10

1.4K 65 10
                                    

ဂျီမင်လဲ ကောင်မလေးစကားကြောင့် ရင်ထဲမှာ ဝမ်းနည်းသွားသည်၊
(မင်းက မကြာခင်လက်ထက်တော့မှာလား၊တကယ်ဘဲလား၊ ဘာလို့ ငါ့နှလုံးသားက နာကျင်နေရတာလဲ ငါ
တကယ်ဘဲ လက်လွှတ်လိုက်ရတော့မှာလား ဟင့်အင်း မရဘူး မင်းကိုငါလက်လွှတ်မခံနိုင်ဘူး ဟုတ်တယ် လက်လွှတ်မခံနိုင်ဘူး မင်းကငါ့အပိုင် ငါ့လူ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး မင်းက ငယ်ငယ်ကတည်းက ငါ့အပိုင်ဘဲမောင်၊ ဟုတ်တယ်မောင်ကငါ့အပိုင် ငယ်ငယ်ကတည်းက ကိုယ်က တိတ်တခိုးနဲ့ချစ်နေရသူပါ ကံကြမ္မာကြောင့် ကိုယ်တို့ဝေးခဲ့ရပင်မဲ့  ကံကြမ္မာကြောင့်ဘဲ ကိုယ့်တို့ပြန်ဆုံရတယ် ကံကြမ္မာက ကိုယ်တို့ကို မဝေးစေချင်ဘူးနဲ့တူတယ် ကံကြမ္မာက နည်းနည်းရက်စက်ပင်မဲ့ တန်ပါတယ် မောင်နဲ့ပြန်ဆုံခွင့်ရတယ်၊။

အတိတ်သို့..........
''ဟာဗျာ daddyကျွန်တော်မသွားချင်ဘူး''

ဧည့်ခန်းဆိုဖာမှာ ဂိမ်းဆော့နေတဲ့ကောင်လေးရဲ့အသံ

''မင်းအထွတ်မတတ်နဲ့ ဖအေခိုင်းရင် လုပ်လိုက် ဘာခက်တာမလို့လဲ''

''daddyကလဲ ....ကျွန်တော်ကိတ်လဲဖုတ်ပေးပြီးပြီလေ''

''park jimin!!! ''

''ဟာဗျာ ဟုတ်ပြီဗျာ သွား​ပေးမယ် ဒါပင်မဲ့ ကျွန်တော်ကို ဘာလောက်ပေးမှာလဲ နည်းရင်တော့မရဘူးနော်''

''ငါသိတယ်ခွေးသား''

''ဟာဒါဆို daddyကခွေးပေါ့''

''ဘာ!!!! ဒီ........''

''သွားပြီ''

မသွားလို့မရ daddyက ပန်းအိုးနဲ့ကောက်ပေါက်တော့မှာ။

ဒါဘဲကြည့် ဖအေခိုင်းတာကို စျေးလာစစ်နေတာ
တခါခိုင်းရင် ဘယ်လောက်ပေးဘယ်လောက်ပေးနဲ့ တော်တော်အားကိုးရတဲ့သား
ကိုယ်မအားလို့ သွားပို့ခိုင်းတာကို ဖအေကို နောက်သွားသေး၊ တဉီးတည်သားမလို့ အလိုလိုက်ထားတာကြောင့် ဆိုးနေတာများ မျောက်ရှုံးတယ် သူ့ သူငယ်ချင်းမျောက်လောင်နဲ့ပေါင်းတော့ ကယ်မရတော့ဘူး။

daddyလက်စာကို ရှောင်ပြေးလာတာ ဖိနပ်တောင် ကျွဲတဖက်နွားတဖက်နဲ့ အော်park jiminဘဝလဲမလွယ်ပါလားဟူး.... ဘာဘဲဖြစ်ဖြစ်လမ်းတဝက်တောင်ရောက်နေပြီ ဒီနေ့မနက်မှ busကားလဲ လူကလဲကြတ် သေချင်လိုက်တော့ဘဲ။
(ဒီနေ့ကdaddyရဲ့ သူငယ်ချင်းရဲ့သားရဲ့မွေးနေမလို့ ကိတ်မုန့်ဖုတ်ပေးအုံးတဲ့ ဆိုတဲ့daddyရဲ့စကားကြောင့် ကိတ်ဖုတ်ပေးလိုက်တယ် ဖုတ်ရောပြီ ဆိုဖာမှာဂိမ်းလေဆော့မလို့ရှိသေး daddyမအားလို့ သားဘဲသွားပို့လိုက်ဆိုတဲ့စကားကြောင့် ဂျီမ်င်စိတ်ညစ်သွားရသည်။ရော့ဆိုတဲ့ daddyလက်ထဲက စာရွက် ယူပြီကြည့်တော့အိမ်လိပ်စာ အိမ်လိပ်စာအရ လုံးဝသူဌေးတွေနေတဲ့ ရက်ကွပ်တခု ။ ဟာ တာတော့မလွန်ဘူးလား သူဌေးဖြစ်ပြီး ကိတ်ဆိုင်မှာတွေဝယ်လိုက်ရော ဘာဖြစ်မလို့လဲ ဟူး သူဌေးသူဌေးတွေ အရာရာပိုက်ဆံနဲ့ဘဲ။)

YOU ARE MY MINE(Jinmin shii)Where stories live. Discover now