အပိုင်း(၁၇)

642 18 4
                                    

Unicode

မတ်လရဲ့နွေရာသီကိုယ်ရောက်နေတဲ့နေရာကအေးတဲ့နိုင်ငံဆိုပေမယ့်ရင်ထဲကအလွမ်းတွေကိုတော့မပြေပျောက်နိုင်ဘူးရယ် ဒီရောက်တာတစ်လပဲရှိဦးမယ် ကျတော်တကယ်မနေနိုင်ပါဘူး ကျတော်ဆောင်းဝဿန်ကိုအရမ်းသတိရတယ် မိသားစုလိုက်ပြောင်းလာခဲ့ပေမယ့် မြန်မာနိုင်ငံမှာကလုပ်ငန်းတွေကျန်ခဲ့သေးတော့ တာကိုးကတော့အသွားအပြန်လုပ်နေဦးမယ်လို့ပါပါးကပြောပေမယ့် မိုးလေးလဲ မြန်မာပြည်ပြန်ချင်တယ်ပြောမထွက်ပါမပြောရဲပါ။ သတိရစိတ်ကြောင့်ဘာမှမလုပ်နိုင်ခဲ့ အဲ့အချိန် ကျဲကျဲမှ
"မိုးလေး ဒီတစ်ခေါက်ငါ မြန်မာပြည်သွားမှာ နင်လိုက်မလား "
"ကျဲကျဲ တကယ်ပြောတာလား လိုက်ချင်တယ်"
"အေး အဲ့တာဆို ငါပြောပေးမယ်"
အဲ့နေ့က‌အိပ်လို့တောင်မပျော်ပါ မနက်ရောက်တော့ မာမားက
"မိုးလေး ဟိုရောက်ရင် မင့် အကျဲစကားနားထောင်နော် မာမားတို့ဘာသံညာသံမှမကြားချင်ဘူး"
"စိတ်ချမား လိမ်လိမ်မာမာနဲ့ ပြန်လာခဲ့မယ်နော်"
အဲ့စကားက ကတိမတည်ဖြစ်ခဲ့မှန်းမိုးအိမ်မက် မသိခဲ့ပါ။
မြန်မာပြည်ကို အခြေချသည်နှင့်အိမ်မှာအထုတ်ချကာခြေလှမ်းများက ဆောင်းဝဿန်တို့အိမ်ဆီသို့ ခြံအပြင်ဘက်ကနေ လှမ်းကြည့်ပြီးမြင်လိုက်ရတာက သိပ်ချစ်ရပါသော ဆောင်း အိမ်ပေါ်မှာထိုင်ပြီးအဝတ်တွေခေါက်နေသော ကျတော်သိပ်ချစ်ရပါသောချစ်သူလေး
"ဆောင်း"
မတိုးမကျယ်အသံနဲ့ခေါ်သောကြောင့် သူရုတ်တရတ်မော့အကြည့် အံ့ဩသွားသောမျက်လုံးနှင့်
"မိုးလေး"
မတွေ့ရ‌တာကြာသော ဆောင်းမျက်နှာကို သူတမေ့တမောကြည့်ပြီး
"ငါနင့်ကို လွမ်းနေတာ ဆောင်းရယ်"
"ငါလဲနင့်ကိုလွမ်းနေတာ မိုးလေး"
ပြောပြီးသူ့ကိုပြေးဖက်လာသော ဆောင်းဝဿန်ကို သူပြန်ဖက်ကာ "ငါလေ အရမ်းပျော်တယ်ဆောင်း"
"ငါရောပဲ သူငယ်ချင်းတွေလည်းသိရင်သိပ်ဝမ်းသာမှာ"
အဲလိုနဲ့အလွမ်းသယ်နေကြပြီး နေ့တိုင်းဆောင်းဝဿန်တို့အိမ်မှာ သူငယ်ချင်းတွေနဲ့အဖွဲ့ကြလိုက် အိမ်ကို သူတို့ကိုခေါ်လိုက်နဲ့ ခနပြန်လာတာကို မေ့နေတုန်း ကျဲကျဲ မှ "မိုးလေး သဘက်ခါမနက် အစောကြီးဖလိုက်နဲ့ပြန်မှာနော် အဲ့တာနောက်ရက်တွေအပြင်မထွက်နဲ့တော့ပင်ပန်းမှာစိုးလို့"
"ဟမ်း ကျဲကျဲ အလုပ်ကိစ္စတွေကပြီးပြီလား"
