EP- 10

1.5K 155 25
                                    

" Park အမျိုးသမီးကိုလဲ အားနာပါတယ်ဗျာ..သားငယ်ရဲ့ဆိုးသွမ်းမှုတွေကြောင့် အခုတော့နှစ်ဖက်မိဘ မျက်နှာပျက်စရာတွေဖြစ်နေရပြီ။ "

နှစ်ဖက်မိဘတွေမျက်နှာချင်းဆိုင် အနေအထားနဲ့ တွေ့ဆုံနေရသည့်အခြေအနေပင်။ မွေးနေ့ပွဲမှာ အကြောင်းမကြားရောက်လာသူက သူများသားသမီးကို အတင်းခိုးပြေးသွားသည်တဲ့လေ။

နှစ်ဖက်မိဘတွေ ကြားကြားချင်း မျက်စိပျက်၊ မျက်နှာပျက်ဖြင့် အားနာနေရသည့်အဖြစ်။ Park အမျိုးသမီဆို ပိန်ကျသွားတာက တစ်ပတ်အတွင်းသိသိသာသာ။ အေးလေ..ဒီလောက်ဆိုးတဲ့သူနဲ့ ဘယ်လက်ခံချင်ပါ့မလဲ။

ပြီးတော့ သူတို့သား ဂျီမင်းကိုက သားကြီးထယ်ယောင်းနဲ့နေရာချပေးဖို့ အားလုံးစီစဥ်ထားကြပြီးပြီ။ ကျောင်းတွေပြီးသွားရင်၊ သားထယ်ယောင်းကိုနေရာတကျအလုပ်ပေးပြီးရင် ဆိုပြီး သေချာဆွေးနွေးတိုင်ပင်ထားကြတာ။ ဂျီမင်းအမေကလဲ သားထယ်ယောင်းနဲ့တော့ ကြည်ကြည်ဖြူဖြူလက်ခံသည်။ ကလေးတွေကို ပြောဖို့သာကျန်တော့တာ။

အခုလဲ ကလေးနှစ်ယောက်လုံးကိုရှာမတွေ့သေးတော့ နှစ်ဘက်မိဘတွေစကားပြောနေရပြန်ပြီ။

" ဖြစ်ပြီးသွားပြီဆိုမှတော့ ဆရာJeon လဲအားနာမနေပါနဲ့တော့..ကျွန်တော်တို့ဘက်က လက်ခံရတော့မှာပေါ့ "

" ဟူးးးး တကယ်အားနာမိပါတယ်ဗျာ "

" ကလေးတွေကို ပြန်ရှာတွေ့ရင် လက်ထပ်ပေးရတော့မှာပေါ့ "

" မဟုတ်ဘူး ကျွန်တော်သဘောမတူဘူး "

ကြားနေရတဲ့ စကားတွေကို ဘယ်လိုမှလက်မခံနိုင်တဲ့အဆုံး ထယ်ယောင်းထရပ်ကာ ပြောလိုက်၏။ လက်မခံနိုင်ဘူး။ ဂျီမင်းကို ဂျွန်ဂျောင်ကုနဲ့လက်ထပ်ပေးဖို့ကို လက်မခံနိုင်ဘူး။

" သားထယ်ယောင်း..ဘာကို.. ! "

" အဖေ..ကျွန်တော်နဲ့ဂျီမင်း တွဲ..တွဲနေတာပါ.."

" ဘယ်လို "

ထယ်ယောင်းလိမ်ပြောလိုက်မိတယ်။ ဂျီမင်းနဲ့ပတ်သတ်ရင်တော့ ထယ်ယောင်းဘက်ကအနိုင်ရချင်တယ်။ ပိုင်ဆိုင်ချင်တယ်။ ပြီးတော့ အရှုံးမပေးချင်ဘူး..ထို့ကြောင့် ထိုစကားကိုသုံးလိုက်မိတယ်။

Bad Boy To My BoyWhere stories live. Discover now