အပိုင်း (၁၄)

355 17 5
                                    

Unicode font
သွန်း အိမ်မက် လက်ကိုဆွဲကာ ကားနောက်ခန်းထဲဝင်ထိုင်ရင်း
"ပြပါဦးဒီဘက်ကို" မျက်နှာကို လက်နှစ်ဖက်နဲ့အသာအယာ သူ့ဘက်ဆွဲယူရင်း
"အင်း တော်တော် နာသွားလားအိမ်မက်"
"နာတော့နာတာပေါ့ အထိုးခံရတာပဲဟာကို"
"အင်းသွန်းကြောင့်ဖြစ်ရတာသွန်းတောင်းပန်ပါတယ်"
"မဟုတ်တာ ကျတော်ပြောလိုက်တဲ့စကားတွေကြောင့်ပါမယ်ထင်တာပဲ"
"ဟင့်အင်း သွန်းဆေးထည့်ပေးမယ်" ပြောပြီးကားရှေ့ခန်းထဲကဆေးကိုလှမ်းအယူ
သွန်းလက်ကိုဆွဲကာ အိမ်မက် ဘက်လှမ်းယူရင်း
"ရတယ်သွန်းဆေးမလိုဘူး"
"ဒါဆိုအနာက-----"စကားမဆုံးသေး နှုတ်ခမ်းကိုဖိနမ်းခံလိုက်ရတာကြောင့်အသံခနတိတ်သွားသည်။
ကားနောက်ခန်းထဲရောက်လာချိန် သွန်းရဲ့လက်ဖဝါးနုနုလေးက အိမ်မက်ရဲ့ပါးပြင်ကို သူမျက်နှာနားဆွဲကပ်လိုက်ချိန် မိုးအိမ်မက် ရင်ခုန်သံတွေထိမ်းမရ ဝိုင်းစက်နေသောမျက်လုံးနှင့် ကကြီးပုံ နှုတ်ခမ်း ပါးပါးလေးတွေကြောင့်စိတ်ဘယ်လိုမှထိန်းမရအောင်ဖြစ်နေပြီ မိုးအိမ်မက် စိတ်ထိန်းစမ်းပါ သူ့ကြောင့်ဖြစ်တာပါဆိုပြီးငိုမတတ်ပြောရင်း ကားရှေ့ခန်းကဆေးဘူး လှမ်းအယူ မိုးအိမ်မက်ဘယ်လိုမှ သည်းမခံနိုင်တော့ "သွန်းဆေးမလိုပါဘူး"
"သွန်းရဲ့အနမ်းတွေပဲလိုအပ်တာပါ"စိတ်ထဲကပြောရင်း သွန်ဖြိုးသူဘာပြောမှန်းမသိလိုက်အောင် သွန်းနှုတ်ခမ်းလေးကို အသာအယာ ဖိကပ်နမ်းရှိုက်လိုက်မိတော့သည်။ မွှေးပျံ့တဲ့ရနံ့ ဝင်လေထွက်လေနှင့်အတူ အိစက်စက်နှုတ်ခမ်းလေး အား တရှိုက်မက်မက်နမ်းမိနေရင်း ဆေးစွဲသလိုမလွှတ်ချင်လောက်အောင်သာယာယစ်မူးနေမိသည်။ "အင်း း း
အိမ်မက် အသက် အသက်ရှူလို့်မရတော့ဘူး"
သွန်းဆီက အသံကြားမှ  အသိဝင်လာကာ
"အင်း း ဆောရီးပါ သွန်းကျတော် တကယ်တောင်းတောင်းပန်ပါတယ်"
"ဘာကိုတောင်းပန်တာလဲအိမ်မက်"
"ကျ ကျတော် သွန်းကို အနီးကပ်မြင်ရတာ စိတ်မထိန်းနိုင်လို့နမ်း မိလို့ပါ"
"အဲ့တာဆို သွန်းကို စိတ်မထိန်းနိုင်လို့နမ်းတာပေါ့"
"ဟုတ်ပါတယ် သွန်းရယ်စိတ်မဆိုးပါနဲ့"
"ဟင်း ဟင်း မဆိုးပါဘူး အိမ်မက်ရယ်"
"ဟို ဟို လေ"
"ဟိုဟို ဒီဒီတွေလုပ်မနေနဲ့ အိမ်ပြန်လိုက်ပို့ပေးမယ် အိမ်မက်မောင်း"
"အင်း ကျတော် မောင်းပေးမယ်"
"အင်း"
