(Part 6)

724 82 40
                                    

Jiminအခန်းရဲ့ပြတင်းပေါက်မှမြင်နေရသောbodyguards dormitoryဆီကိုအကြည့်ရောက်နေသည်။

ဆောင်းဝင်ခါစမို့နားနေချိန် Dormitoryရှေ့မီးပုံဝိုင်းလုပ်နေကြပြီးထိုအနက်Taehyungဘေးကထိုင်နေသောJungkookကိုခပ်တွေတွေကြည့်မိသည်။

ငါးကင်ကိုအရိုးသေချာနွှံပေးပြီးခွံ့ကျွေးပုံ၊ သူ့ရဲ့coatကိုJungkookအပေါ်ခြုံပေးပုံကအစJungkookမမြင်အောင်ခိုးခိုးကြည့်ကာပြုံးသည့်သူကိုသာအဝေးကကြည့်နေမိသည်။

ထိုစဥ်တံခါးဖွင့်သံကြား၍နီးကပ်လာသည့်ခြေသံများနှင့်အတူခါးပေါ်ရစ်သိုင်းလာတဲ့လက်တွေနဲ့လည်တိုင်ကိုဖိကပ်နမ်းလာသောနှုတ်ခမ်းကြောင့်အံကြိတ်လိုက်သည်။

ထိုလက်တွေပြယ်သွားပြီးနောက်ပခုံးပေါ်တင်ခြုံပေးလာတဲ့သားမွေးcoat...Jiminမျက်နှာငဲ့ကြည့်လိုက်တော့အဖြူရောင်ငွေမှင်တွေရောသည်။

" မနက်ရောက်ရင်ကိုယ်နဲ့Nalzaကိုလိုက်ခဲ့ရမယ်"

" ယောကျာ်းလေးကNalzaနဲ့ဘာဆိုင်လဲ...ကျုပ်မလိုက်နိုင်ဘူး"

Nalzaဆိုတာအိမ်ထောင်မဲ့အမျိုးသမီးတွေစုနဲ့မုဆိုးမတွေစုနေတဲ့မြို့တစ်ခု...ဒီမြို့နဲ့သိပ်မဝေးတဲ့နေရာတစ်ခုလည်းဖြစ်၏။

"Nalzaမှာမင်းအတွက်ပြင်ဆင်ပေးစရာရှိတယ်...ငြင်းပိုင်ခွင့်မရှိဘူးBaby...ကိုယ့်အပိုင်က ကိုယ်စေရာပဲဖြစ်ရမယ်"

ခံပြင်းမှုများကအားမသန်မာန်လျှော့တဲ့အခါလူကိုပွေ့ချီသွားသည့်ထိုလူကအိပ်ယာပေါ်ချပေးသည်။ အုပ်မိုးလျက်အနမ်းစစ်ထိုးခြင်းကစလိုက်သောကြမ်းရမ်းမှုကမနက်နေ ထွက်မှအဆုံးသတ်သည်။

တစ်ညလုံးမအိပ်ခဲ့ရဘူး...ဝမ်းလျားမှောက်အနေထားနဲ့မျက်တောင်လေးခတ်ရမှာတောင်ပင်ပန်းလွန်းတဲ့အခြေနေကိုထိုလူကနှစ်သက်ပုံရသည်။

လူကိုပွေ့ချီသွားသည်ကရေချိုးခန်း....သူကပဲအကုန်သန့်ရှင်းပေးလျက်သူနဲ့အတူရေချိုးစေသည်။ ထို့နောက် အပြာရောင်T shitပွပွနဲ့ jeans pantကိုဝတ်ပေးသည်။

လူကိုပွေ့ချီခေါ်သွားတာကအိမ်တစ်လမ်းလုံး....ရှေ့မှာလာနေတဲ့Jungkook နှင့်အတူပါလာသော Taehyungကြောင့်အသံတိတ်ပခုံးကိုတွန်းထိုးသည်။

The HuntersWhere stories live. Discover now