(Part 3)

665 80 95
                                    

Minအိမ်တော်ကိုပြန်ရောက်သည့်အခါ ခြံထဲရှိဧည့်စားပွဲဝိုင်းတွင်Yoongiနဲ့အတူစကားပြောနေသောအမျိုးသမီးတစ်ယောက်ကြောင့်Taehyungမျက်ခုံးများတွန့်ချိုးသွားသည်။

မဲနက်သောအသားရေရှိပေမဲ့ မျက်ခုံးမျက်လုံးလှလှနဲ့မြှင့်စည်းထားတာတောင် ခြေသလုံးထိရောက်သောအနက်ရောင်ဆံနွယ်တို့ရှိသည့်သူမက Fomulits ပွဲစားတစ်ဦးဖြစ်သည်။စိိန်၊ရွှေစသည်တို့ကိုလည်းအရောင်းအဝယ်လုပ်သေး၏။

သူမကTaehyungကိုမြင်တာနဲ့လက်ပြရင်းပြုံးပြနှုတ်ဆက်လာသည်။

" Hey~ မတွေ့တာကြာတော့ပိုချောလာတာပဲMr."

" မဒမ်စိတ်ထင်လို့ပါ"

တည်ကြည်စွာတစ်ခွန်းပဲပြန်ဖြေပြီးYoongiဘေးသွားထိုင်တဲ့Jungkookအနောက်မှာရပ်နေလိုက်သည်။သူမဘက်မှာYoongiဆီကစိန်သေတ္တာတွေကိုမြင်တာနဲ့စိန်နဲ့ငွေလဲနေတယ်ဆိုတာသိလိုက်သည်။

" ဒါဆိုဒီတစ်ခါစိန်ဖြူတွေရောပါတာမလို့ကျွန်မပိုပေးခဲ့မယ်...ကျွန်မကိုသူနဲ့စကားပြောချိန်ခဏလောက်ပေးပါMinသခင်ကြီး"

" ရတယ်.....Taehyung...Lady Jameနဲ့စကားပြောလိုက်"

" ဟုတ်ကဲ့Sir."

Yoongiရဲ့ခိုင်းစေမှုကြောင့်သာလက်ခံလိုက်ရပြီးYoongiထသွားတာနဲ့ခုံမှာဝင်ထိုင်လိုက်သည်။Jungkookကလည်းYoongiထသွားတာနဲ့တပြိုင်နက်ငါးဖန်လုံးကိုပွေ့ပြီး နောက်ကနေခွေးပေါက်ကလေးလိုလှစ်ခနဲပြေးလိုက်သွား၏။

" သခင်ကြီး! သခင်ကြီး!"

ခေါ်သံကြောင့်နောက်ကိုလှည့်ကြည့်လိုက်တော့ပါးပြင်ပေါ်နွေးခနဲကျရောက်လာတဲ့အနမ်းတစ်ပွင့်။ဒါကြောင့်မျက်မှောင်ကျုံ့စိုက်ကြည့်တာကိုထိုကောင်လေးကမည်သို့ပင်တွေးလို့လဲမသိ ပါးတွေရဲတက်သွားသည်။

" ထပ်ဝယ်ပေးလို့ကျေးဇူးတင်ပါတယ်"

" အင်း"

" ခဏနေပါဦး"

လှည့်ထွက်မယ်ပြင်တော့လက်ဖဝါးကိုဆုပ်ကိုင်ရင်းတားတဲ့ကောင်​လေးကတစ်ဖက်မှာငါးဖန်လုံးကြီးကိုတပွေ့ပွေ့နဲ့ကြာတော့Yoongiမျက်စိရှုပ်လာသည်။

The HuntersNơi câu chuyện tồn tại. Hãy khám phá bây giờ