အပိုင်း (၁၈)

9.3K 438 46
                                    

... Villains are not born , they are made...

****

ရက်အနည်းငယ် အကြာ...

ချောက်!

ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ နူတ်ခမ်းမှာ တွေ့ထားလိုက်မိသည်...။ ထို့ဘောင်းဘီအိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးကို ထုတ်ကာ ခြစ်လိုက်ပြီးသည့်နောက် ဆေးလိပ်ကို မီးညှိလိုက်မိသည်...။

ထို့နောက် စီးကရက်ငွေ့များကို ရှိုက်ကာတစ်မျိုး၊ ထုတ်တာမျိုးပင်....။

"ကျုပ်တို့ ပစ္စည်းကတော့ အရေးအသွေး ကောင်းပြီးသားပဲ... ။ ဒါကို ရဖို့ တစ်ခြားဘက်တွေက ကမ်းလှမ်းပြီး စျေးခေါ်ထားတာတောင် ကျုပ်တို့ မရွေးခဲ့ဘူး...။ ဆရာ... အဆင်ပြေရဲ့လား?"

မျက်နှာကျက်မှ မီးသီးအဝါကတော့ လေယူရာ ယိမ်းနေသည်...။ ထိုအချိန်မှာတော့ အလင်းရောင်ကတော့ ဟိုဒီရွေ့လျားပြီး မီးတန်းများက ပုံသဏ္ဍာန်မကျ....။

စားပွဲပေါ်မှာ ရှိနေသည့် အိတ်ထဲမှ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်မိသည်...။ ထို့နောက် နံဘေးမှာ ရှိနေသည့် Lamorကို လက်ဝှေ့ရမ်းပြလိုက်မိသည်...။

ထိုအချိန်မှာတော့ နံဘေးမှာ အချိန်အတော်ကြာ ရပ်နေသည့် Lamorက ထိုသူ့ဘက်သို့ သူ့လက်ထဲမှ အိတ်ကို ဟိုဘက်ကို သွားပြလေသည်....။

တစ်ဖက်မှ ရှိနေသည့် လူကလည်း သူ့နောက်မှ လူကို မိမိတို့ဘက်မှ ပစ္စည်းများကို ဆန်းစစ်းခိုင်းလေသည်....။

အားလုံးနှစ်ဦးနှစ်ဖက် ပစ္စည်းအခြေအနေ စိတ်ချရပြီ ဆိုတာနဲ့...

"အဟင်းဟင်း... ဒါကြောင့် Black Dက အရမ်းကို တိကျပြီး စိတ်ချရတာပါလို့...။ အခုလဲ ကြည့်လေ...။ ပစ္စည်းကို သေချာလေးကို ဆန်းစစ်ပြီး ယူလာပေးတာပဲ..."

"........"

ထိုသူ့အပြောကို သဘောကျစွာ ရယ်မောလိုက်ပြီးသည့်နောက် ဆေးလိပ်ကို တစ်ရှိုက်ဖွာပြီးသည့်နောက်....

"ဒါဆို ခင်ဗျားက ဘာလို့ မရိုးသားတာလဲ? ခင်ဗျား ယူလာတဲ့ ပစ္စည်းတွေက ပစ္စည်းအရေအတွက် 9ခု လျော့နေတာဆိုတာကို... မသိဘူး ထင်နေတာလား? ပြီးတော့ ဒီဟာ..."

D's ®- My SENORITA (Completed)Where stories live. Discover now