"ပြီးတာကြာပြီ နင့်ကမပြန်ချင်သေးမှာစိုးလို့ ငါခနထပ်နေပေးတာ ပါပါးကလည်းပြန်ခေါ်နေပြီ"
"အင်းပါ"
အဲ့ညက မိုးအိမ်မက်တစ်ညလုံးအိပ်မရပဲမိုးလင်းသွားပြီးမနက် ဆောင်းဝဿန်အိမ်သွားပြီး
"ဆောင်း ငါသဘက်ခါပြန်ရတော့မယ်"
ဆောင်းဝဿန်ငြိမ်နေသည်။
"ဆောင်း ငါ့ကိုတစ်ခုခုပြောဦးလေ "
"ငါကဘာပြောရမှာလဲဟ"
"နင်ကလည်းဟာ ငါ့ကိုနဲနဲတောင်မဆွဲထားချင်ဘူးလား"
"ဆွဲထားလဲရမှမရတာ"
"နင်ငါ့ကိုမသွားစေချင်ငါမသွားဘူးဟာ"
"ဘယ်ဖြစ်မှာလဲ ငါတို့ကအခုမှအထက်တန်းကျောင်းသားတွေပဲရှိသေးတာ"
"ငါနင့်နဲ့ ထပ်မဝေးချင်ဘူးဟာ အိမ်ကို ငါညှိလိုက်မယ်ဒီမှာကျောင်းဆက်တက်မယ်လို့  ငါအခုပဲပြန်မယ်ဟာအိမ်ကို "
ပြောရင်းဆိုရင်းထထွက်သွားသောမိုးအိမ်မက်ကို ကြည့်ပြီး
"ငါလဲနင်နဲ့မခွဲချင်ဘူး မိုးအိမ်မက်ရယ်"
"ဘာ!!!!!" ကျဲကျဲ ရဲ့အသံက အိမ်ကလူတွေအကုန်လုံးထွက်လာတယ်
"နင်ကဒီမှာနေခဲ့မလို့ဟုတ်လား မိုးလေး ငါ့ကိုယုံလို့ထည့်ပေးလိုက်တာကိုနင်ကဒီလိုလုပ်တာလား ငါစိတ်ညစ်လိုက်တာဟာ"
"ကျဲကျဲ ငါဟိုမှာမနေချင်ဘူး ပျော်လည်းမပျော်ဘူး"
"ငါတို့ကရောပျော်နေတယ်ထင်လား မိုးလေး"
"မထင်ပါဘူးဒါပေမယ့်"
"ဘာဒါပေမယ့်တွေမလုပ်နဲ့ နင်ပြန်မလိုက်ချင်ရင် ကိုယ့်ဘာသာပြော"
ချက်ချင်း UK ကိုဖုန်းဆက်တော့ မိဘတွေနဲ့အခြေအတင်ဖြစ်သည်။ မိုးအိမ်မက်ဒါကအခွင့်အရေးမို့ နောက်ဆုံးစကားပြောလိုက်သည်။
"မားတို့ပါးတို့ကြိုက်တာလုပ်မိုးလေးကတော့ဒီမှာပဲနေမယ် ပိတ်ရက်မှအလည်လာမယ်"
မာမားကတော့ ဘာမှမပြောနိုင် ပါပါးကတော့ တစ်ခွန်းတည်း "ရတယ်လေ နေချင်သပါ့ဆို ကိုယ့်ဘာသာဒုက္ခခံပြီးနေပါတဲ့ ဒီနေ့ကစပြီးသူမထောက်ပံ့တော့ဘူးလို့အပြတ်ပြောတယ်။ ပြန်လာချင်ရင်တော့ အချိန်မရွေးပြန်လာခဲ့လို့ရတယ် အဲ့အချိန်တော့ တခြားဘာညာဇယားအကုန်လွှတ်ချပြီးပြန်လာလို့ရတယ်လို့ပြောပြီးဖုန်းချသွားတယ်။ မိုးအိမ်မက်လဲ ဘာဖြစ်ဖြစ်လောလောဆယ် ပါမစ်ရသွားပြီမို့ပျော်နေသည်။ သို့သော် ကျဲကျဲ မှ ဖုန်းချပြီးသည်နှင့် "မိုးလေး နင် ပစ္စည်းသိမ်း အခုနင်သွားချင်တဲ့နေရာကို သွားလို့ရပြီ နင်အပြီးပြန်လာမယ်ဆိုမှ ဖုန်းဆက် ကျန်တဲ့ဘာကိစ္စရှိရှိ နင့်သေရေး‌ရှင်ရေးမဟုတ်ရင် မဆက်နဲ့ ဟုတ်ပြီနော် နင့်ဘက်ကဇယားတွေရှင်းပြီးပြန်လာချင်တယ်ဆို ကျဲကျဲ လာခေါ်မယ် အခုတော့ နင်ကံကောင်းပါစေ"
