးလွှားရသည့်အခါခြေနုနုမှသွေးခြေဥကာပေါက်ပြဲနေသည်။
အမောတကောဖြင့်အနောက်ကိုလှည့်မကြည့်နိုင်ပါပဲလူများကိုတွန်းတိုက်ပြေးလွှားမိသည်။ သူ...ထိုအရူးရဲ့လက်ထဲမှလွတ်မြောက်မှကိုဖြစ်မည်။
ဆောင်းတွင်းအအေးအေးမှာတောင် အဖြူရောင်ချည်သားဝတ်စုံလေးတစ်ထည်တည်းနှင့်ပခုံးနေရာများတွင်လည်းဟိုတစ်စဒီတစ်စပေါက်ပြဲနေပြီးကုတ်ခြစ်ရာတွေနဲ့သွေးခြောက်အချို့လည်းရှိသည်။
ပြေးသည်...သို့သော်လွတ်မြောက်မှုဆိုတာ ပြေးလေနှေးလေး၊လိုက်လေဝေးလေမို့လမ်းမရှည်ကြီးရဲ့အဆုံးကိုရောက်ဖို့ရာကြာလွန်းသည်။
အနောက်ကိုတစ်ချက်လှည့်ကြည့်သည့်အခါမသတီသူများလိုက်မလာတာမို့ခြေအစုံကိုကားလမ်းဘေးရပ်ရင်းကားတားလိုက်သည်။
အလျင်လိုကာမှဖြတ်သွားသည့်တက္ကစီမှန်သမျှဟာ ရပ်မပေး။ နီရဲယောင်းကိုင်းနေတဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်ပေါ်စီးကျလာတဲ့မျက်ရည်စကိုဖိသုတ်ကာ ဆက်တားသည်။
ကံကောင်းထောက်မစွာ တက္ကစီတစ်စီးဘေးကပ်ရပ်လာသည်။ ကားမှန်ကိုတဘုန်းဘုန်းပုတ်ရင်းပြာပြာသလဲပြောလိုက်ပုံက ကတုန်ကယင်နိုင်လှ၏။
" လေဆိပ်ကိုလိုက်ပို့ပေးပါ! ကျွန်တော့်ကိုကူညီပါ! "
" Hey Jimin~"
ကားမှန်ချလိုက်သည့်အခါ ထိုလူ့ရဲ့စက်စုပ်ဖွယ်မျက်နှာကြီးထွက်လာသည်။ ပို၍မြန်ဆန်လာသောအသက်ရှူသံတွေနှင့်အတူခြေလှမ်းတွေအားတဖြည်းဖြည်းနောက်ဆုတ်တော့ ထိုလူဟာကားထဲမှထွက်လာသည်။
နှုတ်ခမ်းတစ်ဖက်တည်းကော့တက်အောင် ပြုံးနေပုံကသူ့မျက်လုံးအောက် ရှိဓားခြစ်ရာကြီးနှင့်ပေါင်းဖက်လိုက်သည့်ရှိသော်Jimin အတွက်ကြောက်မက်ဖွယ်။
YOU ARE READING
The Hunters
Fanfictionလွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook!