19

15.7K 660 4
                                    

Unicode

ဟိုရောက်တော့ လင်းရာက စာချုပ်တွေရှေ့မှာ ထိုင်နေတာတွေ့လိုက်ရသည်။ အရင်ထဲက သိပြီးသားတွေမလို့ ဒါတွေကို သူဂရုမစိုက်ပေ။ သူ ဂရုစိုက်နေတာ လင်းရာကိုပင်။ လင်းရာက ဂျိတ်စ်ရဲ့ လူဖြစ်နေတာပင်။နောက်တစ်ခုက သက္ကရာဇ်အကြောင်း သိနေတဲ့ လူမလို့ပင်။ လင်းရာက သူတို့လူမလို့ သေချာပေါက် အကုန် သတိရရင် ပြန်ပြောမည့်ပုံပင်။

"အကုန်ပြီးရင် လင်းရာကို ကျုပ်နဲ့ ထည့်ပေးလိုက်တော့"

"လွယ်လွယ်နဲ့ မရဘူးလေ ၊ သား မင်းလည်း အဖေ့အကြောင်း သိပါတယ်"

"လင်းရာက အဲ့လောက်လဲ အရေးမပါ ပါဘူး ၊ လုပ်ချင်သလိုလုပ်"

"ဒါဆို အိမ်ထဲမှာ ပိတ်ထားတဲ့ ကောင်လေးဆိုရင်ရော"

သေချာပေါက် လင်းရာကိုပဲ ဆိုလိုတာပင်။

"ခင်ဗျားက ကျုပ်အဖေဖြစ်နေလဲ ကျုပ်က သည်းခံနေမှာမဟုတ်ဘူးနော်"

သက္ကရာဇ်က နယ်သာလန်ရောက်နေတာ ဒီလူ့ဆီမှာ ဟုတ်လို့လား။

"မင်း အမေ အတိုင်းပဲ"

"ခင်ဗျား ပါးစပ်က ကျုပ်အမေအကြောင်း ထွက်မလာနဲ့"

"အဟင်း.... အဖေလိုချင်တာ ရှင်းရှင်းလေး အဖေ့ကို ဂိုဏ်းလွှဲပေးလိုက်ရုံပဲ ၊ သားကိုလဲ မနစ်နာစေရပါဘူး"

"အသက်သာကြီးတာ လောဘမပျောက်သေးဘူးပဲ"

" ကောင်လေးကို အတော်ချစ်ပုံပဲ အိမ်ထဲတောင် သိမ်းထားရတာဆိုတော့"

"......"

"စာချုပ်မှာ လက်မှတ်ထိုးလိုက် ဟိန်းမာန်ထက်"

"ခင်ဗျား အသက်ကြီးနေပြီ နားလိုက်တော့"

ပြောလည်းပြော တစ်ဖက်လူ နဖူးကို သေနတ်ဖြင့် ထောက်လိုက်သည်။ ထိုအခါ ခပ်ဟဟ ရယ်လာကာ

"ဟိန်းမာန်ထက်ရာ ငါက မင်းအဖေပါ ၊ မင်းထက်အရင် လူဖြစ်လာတဲ့ ကောင်ပါကွ"

ပြောလည်းပြော သူ့လူတွေက လင်းရာရဲ့ လည်ပင်ကို ဓားထောက်လိုက်ကာ

"လင်းရာ ပြောလိုက် ဟိန်းမာန်ထက်ရဲ့ အချစ်တော်လေးက ဘယ်သူလဲဆိုတာ"

ဝိညာဉ်ကူးပြောင်းပြီးနောက် mafia ၏အပိုင်သိမ်းခံရခြင်း [Complete]Where stories live. Discover now