အထုတ်ဆွဲပြီး ဆောင်းဝဿန်အိမ်ကိုထွက်လာသည် နောင်တမရှိ ပျော်ရွှင်မှုအတိနဲ့ ဆောင်းတို့အိမ်ရောက်တော့
သူမိသားစုကမျက်လုံးအပြူးသား ရောက်လာမှတော့မခေါ်လို့ကမကောင်း ဒီလိုနဲ့ ဆောင်းဝဿန်ဆိုတဲ့နားခိုရာလေးမှာ ပျော်ရွှင်မှုအပြည့်နဲ့ပေါ့ ချစ်သူအနားရှိတော့အားရှိတာပေါ့ ဒီလိုနဲ့ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေကိုကျော်လွန်ဖြတ်သန်းခဲ့ပြီးနောက် ကျောင်းပြန်ဖွင့်တော့ ဆောင်းဝဿန်အိမ်ကပဲသူ့ကိုကျောင်းထားပေးတယ် အရာရာကပျော်ရွှင်ဖွယ်ရာအတိ မှောင်မိုက်တဲ့နေ့မရောက်ခင်အထိပေါ့ အဲ့နေ့က ကျောင်းကအပြန် ဆောင်းဝဿန်အိမ် မှာ မုန့်လုပ်စားကြမယ်ဆိုပြီး သူငယ်ချင်းတွေအားလုံးတူတူပြန်လာချိန်လမ်းထိပ်အရောက်
"ဆောင်းလေး သမီး"
"ဟင် အမေ"
"သမီးကိုကြီးကားတိုက်ခံရလို့တဲ့"
"ရှင် အမေ "
"အခုအမေတို့ လိုက်သွားရမယ်"
သူတို့သူငယ်ချင်းတစ်ဖွဲ့နဲ့ ဆောင်းအမေနဲ့ဆေးရုံကို ကပြာကယာရောက်သွားပြီး အရေးပေါ်အခန်းမှာမေးရင်း ခွဲစိတ်ခန်းရှေ့မှာ ဘုရားထိုင်တနေသည်။ ခွဲစိတ်ပြီးပြန်အထွက်မှာ ကိုကြီးနံရိုးကျိုးသွားသည်။ သို့သော် အသက်မသေတာက ကံကောင်းတယ်လို့ပြောရမယ်။ အဲ့လိုနဲ့ နောက်ရက်တွေဆောင်းကျောင်းကနေရက်ရှည်ခွင့်ယူပြီး သူ့အကို ကို ပြုစုပေးရတာကတစ်မျိုး အိမ်မှာ အမေနဲ့ မိုးအိမ်မက်ကပိုက်ဆံရှာဖို့လုပ်ရတာတစ်မျိုးနဲ့ ဒုက္ခပေါင်းစုံရောက်ရတဲ့အချိန်မှာ မိုးအိမ်မက်အပိုဝင်ငွေ ရှာမှဖြစ်တော့မည်။ မိုးအိမ်မက် ကျောင်းတစ်ဖက်နှင့်ဂိုက်လိုက်သင်ရင်း ရသမျှပိုက်ဆံကို အိမ်စရိတ်အတွက်ရှာပေးရတော့သည်။ ကျောင်းတစ်ဖက်နှင့် အလုပ် ရှုပ်နေသော မိုးအိမ်မက်နှင့် ဆေးရုံတစ်ဖက်နှင့် ကျောင်းစာကို အမှီလိုက်နေရသော ဆောင်းဝဿန် ပျော်ရွှင်ချိန်ဆို တာမရှိသလောက်ပင်။ အဲ့လိုနဲ့ ဆေးရုံဆင်းရမယ့်ရက်ရောက်ခါနီး အချိန် ပိုက်ဆံရှင်းရတော့မည့်အချိန်မှာ လက်ထဲတွင်ပိုက်ဆံစုမိထားသည်ကလည်းမရှိနဲ့ သူတို့သုံးယောက် ဒုက္ခပင်လယ်ဝိုင်းနေသည် ကားနှင့်တိုက်သွားသည့်လူကို လည်းယခုထိဖမ်းလို့မမိ။ ခေါင်းချင်းဆိုင်ပြီး အတွေးများစွာနှင့်ပူလောင်နေရသည်။ မိုးအိမ်မက်ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူ အဖေကုမ္ပဏီကိုသွားပြီး သု့အဖေဆီဖုန်းဆက်ခိုင်းလိုက်သည်။
