အပိုင်း (၁၇)

8.4K 413 38
                                    

{Unicode}

... Lost...

***

Dark light hotel...

Hotelရဲ့ VIP room ထဲမှာ ရှိနေမိသည်...။ စားပွဲပေါ်မှ ဝီစကီတစ်လုံးကို ဖွင့်ကာ ဖန်ခွက်ထဲသို့ ထည့်လိုက်မိသည်။ ထို့နောက် နံဘေးမှ ရေခဲတုံးများကို ထည့်ကာ အခြေအနေကို စောင့်စားနေမိသည်...။

ခဏအကြာမှာတော့ မိမိရဲ့ ညာလက်ရုံး Lamorက ရောက်လာလေပြီ...။ သူ့ကို တိတ်တဆိတ် စုံစမ်းထားသည့် ကိစ္စလည်း ရှိသည်...။ အဲ့ဒီကိစ္စကို စောင့်စားနေမိသည်...။

ခဏ အကြာမှာတော့ Lamorက အခြေအနေကို တစ်ချက်ကြည့်ကာ သူ့အကျီ် အိတ်ထဲက သိုဝှက်ကာ ယူလာသည့် ပစ္စည်းတစ်ခုကို မိမိအား ပေးလာသည်မို့ လက်ခံယူလိုက်မိတော့...

အိတ်အနက်နဲ့ ထုတ်ထားသည့် Chipပြားငယ် တစ်ခု...။ ထိုအရာကို အနည်းငယ် ဆန်းစစ်ပြီးသည့် နောက်မှာ...နံဘေးမှာ ရပ်နေသည့် Lamorက...

"Sir... that's his profile. I have a little suspense, he is from another gang's ace(investigator)."

(ဆရာ... ဒါက သူ့ရဲ့ အကြောင်းပဲ...။ သူက တစ်ခြားဂိုဏ်းရဲ့ သူလျှို ဖြစ်မယ်လို့ နည်းနည်း သံသယ ရှိတယ်...)

"hmm..."

ထို့နောက် သူက မိမိဆီသို့ Fileတစ်ခု ပို့လာသည့် အချိန်မှာတော့...

"He has been in the another gang for a long time..Sir. Is it ok to keep him near stay beside you, he might be dangerous sir"

[သူက... တစ်ဖက် Gangမှာ အချိန်အကြာကြီး ရှိနေခဲ့တာ... ဆရာ...။ သူ့ကို ဆရာ့အနား ထားတာက အဆင်ပြေပါ့မလား?သူက အန္တရာယ် ရှိနိုင်တယ်...]

Lamor ရဲ့ ပြောစကားနောက်မှာတော့ မိမိက တစ်ချက် ပြုံးလိုက်မိသည်... ။ ထို့နောက် သူ့လက်ထဲမှ fileကို ယူလိုက်မိကာ...

"Is it so pure that its poisonous?"

[ဒီလောက် ဖြူစင်တာလေးက အဆိပ်အတောက်တဲ့လား?]

"..How is the situation on the other side?"

[တစ်ဖက်က အခြေအနေ ဘယ်လိုရှိလဲ...?]

"the bullets they put in cant be used because of us.. I think a little angry.."

[သူတို့ ထည့်ပေးတဲ့ ကျည်ဆံတွေက ကျွန်တော်တို့ကြောင့် သုံးမရတော့လို့... နည်းနည်းတော့ ဒေါပွနေတယ် ထင်တယ်...။]

D's ®- My SENORITA (Completed)حيث تعيش القصص. اكتشف الآن