အပိုင်း(၁၇)
" Hottie ~~ "
ထယ်ယောင်း မာရီယိုကိုပြောမလို့ ပြင်လိုက်ပေမဲ့ အပေါ်ထပ်ကဆင်းလာတဲ့ ဂျောင်ဂုကြောင့် ထယ်ယောင်းရပ်တန့်လိုက်ရသည်။ ထိုအခါ မာရီယိုသည် ဂျောင်ဂုကိုပြုံးပြပြီး..
" ဂျောင်ဂု ငါမင်းကိုပြောစရာရှိတယ် "
" ဪ နောက်မှပြောကြရအောင် မယ်လွန့်ဆီအလုပ်တွေကို လွှဲပေးထားတယ် "
ဂျောင်ဂု ထယ်ယောင်းဘေးနားကိုရပ်ပြီး မာရီယိုကိုပြောတော့ မာရီယိုမျက်နှာပျက်သွားတာကိုအမြန်ထိန်းလိုက်ပြီး..
" ငါပြောချင်တာက အရေးကြီးတယ် ဂျောင်ဂု ဒီနေရာမှာပဲပြောလိုက်ရမလား "
ဂျောင်ဂု ထယ်ယောင်းကိုတစ်ချက်ငုံ့ပြီးကြည့်သည်။ ဟင့်အင်း အဲ့လိုလာမကြည့်နဲ့ ခင်များဘာသာဆုံးဖြတ်ရမှာ ဂျွန်ဂျောင်ဂု
" ခဏပဲထယ်ယောင်း ခဏပဲ "
ထယ်ယောင်းမသွားနဲ့လို့ တားချင်ပေမဲ့ မပြောနိုင်ပြန်ဘူး မာရီယိုနဲ့ဂျောင်ဂုက သူနဲ့ခပ်လှမ်းလှမ်းနေရာမှာနှစ်ယောက်တည်းရပ်စကားပြောနေသည်။ထယ်ယောင်းဒီမြင်ကွင်းကို အချိန်ကြာကြည့်နေခဲ့ရတာ ဘာတွေများပြောကြမှာမို့ သူ့အနားမှာမပြောနိုင်ရတာလဲ ထယ်ယောင်းကရော သူယုံကြည်လို့ရတဲ့သူမဟုတ်ဘူးလား တွေးရင်း တွေးရင်း ဒေါသထွက်တာကြောင့် ထယ်ယောင်း အဲ့နေရာကနေလှည့်ထွက်ခဲ့သည်။ သူဘာသာလိုက်လာချင်လာ မလာချင်လည်းနေပါစေတော့။
" ရပြီ မာရီယို ကိုယ်တို့နောက်မှဆက်ပြောရအောင် ဟိုမှာထယ်ယောင်းထွက်သွားပြီ "
" ဂျောင်ဂု! ဂျောင်ဂု! "
သူမ အော်ပြီးခေါ်နေလည်း တစ်ချက်လေးတောင်ဂရုမစိုက်ဘဲ ထွက်သွားတဲ့ဂျောင်ဂုကိုကြည့်ပြီး ကျန်နေခဲ့ရသည်။ ဒီတစ်ခါလည်း သူမပဲကျန်နေခဲ့ရပြန်ပြီလား။
ထယ်ယောင်း ကားပေါ်မှာစောင့်နေရင်း စိတ်မရှည်ဖြစ်လာရသည်။ စိတ်ထဲဘာကို မကျေနပ်ဖြစ်နေလဲဆိုတာကို ထယ်ယောင်းသိသည်။ ထယ်ယောင်း သူလာတာကိုမြင်တော့ မျက်နှာကိုလွှဲထားလိုက်သည်။ အခုချိန်မှာထယ်ယောင်းစိတ်ထဲ ဒေါသထွက်နေတာပဲသိတယ်။