"အေးပြော ပြန်လာတော့မှာလား"
"ပါပါး မိုးလေးကို ကူညီပါ ပိုက်ဆံလေး သိန်းနှစ်ဆယ်လောက်"
"ပိုက်ဆံမလိုအပ်ဘူးလို့ ပြောခဲ့တာဘယ်သူလဲ ငါကငါပြောတဲ့ စကားပြန်မပြင်တတ်ဘူး အေးအဲ့ပိုက်ဆံသိန်းနှစ်ဆယ် လိုချင်ပို့ပေးမယ် ဒါပေမယ့် အခုချက်ချင်းဒီကိုပြန်လာရမယ် ဘယ်လိုလဲ"
"ပါပါးအဲ့လိုမညစ်ပါနဲ့အခုအရမ်းခက်ခဲလို့ အကူအညီတောင်းတာပါ"
"ငါ့စကားကုန်ပြီ ပြန်လာရင်ရမယ် ဒါပဲ"
ဖုန်းချလိုက်သည်နှင့် မျက်ရည်တွေအလိပ်လိုက်ကျလာသည်။ ဪ ပိုက်ဆံကတကယ်စကားပြောတယ်ဆိုတာမှန်ပါလား။ သူစိတ်ပျက်လက်ပျက်နဲ့ ဆေးရုံကိုသွားတော့ ဆောင်းမှ
"မိုးလေး နင်ဘယ်သွားနေတာလဲ ငါတို့နင့်ကိုစောင့်နေတာ ဒီမှာ အဆင်ပြေသွားပြီး ဒီအကိုကြီးကူညီပေးတာ"
မိုးအိမ်မက်လှမ်းကြည့်လိုက်တော့ ရုပ်ရည်သန့်ပြန့်သော အကိုကြီးတစ်ယောက်ကို သူတွေ့လိုက်ရသည်။
"ဒါလေ ကိုကြီးကို တိုက်မိတဲ့ ကားပိုင်ရှင်တဲ့ သူ့ဒရိုင်ဘာကတိုက်မိလို့ သူလာရှင်းတာပါတဲ့ အရင်ရက်တွေက သူမလာတာခရီးလွန်နေလို့ပါတဲ့"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်အကို"
"ဒါဆို အကိုတို့သွားကြရအောင်လေ"
အဲ့နောက်ပိုင်း အဲ့အကိုက အိမ်ကိုအဝင်အထွက်အရမ်းလုပ်လာသည်။ နေ့တိုင်း လာသည်။ ကျောင်းကိုတစ်ခါတစ်လေ လာကြိုသည်။
"ဆောင်း အဲ့အကိုက ဘာလို့ ကျောင်းလာကြိုတာလဲ ပြီးရင် နင့်ကို ကြည့်တဲ့မျက်လုံးတွေငါမကြိုက်ဘူးဟာ"
"အောင်မလေး ငါ့ချစ်သူလေးကသဝန်တိုတာလား သူကကျေးဇူးရှင်မို့လို့ပါ "
သူကပေါ့ပေါ့ပါးပါးပြောပေမယ့် မိုးအိမ်မက် ခံစားချက်ကမကောင်း။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ ရက်နီးလာတော့ ကျောင်းတွေပိတ်ပေးသည်။ ဒီကြားထဲမှာစာတွေလဲ သင်ရ စာတွေကျက်ရနဲ့လူကပင်ပန်းနွမ်းနွယ်နေသည်။ သူဂိုက်ပြလာပြီး အပြန် အိမ်ပေါ်တက်ခါနီး သူကြားလိုက်ရသည်မှာ "အကို့ကို အကြောင်းပြန်နော် ညီမ အကိုစောင့်နေမယ်"
"အင်းပါ အကို ညီမပြန်ပြောပေးပါမယ်"
သူကြားလိုက်ရတာဘာလဲမသိပေမယ့် သူမေးမှဖြစ်မည်။သူအိမ်ဘေးဘက်ကိုပြေးပုန်းပြီး ကားထွက်သွားသည်နှင့်
"ဆောင်း!"