လမ်းတစ်လျှောက်လုံးဘာစကားမှမပြောနိုင် ရင်ခုန်သံဆူညံနေတာ အပြင်ကတောင်ကြားရမလားအောင့်မေ့ ဧကတို့တိုက်အောက်ရောက်မှ ကားရပ်ပေးပြီး နေရာလဲချိန် ကားပေါ်မှဆင်းပြီး သွန်းဒီဘက်ကို အလာစောင့်ရင်း သွန်းမှ
"အိမ်မက် "
"ဟမ်"သွန်းမှ အိမ်မက်
ပါးပြင်ကိုဖွဖွလေးနမ်းရှိုက်ကာ
"သွန်းလေ အိမ်မက်ကို ချစ်တယ် သွားပြီးနော် ဟဟီး"
ကားပေါ်တက်ကာချက်ချင်းမောင်းပြေးသွားသောကားကိုကြည့်ရင်း မိုးအိမ်မက်တစ်ယောက် ရင်ခုန်သံဗလောင်ဆူရင်းငုတ်တုတ်လေးကျန်ခဲ့ရသည်။ အဲ့ဒီ့အဖြစ်အပျက်ကို မြင်လိုက်ရတဲ့လူက ဆောင်းဝဿန်။
ကိုယ့်မျက်စိရှေ့မှာ မိုးလေးပါးကိုနမ်းလိုက်တာမြင်လိုက်ရတော့ ရင်ထဲမှာဝမ်းနည်းမိတယ် ငယ်ကချစ်တဲ့ငယ်ချစ်ဦးလေ ခုလိုကြီးကျနှလုံးသားကခံနိုင်ရည်မရှိဘူးမိုးလေးရယ် ဆောင်းဝဿန်ဒီနေ့ ဧကဆီကိုလာတာဖြစ်တယ် အဓိကက မိုးလေးကိုဆက်သွယ်ဖို့ မိချိုဆီကဧကအိမ်လိပ်စာကိုမေးပြီးသူလာခဲ့တာကားပေါ်ကဆင်းပြီးအောက်မှာပါကင်ထိုးပြီး ဧကတိုက်နားအရောက်သွန်ဖြိုးသူကားကိုတွေ့လိုက်ရသည်မို့လှမ်းကြည့်နေစဉ်ကားပေါ်ကနေ မိုးလေးဆင်းလာခဲ့သည်။ တစ်ဖက်မှလည်းသွန်းဖြိုးသူ ကားပေါ်မှဆင်းလာပြီး မိုးလေးပါးကိုဖျတ်ခနဲနမ်းကာ ကားပေါ်ပြန်တက်သွားပြီးကားမောင်းထွက်သွားသည်။ ကားထွက်သွားရာကိုငေးနေသောမိုးလေးနဲ့သူစကားပြောမှဖြစ်မည်ဟုဆိုကာ "မိုးလေး"
ရုတ်တရတ် သွန်းကားထွက်သွားတာကိုငေးချိန် ဟူးဒီနေ့လဲကားပြန်သွားယူရဦးမယ် ငါလဲ မြန်မြန်ရှင်းပြမှမဟုတ်ရင် ငါဧကဆီမှာနေရတော့မယ် ဆိုတဲ့အတွေးပေါင်းစုံနဲ့ တက်စီအရှာနောက်မှ "မိုးလေး" ကြားလိုက်ရတဲ့အသံ ချစ်လှစွာသော ခေါ်သံ ဆောင်းဝဿန် သူလှည့်ကြည့်လိုက်သည်။ ဝမ်းနည်းနေသောမျက်လုံးနှင့်သူ့ကိုစိုက်ကြည့်နေသော ဆောင်းဝဿန် "ဘာလဲပြော မင်းဘာလို့ငါ့နောက်လိုက်နေတာလဲ"
"မိုးလေးငါ ငါလေ နင့်ကိုပြောစရာရှိလို့"
"ငါနားမထောင်ချင်ဘူး နင်ငါ့ကို မနှောက်ယှက်ပါနဲ့ နင်သိပ်ချစ်တဲ့ နင့်လူကြီးနဲ့နေစမ်းပါ ဘာလဲငါ့ကိုနှိပ်စက်ရတာမဝသေးလို့လား"
"မဟုတ်ပါဘူး မိုးလေးရာ ငါ ငါ တကယ်ရှင်းပြ။  "
