Part 23

6 1 0
                                    

"အကို"
"အင်းညီမပြော"
"ဂျင်းနီတို့လက်ထပ်ပြီးကတဲကဟန်းနီးမွန်းမထွက်ရသေးