အပိုင်း(၁၃)

382 17 4
                                    

Unicode font

တိုက်ခန်းတံခါးကို ခေါက်လိုက်သည်။ ဒေါက်ဒေါက်
လာဖွင့်ပေးဝာာဧက
"အိမ်မက်ရောဟင်"
"အထဲမှာဒါပေမယ့် အရင်ဝင်ခဲ့လေ"
အထဲရောက်တော့အိမ်မက်သူငယ်ချင်းတအုပ်နဲ့ ဆိုဖာကိုနောက်မှီရင်း အိပ်နေသော အိမ်မက်
"သူတော်တော်မူးနေတာ သွန်းဖြိုးသူ"
"သူပြန်ရောက်တာကြာပြီလား"
"အင်းနဲနဲတော့ကြာပြီပေါ့ ရောက်ကတည်းကသောက်တော့အခုတော့မှောက်နေတာ ဘာပြောစရာရှိလို့လဲ ကျတော်ပြောပေးပါ့မယ်"
"တကူးတကတော့မဟုတ်ပါဘူး မုန့်အတူစားမလို့လုပ်တုန်းထွက်ပြေးသွားလို့ စိတ်ပူလို့ပါ သူငယ်ချင်းတွေနဲ့ဆိုတော့စိတ်ချပါပြီ အဲ့တာဆိုပြန်တော့မယ် နိုးလာရင်သာ ကျမဆီကို ဖုန်းဆက်ဖို့ပြောပေးပါ ကို--ဟိုဟို"
"ကျတော့်နာမည် ဧကပါ "
"ဟုတ် ကိုဧက အဲ့တာဆိုကျမပြန်တော့မယ် ကျေးဇူးပါပဲနော်"
"ဟုတ်ကဲ့" ပြောပြီးသွန်းဖြိုးသူပြန်သွားလို့တံခါးပိတ်ရုံရှိသေး နောက်ပြန်လှည့်အကြည့် အားလုံးက
"ဟေ့ကောင်ဧက ဘာတွေလဲ"ဆိုတဲ့ အသံကို
ဧကတစ်ယောက်စလယ်ဆုံးရှင်းပြလိုက်ရတော့သည်။
"ဪအဲ့တာဆို ဒီတိုက်ခန်းမှာ မိုးလေးနေနေတယ်ထင်တာပေါ့သူက" ဆိုတဲ့ ငထူးရဲ့အမေးကို ဧကမှ
"အေး ဟုတ်တယ် ဇာတ်လမ်းကပိုပိုရှုပ်လာသလိုပဲကွ ပိုဆိုးတာက သူနဲ့ဆောင်းဝဿန်နဲ့သိနေတာကအဆိုးဆုံး"
"အေးအဲ့တာဟုတ်လောက်တယ် ပြီးတော့ သူ့ကြည့်ရတာမိုးလေးကို ကြိုက်နေသလိုပဲနော်"ဆိုတဲ့ ငထူးရဲ့ မေးခွန်းကို မိချိုမှ"ဟဲ့ ငထူး ကြိုက်နေလို့ မုန့်စားရင်းထွက်ပြေးလာတဲ့အကောင်ကို စိတ်ပူပြီးအိမ်ထိလိုက်ရှာတာ‌ေပါ့ နင်အဲ့လောက်တုံးလို့ စော်မရတာ"
"အောင်မယ် နင်လဲတူတူပဲ မသမ မိချို"
"ကဲမင်းတို့ကလည်း သတ်မယ်ဆိုတာကြီးပဲ ဟိုကောင့်ကို လည်းအမူးပြေအောင်လုပ်ပေးကြပါဦးဟ" ဇွဲပြည့်အပြောကို ဧကမှ"ဇွဲပြည့်ထားလိုက်ဝောာ့ငါ ဒီကောင့်ကို အိမ်မှာပဲ သိပ်လိုက်တော့မှာ မင်းတို့ရော အိပ်သွားမလား"