"မရှင်းပြနဲ့ ငါတကယ်နားမထောင်ချင်ဘူး နာကျင်စရာအတိတ်ကို ငါ့ကိုပြန်လာမတူးဆွနဲ့ ငါမင်းကိုမေ့ဖို့ ကြိုးစားခဲ့ရတာ ၆နှစ် ၆နှစ် ရှိပြီ မနေ့ကအထိမေ့လို့မရခဲ့ဘူး ဆောင်းဝဿန် ဒါပေမယ့်ဒီနေ့တစ်နေ့တော့မင်းကို ငါမေ့နိုင်သွားခဲ့တယ် ခနတာ ဒါပေမယ့်မင်းအခုဘာလို့ပြန်ပေါ်လာပြန်တာလဲ ငါမင်းကိုမုန်းတယ် ဆောင်းဝဿန် တကယ်မုန်းတာ အဲ့တော့မင်းငါနဲ့လာမပတ်သတ်ပါနဲ့ ကျေးဇူးပြုပြီး ငါတကယ်တောင်းပန်ပါတယ်" ပြောပြီး ကားတစ်စီးလက်တားကာ ကားပေါ်အမြန်တက်သွားသည်။ ကားပေါ်မှာ ထပ်ငိုခဲ့ရသည်။ မိုးအိမ်မက် မင်းခုထိခံစားချက်ရှိနေတုန်းလား။ ငယ်ကချစ်ရတဲ့ငယ်ချစ်ဦးလေဖြူဖြူစင်စင် ဘာအရောင်မှမပါပဲချစ်ခဲ့ရတဲ့ငယ်ချစ်ဦး သူရက်စက်တုန်းကလဲအသေအလဲ ခံစားခဲ့ရတာပဲ အချစ်ကြီးခဲ့တဲ့အတွက်အမြတ်လည်းကြီးတယ် ငါမင်းကိုခွင့်မလွှတ်ဘူး ဆောင်းဝဿန်။
အချစ်ကြီးသလိုအမျက်လည်းကြီးလွန်းတဲ့မိုးလေး တစ်ချိန်ကဆောင်းမျက်နှာ တစ်ကမ္ဘာထင်ခဲ့တဲ့ချစ်ရသူ အခုတော့ စိမ်းသက်သက်မျက်လုံးနဲ့ကြည့်ကာလှည့်ထွက်ပြေးသွားတဲ့သူ့ကျောပြင်ကိုကြည့်ရင်းဆောင်းဝဿန်ဘယ်လိုမှမခံစားနိုင်တော့ပါ အရုပ်ကြိုးပြတ်လို မြေကြီးပေါ်ထိုင်ချလိုက်ရင်း ရှိုက်ငိုမိကာ ဖုန်းလာတော့ကောက်ကိုင်လိုက်ကာ "ကိုကို"
တစ်ဖက်က ငိုသံဖြင့် သူ့အားခေါ်သံကြားလိုက်ရရာ ဝေယံမင်း ရင်ထဲမှာဆို့နစ်သွားသည်။
"ဆောင်း ဘယ်မှာလဲကိုကို ခုလာခဲ့မယ်။"
ဝေယံမင်းတစ်ယောက်ကားကိုအမြန်ဆုံးမောင်းလာကာ စိတ်ထဲတွင်လည်း ဒီရက်ပိုင်း ဆောင်းတစ်ယောက် မျက်နှာမကောင်းတာသူသိသည်။ ဘယ်ကောင်းနိုင်ပါ့မလဲ သူ့အချစ်ဦး‌ပြန်ရောက်လာတာကိုး။ ခွင့်လွှတ်ပါဆောင်းကိုကို လည်းဆောင်းကို သိပ်ချစ်လို့ မိုးအိမ်မက်လက်ထဲကရအောင်လုထားရတာပါဆောင်းရယ်။ ဝေယံမင်း ဆောင်းနားရောက်တော့ ထိုင်လျက်သားလေးငိုနေတာတွေ့တော့သူစိတ်မကောင်း ဒါပေမယ့်လည်း ဝေယံမင်းဆောင်းဝဿန်ကို သိပ်ချစ်ပါသည်။ ကိုကို့ကို ခွင့်လွှတ်ပါဆောင်းရယ်။
"ဆောင်း"
"ကိုကို "
"ဆောင်း ရယ် မငိုပါနဲ့ လာ ကိုကိုပြန်လိုက်ပို့ပေးမယ်"
ဆောင်းကိုသူအိမ်ပြန်လိုက်ပို့ပေးရင်း လမ်းတစ်လျှောက်လုံးသူ ချော့ခဲ့ရသည်။ ကိုယ်လုပ်ခဲ့တဲ့အရာအတွက်ကိုယ်တစ်သက်လုံးချော့နိုင်ပါတယ် မင်းကိုတော့ကိုကို ပိုင်ဆိုင်ပါရစေဆောင်း။

အကြင်နာချစ်ခြင်းရဲ့ဆုံမှတ်Wo Geschichten leben. Entdecke jetzt