"အောင်မလေးလန့်လိုက်တာ မိုးလေးရယ်"
"နင်ခုနကအဲ့ကောင်နဲ့ ဘာပြောနေတာလဲ"
"ဟယ် မိုးလေး နင်ဘယ်လိုပြောလိုက်တာလဲ"
"နင်သူနဲ့ဘာပြောတာလဲလို့မေးနေတယ်လေ"
"ငါဘာပြောလို့လဲ"
"နင့်ဆီကအဖြေ ကို သူစောင့်နေမယ်ဆိုတာလေ"
"ဪဘာမှမဟုတ်ပါဘူး စာမေးပွဲဖြေပြီးသွားရင် သူ့ဆီမှာအချိန်ပိုင်းလက်ထောက်လုပ်မယ့်ကိစ္စပါ"
"မလုပ်ရဘူး ငါမကြိုက်ဘူး"
"အေးပါ အေးပါ ငါ့ချစ်သူမကြိုက်ရင်ငါမလုပ်ပါဘူးဟာ"
"အေးပြီးရော အဲ့တာဆိုလဲ"
အဲ့ကိစ္စကို အဲ့မှာတင်ပြီးမယ်ထင်ခဲ့တာ နောက်နေ့သူဂိုက်သင်ဝောာ့ ဂိုက်သင်ပေးတဲ့ကောင်လေးက "အိမ်လေး"
"ဘာလဲ ဟေ့ကောင်"
အရွယ်က မတိမ်းမယိမ်းမို့ တခါတလေ အဲ့လိုပဲစတတ်သည်။
"ငါအတည်ပြောမှာ မိုးအိမ်မက်"
"မင်းတော့ထိုးခံရတော့မယ် ဘာလဲပြော"
"ငါဆောင်းဝဿန်ကိုဘဲတစ်ပွေ နဲ့ ------မှာတွေ့ခဲ့တယ်"
"ဘာ"
"ဟေ့ကောင်ငါ့ကိုမနောက်နဲ့နော်"
"ငါအတည်ပြောနေတာ"
မိုးလေးမယုံခဲ့ပါ ပြန်ရောက်တော့
"ဆောင်းနင်ဒီနေ့ဘယ်သွားခဲ့လဲ"
"ငါဘယ်မှမသွားပါဘူး ဘာလို့လဲ "
"ဒီတိုင်းမေးကြည့်တာ"
""အင်း ပင်ပန်းနေပြီးလား ရေချိုးလိုက်တော့ ထမင်းစားမယ်လေ"
"အင်း"
နောက်ရက်ဂိုက်မသင်ပဲ လိုက်ချောင်းမယ်ဆိုပြီးလမ်းထိပ်နားကအစောင့် ခနနေကျတော့ ဆောင်းထွက်လာသည်။ ပြီးတော့ ကိုဝေယံမင်း ကားပေါ်တက်သွားသည်။ မောင်းထွက်သွားသောကားကိုကြည့်ကာတောက်တစ်ချက်ခေါက်လိုက်သည်။ ညနေပြန်လာတော့ သီချင်းတအေးအေးနဲ့ အထုပ်ကြီးငယ်ဆွဲကာ အိမ်ပေါ်တက်လာသော ဆောင်းဝဿန်ကို
တစ်ချက်ကြည့်ပြီး အခန်းထဲဝင်သွားသည်။ ဒီအချိန်ကြီးအိမ်မှာရှိနေသောမိုးအိမ်မက်ကိုမြင်ပြီးလန့်သွားတဲ့ဆောင်းဝဿန်ချက်ချင်းအခန်းထဲလိုက်ဝင်ကာ
"မိုးလေး စာသွားမသင်ဘူးလား"
"ဆောင်းနင်ဘယ်က ပြန်လာတာလဲ"
"ကိုဝေယံမင်းလေ ငါ့မွေးနေ့အတွက်တွက်"
စကားတောင်မဆုံးသေး
"နင် တိတ်လိုက်‌ေတာ့ဆောင်းဝဿန်"
မိုးလေးရဲ့အော်သံကြောင့် ဆောင်းအရမ်းလန့်သွားကာ