"အေးကွာရောက်လက်စနဲ့မထူးဘူး အိပ်ကြတာပေါ့"
မနက်နိုးလာတော့ခေါင်းကအသေကိုက်
"အား ကျွတ်ကျွတ်"
ဘေးဘီဝဲကြည့်လိုက်တော့ သူငယ်ချင်းများအတုံးအရုံးအိပ်နေကြသည်။
"နိုးလာပြီလားငမူးကောင်"
မိချိုအသံကြောင့်
"ဟ မိချို"
"အေး ဟုတ်တယ် နင့်အမေ မိချို"
"နင်ကလည်း"
"ဘာနင်ကလည်း လူလိုမသောက်ဘဲ ခွေးလိုသောက်တဲ့အကောင်"
"မဟုတ်ပါဘူးဟာ"
"ဟုတ်တာမဟုတ်တာအသာထား ရော့ လီမွန်တီးသောက်အမူးပြေအောင်" ဪအရင်ထဲက ဆူဆဲ‌တတ်ပေမယ့်အဖွဲ့ထဲမှာ အကုန်လုံးကိုပတ်ဂရုစိုက်တတ်တာမိချိုပါပဲ။ အဲ့အချိန်အားလုံးနိုးလာတော့ "ကဲငမူးများ အားလုံးလီမွန်တီးသောက်ကြပါရှင့်"
"ဟာ မိချို အဲ့တာကြောင့် နင့်ကိုချစ်နေရတာ နင် ယောင်္ကျားမယူနဲ့ဟာ ငါတို့နဲ့တသက်လုံးနေ"
"အောင်မယ် မသ ငထူး နင်တို့နဲ့နေရင်ငါ့ဘဝမတွေးရဲစရာ"
"မစပါနဲ့တော့ကွာ ငထူးမင်းကလည်း ဒါနဲ့ မိုးလေး အဆင်ပြေလား"
"ခေါင်းတော့နဲနဲကိုက်ပေမယ့် အဆင်ပြေပါတယ် မင်းတို့ရော"
"ငါတို့ကအဆင်ပြေပါတယ် ဒါပေမယ့်"
"ဘာဒါပေမယ့်လဲဇွဲပြည့်"
"မင်းနဲ့သွန်းဖြိုးသူဇာတ်ကြောင်းတော့ငါတို့ကိုရှင်းပြရမယ်ထင်တယ်"
ဖြစ်စဉ်စလယ်အဆုံးပြောပြီးသကာလမှာ ငထူးမှ
"မိုက်တယ်ကွာမိုးလေးရာ အဲ့တစ်ယောက်ကတော်တော်ချောတာနော် ဟေ့ကောင် ငါတောင်ကြိုက်ချင်တယ်"
"အောင်မယ် နင့်ရုပ်နဲ့မတန်မရာ ဟိုကပြန်ကြိုက်မယ်အားကြီးကြီး ဟိုက မိုးလေးမှမိုးလေးဖြစ်နေပြီ"
"ဟာမဟုတ်ပါဘူးမိချိုရာ ငါတို့ကရိုးရိုးသူငယ်ချင်း"
"မိုးလေးမင်းအဲ့လောက်လွယ်လွယ်ကူကူပြောနေလို့မရဘူးနော် ဆောင်းနဲ့တုန်းကလည်းမင်းကို ငါပြောခဲ့ပြီပြီး အခုလည်းနောက်တစ်ယောက်က"
"ဇွဲပြည့်မင်းပြောတာထက် မိုးလေး မနေ့ကလုပ်လိုက်တဲ့အပြုအမူကနဲနဲတော့လွန်တယ်ကွာ မုန့်ကျွေးဖို့ခေါ်ပြီးမှ ဘလိုင်းကြီးထားခဲ့တာတော့ မင်းနဲနဲလွန်တယ် မိုးလေး"
"အေးကွာ ငါလဲ ဆောင်းဝဿန်ကို မြင်တာနဲ့ စိတ်တွေကလွတ်ထွက်ကုန်တာကွာ" ဇွဲပြည့်မှ ပခုံးကိုဖက်ရင်း
