EP-2

1.8K 167 28
                                    

နွေကျောင်းပိတ်ရက်ရှည်ကြီး ရထားတော့ ဂျီမင်းတစ်နေ့တစ်နေ့ အိမ်မှာစားလိုက်သောက်လိုက်ဖြင့် ပျင်းနေရသည်။ ထိူ့ကြောင့် မနေ့က ထယ်ယောင်းနဲ့အတူ ဂျပန်ကာတွန်းစာအုပ်တွေသွားဝယ်ထားတာ။

အခုလဲ အိမ်ရှေ့က ဒန်းမှာထိုင်ပြီး ဂျပန်ကာတွန်းတွေကို အေးဆေးဖတ်နေလိုက်တယ်။ ဂျပန်ကာတွန်းတွေဖတ်ဖို့ ဝါသနာပါခဲ့တာကလဲ ကျွန်တော့်သူငယ်ချင်း ကင်မ်ထယ်ယောင်းကြောင့်ပင်။

ဂျီမင်းတို့အိမ်က အရမ်းကြီးချမ်းသာတာမျိုးမဟုတ်ပဲ အဆင်ပြေတယ်ဆိုရုံသာ။ အိမ်ကတစ်ထပ်တိုက်ပုလေးဖြစ်ပြီး အခန်းက နှစ်ခန်းသာပါရှိသည်။ ဖေဖေနဲ့မေမေကတစ်ခန်း၊ ဂျီမင်းကတစ်ခန်းပေါ့။

ဖေဖေက ဦးလေးဂျွန်ရဲ့ company မှာအတွင်းရေးမှူးလုပ်ခဲ့တာ ဂျီမင်းတစ်သက်ရှိခဲ့ပြီ။ အရင်က အိမ်ငှားနဲ့သာနေခဲ့ရပြီး ကျွန်တော့်ကိုမွေးတော့ ဦးလေးဂျွန်က လက်ဆောင်အနေနဲ့ ဒီအိမ်လေးကိုလက်ဆောင်ပေးခဲ့တာတဲ့လေ။ ဦးလေးဂျွန်အပေါ်မှာ ကျေးဇူးကြွေးတွေက အများကြီး။

ထိုကျေးဇူးကြွေးတွေကြောင့် ငယ်ငယ်ကတည်းက ဦးလေးဂျွန်ရဲ့သား ဂျွန်ဂျောင်ကုကို အရာရာအရှုံးပေးပြီး အဖော်ပြုပေးခဲ့ရတာဖြစ်သည်။ ငယ်ငယ်ကသူအနိုင်ကျင့်တဲ့ အကြောင်းတွေ တွေးမိပြန်တော့ နှုတ်ခမ်းဆူမိပြန်သည်။ ထိုအကြောင်းအရာတွေကလဲ မျက်လုံးထဲ တရိပ်ရိပ်ပေါ်လာတော့၏။

ထိုအချိန်က ဂျီမင်းလေး ၅နှစ်ပြည့်မွေးနေ့..

" Happy Bithday to you... Happy bithday to you... "

အိမ်ထဲတွင် ဂျီမင်းရယ်၊ မေမေရယ်၊ ကုကုရယ်၊ ဂျီမင်းသူငယ်ချင်းမလေးရယ် မွေးနေ့ပွဲလုပ်နေကြသည်။

ဂျီမင်း ဖယောင်းတိုင်မီးမှုတ်ပြီး ဆုတောင်းတော့..

" ကိုကို..ဘာဆုတောင်းတာလဲ ဟင် "

" ကိုကို စက်ဘီးအသစ်ရပါစေလို့ ဆုတောင်းတာ "

မွေးနေ့ကိတ်ကိုခွဲပြီး မေမေ့ကိုအရင်ခွံ့ကျွေးလိုက်သည်။

" အာ.... "

ထို့နောက် ဂျီမင်းတို့ကျောင်းကသူငယ်ချင်မလေးကို အရင်ကျွေးလိုက်၏။

Bad Boy To My BoyWhere stories live. Discover now