"နင်ဘာဖြစ်နေတာလဲ"
"အဲ့တာနင့်ကို မေးရမှာနင်အဲ့ကောင်ကားပေါ်တက်သွားတာငါမြင်လိုက်တယ် ဟိုနေ့ကလည်း -----ဆိုင်မှာ နင်တို့ပြုံ‌းပျော်နေတာကို ငါ့ကျောင်းသားမြင်လိုက်တယ် နင်မရှက်ဘူးလား"
အဲ့အချိန် အိမ်ပေါ်ကို
"ဆောင်း ညီမရေ"
ခေါ်သံနှင့်အတူ ဝေယံမင်းတက်လာသည်။
မိုးအိမ်မက်အိမ်ရှေ့ကိုပြေးထွက်ကာ
"မင်းဘာလာလုပ်တာလဲ" ပြောကာ ကော်လန်စကိုဆွဲလိုက်ပေမယ့် သူ့လက်နှစ်ဖက်ကို ရိုက်ထုတ်လိုက်တဲ့ လက်ဖဝါးကြောင့်ကြောင်သွားသည်။
"တော်တော့မိုးအိမ်မက်"
"ဆောင်းဝဿန် မင်း"
"အကို နောက်မှညီမရှင်းပြပါမယ် ပြန်လိုက်တော့နော်"
"အိုကေပါညီမ ညီမလေးမင်းလဲစိတ်ထိန်းဦး အမှားပါမယ်"
"ခဗျားဘာပြောတာလဲ"
""မိုးအိမ်မက် နင့်ကို ငါတော်တော့လို့ပြောနေတယ်လေ"
"အကိုပြန်ပါတော့နော် ညီမတောင်းပန်ပါတယ်"
"အကိုပြန်မှာပါ ညီမ"
ပြောရင်းလှည့်ထွက်သွားတဲ့ သူ့ကိုမိုးအိမ်မက် လှမ်းအဆွဲ
တော်တော့မိုးအိမ်မက်ဆိုကာ သူ့ကို ဆောင့်တွန်းလိုက်တာကြောင့် အိမ်တိုင်စောင်းနဲ့ မျက်ခုံးနဲ့ထိကာ မျက်ခုံးကွဲသွားသည်။ ထိုအချိန်အမေမှပြန်ရောက်လာကာ
"ဟဲ့ဘာတွေဖြစ်နေတာလဲ လမ်းမှာဝေယံမင်းနဲ့တွေ့တော့ အိမ်အမြန်ပြန်လိုက်ပါဆိုလို့ ဘာဖြစ်ကြတာလဲ ကလေးတွေ"
ကျလာတဲ့ သွေးစက်တွေကို လက်နဲ့သုတ်ရင်း
"ဆောင်းဝဿန် မင်းတစ်ခုကိုရွေး ငါနဲ့ ဝေယံမင်း"
"မို‌းလေး နင့် နင့်မျက်ခံုးမှာသွေးတွေ"
" ငါ ဂရုမစိုက်ဘူး နင်ဖြေ ဘယ်သူလဲ"
"ငါ ငါတောင်းပန်ပါတယ်ဟာ"
"မင်း ငါ့ကို မရွေးခဲ့ဘူးပဲ ငါ့မှာတော့ အရာရာစွန့်ပြီးရွေးခဲ့တာ မင်းနဲ့ငါ့အဖေ ပြောတာသိပ်မှန်တယ် ပိုက်ဆံကအရေးကြီးတယ်ဆိုတာကို မင်းအခုသက်သေပြလိုက်တာပဲ မင်းကို ငါအရမ်းမုန်းတယ်"
ပြောကာ သူပြေးထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့ ဘဲလ်တီးလိုက်တော့ အိမ်ကခြံစောင့်တံခါးလာဖွင့်ကာ "အရီးရေ ဒီမှာမိုးလေးပြန်လာတယ် ‌မျက်နှာမှာလဲသွေးတွေနဲ့"