"မင်းအတိတ်ကရုန်းထွက်သင့်ပြီ"
အိမ်ပြန်လမ်းတစ်လျှောက်လုံး သူတွေးနေမိတာ ဆောင်းဝဿန် အခုထိဘာလို့မေ့မရတာလဲ ချစ်နေသေးတာလားဆိုတော့ ချစ်‌တာထက်ကြောက်နေသလိုကြီး ဘာခံစားချက်မှန်းမသိပါ။ သို့သော် ရုတ်တရတ် သွန်းအကြောင်းတွေးမိလျှင်တော့ စိတ်သက်သာရာရသည်။ တွေ့တဲ့အချိန်ကနေစပြီး ခုချိန်ထိ သူ့ကိုကြည့်တဲ့အကြည့်က ဂရုဏာအကြည့်နဲ့ပဲကြည့်ခဲ့သူ အမြဲအဆင်ပြေလားမေးတတ်ခဲ့သူ ဒါကြောင့်သူအားနာရသည်။ သွန်း ငါ့ကို မချစ်ပါနဲ့လား။
ဒီရက်ပိုင်းအလုပ်တွေရှုပ်နေသလိုဖြစ်တော့ သွန်းဖြိုးသူကိုတောင်းပန်ဖို့အချိန်မအား ပြီးတော့ ဆေးရုံကိုသူမသွားဖြစ်အောင် ကုမ္ပဏီမှာပဲ အလုပ်လုပ်ရင်း ညဆိုင်းတွေနဲ့ လုံးလည်ချာလည်လိုက်ကာ အခုမှအလုပ်လက်စသတ်ကာ အိမ်ပြန်မလို့နာရီကြည့်တော့ ည၁၀နာရီ ဪအချိန်တောင်ဒီလောက်ရှိပြီပဲ။ သူအိမ်ပြန်ရင်းအပြန်လမ်းမှာ တစ်ခုခုဝင်စားမလို့ ကားပါကင်မှာကားထိုးပြီး သူဆင်းလာပြီး ဆိုင်ထဲဝင်ရုံရှိသေး ရုတ်တရတ် သူ့ဆီပြေးလာသောအရာ ပြီးတော့သူ့ပါးပြင်ပေါ်လာကျရောက်တဲ့နူးညံ့တဲ့လက်နှစ်ဖက်နှင့်အတူ အနားကပ်လာသော မျက်လုံးတစ်စုံနှင့်အတူ ရှောင်ချိန်မရလိုက်တဲ့ သူ့နှုတ်ခမ်းကို ထိတွေ့လိုက်တဲ့ နူးညံ့တဲ့နှုတ်ခမ်းတစ်စုံ ရုတ်တရတ် သူချိုမြိန်လန်းဆန်းစေတဲ့ စတော်ဘယ်ရီ mint ရေခဲမုန့်အရသာလိုမျိုးနှင့်သူ့နှလုံးသားအဲ့အချိန်ခနတာ လတ်ဆတ်သွားရသည်။ ရုတ်တရတ်ဖြစ်‌သွားသော ချိုမြိန်တဲ့အနမ်းတချို့အောက် သူ့စိတ်ပင်ပန်းမှုမှာ ပျောက်ခြင်းမလှပျောက်ကွယ်သွားသည်။ ထိုအချိန်ခန ဆောင်းဝဿန် မင်းကိုငါပြန်မလိုချင်တော့တာသေချာသွားခဲ့ပြီ။အနမ်းကခနတာလေးပေမယ့်ရင်ခုန်သံဗြောင်းဆန်နေခဲ့ပြီမို့ ကိုယ့်ကိုနမ်းတဲ့သူကို လှမ်းအကြည့် သွန်းမှ သူ့လက်ကိုချိတ်ကာ
