3

26.3K 1K 40
                                    

Unicode

ဟိန်းမာန်ထက် ထ၍ ညီညီ့အနား လမ်းလျှောက်သွားကာ

"ပါးစပ်က တိတ်ခွာပေးလိုက်"

အေးစက်စက် အမိန့်ပေးသံကြားသည်နှင့် ခန့်ကိုမှာ အလျှင်အမြန် ညီညီ့ ပါးစပ်က တိတ်ကို ခွာပေးလိုက်သည်။

"လွန်ခဲ့တဲ့ ၂ရက်က xxx club မှာ ညီညီဆိုတဲ့ နာမည်နဲ့ waiter က မင်းလား"

"ဟုတ်...ဟုတ်ပါတယ်"

'ဖြောင်း...!'

"ဘယ်သူ့ကို လာလိမ်နေတာလဲ !"

ညီညီ့ကို ပါးရိုက်လိုက်ကာ ခြေထောက်ဖြင့် မျက်နာကို တက်နင်း၍

"အမှန်တိုင်း ပြောမလား အသေခံမလား ရွေး"

"ပြော..ပြောပါ့မယ်"

ထိုအခါမှ နင်းထားတဲ့ ခြေထောက်ကို မျက်နှာပေါ်က ဖယ်ကာ ဆိုဖာပေါ်ပြန်ထိုင်ပြီး ပြောဆိုတဲ့ သဘောမျိုးနဲ့ မေ့ငေါ့ပြလေသည်။

"အဲ့နေ့က ကျွန်တော့် သူငယ်ချင်းပါ၊ကျွန်တော့်အစား သွားပေးတာ"

ညီညီ စကားတို့သည် ထစ် နေလေသည်။

"နာမည်က"

အမေးသဘောမျိုးနဲ့ မေးလာတဲ့လူကြောင့်

"နာမည်က သက္ကရာဇ်ဆွေး ပါဗျ"

"မင်းနဲ့အတူနေတာလား"

"ဟုတ်..ဟုတ်ပါတယ်"

"ကျစ်...ခန့်ကို"

"ဟုတ်ကဲ့.....ဘော့စ်!"

"သက္ကရာဇ်ဆွေး ဆိုတဲ့ ကောင်လေးကို မရ ရတဲ့နည်းနဲ့ သွားခေါ်လာခဲ့"

"ဟုတ်"

"နေဦး ငါကိုယ်တိုင် သွားလိုက်မယ်၊မင်း ဒီကောင့်ကို ရှင်းလိုက် နှုတ်မလုံရင် သတ်ပစ်လိုက်"

"ဟုတ်ကဲ့ ဘောစ့်!"

တစ်ချက်လွတ်အမိန့်နဲ့ အတူ ထွက်သွားတဲ့ ဘောစ့်ကြောင့် ခန့်ကိုမှာ ဗျာများရပြန်လေသည်။တစ်ဖက်က ကြမ်းပြင်မှာ ထိုင်နေတဲ့ကောင်လေးကိုပြန်ကြည့်တော့လဲ သူ့ကိုသတ်မှာဆိုးလို့ထင် ငိုတော့မယောင်ဖြစ်နေလေသည်။အကုန် သူ့အမှားသာဖြစ်နေတော့ တာဝန်ယူစရာရှိတာ ယူရတော့မည်။

ဝိညာဉ်ကူးပြောင်းပြီးနောက် mafia ၏အပိုင်သိမ်းခံရခြင်း [Complete]Where stories live. Discover now