"ဟဲ့ ဘယ်လိုဖြစ်တာတုန်း"
"အရီးကျဲကျဲကိုဖုန်းခေါ်ပေးပါ"
"အေးပါကွယ် မျက်နှာလေးတော့အရင်သစ် အရီးဆေးထည့်ပေးမယ်"
"ရတယ် ဖုန်း အရင်ခေါ်ပေး"
"ခေါင်းမာလိုက်တာကွယ် အရီးခေါ်ပေးမယ်အခု"
တီ----- တီ -----တီ
"ဟယ်လို အရီးပြော"
"မို‌းလေးက ဖုန်းပြောချင်လို့တဲ့"
"ကျဲကျဲ မို‌းလေး မနက်ဖြန်ပြန်လာမယ်"
"အိုကေ ငါအခု လေယာဉ်နဲ့ချက်ချင်းဆင်းလာပြီ"
ပြောကာဖုန်းချသွားသည်။ နောက်နေ့ချက်ချင်းလေယာဉ်ဆိုက်တာနဲ့ သူ့ကိုခေါ်ကာလေယာဉ်ပေါ်ပြန်တက်ပြီး ချက်ချင်းပြန်လာသည်။ ဘာမေးခွန်းမှမမေးသလို ဘာစကားမှလဲမပြောခဲ့ပါ။ အိမ်ပြန်ရောက်တော့ ပါပါးမှ
"ပင်ပန်းသွားပြီ မနက်ဖြန်ကျောင်းစတက်ဖို့ပြင်တော့"အဲ့စကားတစ်ခွန်းပဲပြောကာအလုပ်ကိုထွက်သွားသည်။အဲ့လိုနဲ့နေ့ရက်တွေကို လူသေလိုပဲ ဖြတ်သန်းခဲ့ပြီး အခုမြန်မာပြည်ကို ပြန်လာဖို့ပြောတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်ကြတယ် အရာရာသူတို့အကြိုက်လိုက်ပြီးမှ အခု အာခံပြီးထွက်လာတာ သွန်းကို စတွေ့တဲ့ ချောင်းသာက အဲ့တာ ပြန်ရောက်ပြီးနောက်တစ်နေ့ပဲ။ ဒါအကုန်ပဲ သွန်း ဘာသိချင်သေးလဲသွန်း"
သွန်း သူ့ကို တစ်ချက်ကြည့်ကာ ဖက်ထားလိုက်သည်။
သူရုတ်တရတ်မို့ကြောင်သွားကာ နောက်မှ ပြန်ဖက်လိုက်ကာ
"ဘာလို့လဲ သွန်း အရမ်းနေမကောင်းဖြစ်နေလို့လား"
"ဟင့်အင်း သွန်း အိမ်မက်ကိုအရမ်းချစ်တယ် သွန်းအိမ်မက်ကို ဘယ်တော့မှထားမသွားသလိုသစ္စာလဲမဖောက်ဘူး"
"မျှော်လင့်နေပါမယ် သွန်း အခုတော့ မှန်း စမ်းကြည့်ရအောင်နေကောင်းလားလို့"
"နေကကောင်းတယ် စိတ်ကမကောင်းတာ အိမ်မက်ကဖုန်းမဆက်ပဲဖြစ်ထားတော့"
"မဟုတ်ပါဘူး အမှန်က"
"ရပါပြီ မရှင်းပါနဲ့တော့ယုံပါတယ်"
"အင်း အဲ့တာဆို အိမ်မက်ပြန်လိုက်ပို့ပေးမယ်နော် "
"အင်း"
Zawgyi code

အကြင်နာချစ်ခြင်းရဲ့ဆုံမှတ်Tahanan ng mga kuwento. Tumuklas ngayon