"မာန်ထက် ငါ့ကို နင်မနှောက်ယှက်နဲ့တော့ ဒါ ငါ့ချစ်သူပဲ ငါသူ့ကိုအရမ်းချစ်လွန်းလို့ မနည်းယူထားရတာတာ...."စကားမဆုံး‌ေသးခင် မာန်ထက်မှ သွန်းဖြိုးသူလက်မောင်းကို ဆုပ်ကိုင်ကာ
"နင် ဘာမဟုတ်တဲ့ကောင်တစ်ယောက်အတွက်နဲ့ နင်ငါ့ကို အဲ့လိုလုပ်လို့မရဘူး ဖြိုး ငါ့လို အဆင့်အတန်းနဲ့ အဲ့ကောင်လို အဆင့်အတန်းနင်လာမယှဉ်နဲ့"ပြောလည်းပြောလက်မောင်းကို လည်းအတင်းအကြပ်ဆုပ်ကိုင်သဖြင့် သွန်းဖြိုးသူမှ "အား နာတယ် ငါ့ကိုလွှတ်နော်"
"မလွှတ်ဘူး နင်အခုငါနဲ့ပြန်လိုက်ခဲ့ရမယ်" ထိုခန မာန်ထက်ဆုပ်ကိုင်ထားသော လက်ကောက်ဝတ်ကို ရိုက်ချခံလိုက်ရသောကြောင့် "အား!!!!" မာန်ထက်တစ်ယောက်လုပ်တဲ့လူကိုကြည့်တော့ ဖြိုးရဲ့ချစ်သူဆိုတဲ့အကောင် မာန်ထက် အံကို ကြိတ်ကာ မီးတဝင်းဝင်းတောက်နေသောမျက်လုံးဖြင့် ကြည့်ကာ "မင်းဖယ်နော် ဒါငါ့ကောင်မလေးမင်းနဲ့မဆိုင်ဘူး မင်းလိုအဆင့်အတန်းနဲ့"
"မင်းဘာကောင်လဲတော့ငါမသိဘူး ငါကဝောာ့ ငါ့လုပ်ကို ဆုပ်ကိုင်ထားတဲ့လက်ကို ဘယ်တော့မှပြန်မလွှတ်တဲ့ကောင် အဆင့်အတန်းဘာညာလာမပြောနဲ့ လူလူချင်းပဲကွာ မင်းကဘာပိုသာသွားလို့လဲ သေချာတာကတော့ အဆင့်အတန်းရှိတဲ့လူကသူများကိုဘယ်တော့မှ မချိုးနှိမ်ဘူး"ပြောပြီး အိမ်မက် သွန်းလက်ကို ပြန်ဆုပ်ကိုင်ကာ လှည့်အထွက် အနောက်ကမို့ လှည့်ပြီးအထိုးခံလိုက်ရသည်။
ခွပ် ! "မင်းလို စောက်ဆင့်နဲ့များ"
အလစ်မို့အထိုးခံရပြီးလူယိုင်သွားသည်။ နောက်တစ်ချက်အရွယ် ဒီတစ်ခါတော့မျက်နှာချင်းဆိုင်မို့ပြန်အရွယ် အိမ်မက်ရှေ့ဝင်လာသော လက်တစ်စုံမှ မာန်ထက်ပါးကို ဖြန်း!!!
"နင် တော်လောက်ပြီး မာန်ထက် နင်ထပ်လုပ်ရင် နင်နဲ့ငါ့ရဲ့ငယ်သူငယ်ချင်း သံဃောဇဉ်ကို ဒီနေရာမှာ ငါဖြတ်ပစ်မယ်" "ဖြိုးရာ နင်ဟာ လုပ်ရက်တယ်"
"ငါတို့နောက်ကို လိုက်မလာနဲ့နော်"
သွန်း အိမ်မက်လက်ကိုဆွဲကာ အပြင် ပြန်ထွက်လာခဲ့သည်။

Zawgyi font

အကြင်နာချစ်ခြင်းရဲ့ဆုံမှတ်Où les histoires vivent. Découvrez maintenant