(Part 1)

957 98 76
                                    

Humanverseရဲ့အလွန်လူသားတွေနဲ့အတူရောနှောနေထိုင်ကြသော Fomulitsများ။ Fomulitsဆိုတာလူသားခန္ဓာကိုယ်နဲ့လူသားအတိုင်းပါပဲ။

သို့ပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်တုန့်ပြန်ချက်အလိုက်သဘာဝရဲ့ရတနာတွေကိုထုတ်လွှင့်တတ်ကြတယ်။ ဥပမာ လူသားတွေငိုတဲ့အချိန်မျက်ရည်ကျပေမဲ့ Fomulits တွေက တစ်လမှာ3 ရက်လူသားတွေနဲ့ကွဲပြားစွာ စိန်,ရွှေ,ငွေ,ပုလဲ,ကြေးစတဲ့သတ္ထုခဲလေးတွေကျကြတယ်။ဒါကပဲသူတို့ရဲ့ Fomulits အဆင့်အတန်းကိုခွဲခြားသွားတာ။

Fomulitsတွေရဲ့နောက်ထပ်ထူးခြားချက်ကသာမန်လူတွေထက်လှပကြတယ်။ရုပ်ဆိုးရင်လည်းသာမန်လူတွေထက်ပိုးဆိုးပြီးအစွန်းနှစ်ဖက်မှာ ရပ်တည်ကြတာပေါ့။

လူဦးရေ 100မှာ1ယောက်နှုန်းပဲရှိတဲ့သူတို့ကိုအာဏာပိုင်တွေကကာကွယ်ပေးဖို့ဥပဒေထုတ်မထားသလို အာဏာရှိလူတန်းစားတို့ရဲ့လုယူအသုံးချမှုကိုခံရတဲ့အတွက်သူတို့ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်နေထိုင်ကြတယ်။

ဒါပေမဲ့Min အိမ်တော်သခင်ကြီးMin Yoongiကတော့ရှားပါးစိန်နက် Fomulits တစ်ယောက်ကိုလက်ထပ်ထားခြင်းကြောင့်သူ့ရဲ့အာဏာနဲ့စီးပွားရေးကအားလုံးရဲ့အထက်မှာရှိနေသည်။

" 10နာရီမထိုးခင်ပြန်လာခဲ့မယ်...ဒီတောအတွင်းအိမ်တော်အပြင်ကိုခြေတစ်လှမ်းတောင်မထွက်နဲ့Jungkook"

Yoongiသူ့ရှေ့မှာရှိတဲ့အနက်ရောင်ပိုးသားဝတ်စုံနဲ့ကောင်လေးအားသတိကြီးကြီးဖြင့်အမှာပါးတဲ့အခါခေါင်းလေးညိတ်သည်။

" လိုတာရှိရင်Taehyungကိုပဲပြော...ဂျီကျတာတွေဆိုးတာတွေပြန်တိုင်တာမလိုချင်ဘူး"

" ဟုတ်ကဲ့ ကြားပါတယ်သခင်ကြီး"

" ကောင်းပြီသွားကြမယ်"

သခင်ကြီးကမှာသင့်တာတွေမှာပြီးနောက်လိုက်များနဲ့အတူထွက်ခွာသွားချေပြီ။ ဒီညစိန်ဖြူ Fomulitsတစ်ယောက်ကိုဖမ်းလာမည်ဟုကြားသည်။ တွေးမိခြင်းကသခင်ကြီးဟာကျွန်တော်တစ်ယောက်တည်းနှင့်များမလုံလောက်၍လား။

" အထဲဝင်ရအောင်သခင်လေး"

" အွန်း "

အနီးကပ် bodyguard ဖြစ်တဲ့Kim Taehyungက Jungkookကိုအိမ်တော်အတွင်းဝင်စေသည်။

The HuntersWhere stories live. Discover now