(5)

3.7K 256 41
                                    

(Uni)

နတ်ဆိုးကိစ္စကိုဖြေရှင်းရန်အတွက် Sajuတွင် Jiminနဲ့ Tae Hyungက သူတို့ကြုံတွေ့ခဲ့ရသည်များကို ပြောပြတော့ Fire Godနှင့် Metal God တို့ မျက်နှာထားများမှာ ခက်ထန်လျက်ရှိသည်။

Fire God ရဲ့ စိတ်ထဲတွင်တော့ သူ့ချစ်သူကို မှော်ကျစ်ကြိုးနဲ့ ချုပ်နှောင်သွားတဲ့ နတ်ဆိုးအား မီးမြှိုက်ပြာချ ပစ်ချင်စိတ်ဖြစ်နေသလို ကူညီဖူးသည့် လူသားဆိုသူကိုလည်း မမြင်ဖူးပါပဲ သဝန်တိုနေမိသည်။

ထမင်းဟင်းတွေထည့်ပေးပြီး သစ်သီးတောင်ခွဲကျွေးတယ်ဆိုပဲ။

ခုမှသိတဲ့သူတွေကိုလေ.. လိုလို့လား။

Fire God Jung Kookအနေဖြင့် ဒီတစ်ခေါက် လူ့ပြည်ကို သွားရမည်ဆိုပါက Tae Hyung နဲ့အတူ သူပါလိုက်မယ်လို့ ဆုံးဖြတ်ထားသည်။

သဝန်အရမ်းတိုတတ်တာပဲလို့ မတွေးလိုက်ကြနဲ့ဦး.. အရင်တစ်ခေါက်ကလို မမျှော်လင့်ထားတဲ့ အန္တရာယ်မျိုးဆိုတာ နေရာတိုင်းတွင်ရှိနိုင်သည် မဟုတ်ပါလား။

သူဘေးမှာရှိနေမှကို ဖြစ်မှာ။

နတ်ဘုရားအားလုံးရဲ့ ဆုံးဖြတ်ချက်အရ ကောင်းကင်ဘုံနတ်ဘုရားဆီသို့ လျှောက်တင်ပြီး ဆုံးဖြတ်ချက်တောင်းခံဖို့ကို တိုင်ပင်ခဲ့ကြသည်။

ကောင်းကင်ဘုံနတ်ဘုရားရဲ့ အမိန့်အရ နောက်၃ရက်ကြာသည့်အခါတွင်မှ ကောင်းကင်ဘုံသို့ နတ်ဆိုးအရေးကိစ္စနှင့် ပတ်သက်ပြီး Saju မှ နတ်ဘုရားအားလုံး ဆွေးနွေးပွဲတက်ရောက်ကြရမည်ဖြစ်သည်။

ကောင်းကင်ဘုံကို ဆွေးနွေးပွဲ မသွားခင် ၃ရက်အတွင်းမှာတော့ Sajuတွင် တပူးပူး တစ်တွဲတွဲ ဖြစ်နေသည့် နတ်ဘုရားနှစ်ပါးကို နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရလေသည်။

အမှန်ကတော့ ရေနတ်ဘုရားသွားရာနောက်ကို မီးနတ်ဘုရားက တကောက်ကောက်လိုက်ခြင်းဟုဆိုလျှင် ပိုမှန်သည်။

အရင်တုန်းက မတည့်သည့်ပုံစံနှင့် နှစ်ယောက်ကို ခုလိုမျိုး အမြဲတွဲတွေ့နေရတာကိုက အထူးအဆန်းဖြစ်လို့ နေသည်။

သိသာလွန်းနေသည်မို့ Jiminနဲ့ Yoongiက မီးနတ်ဘုရားနှင့် ရေနတ်ဘုရားတို့ကို မင်းတို့တွဲနေကြတာလို့ မေးမိတော့ ပြန်ဖြေလိုက်ကြတာ တစ်သံတည်း။

SAJU LOVER (Completed)Where stories live. Discover now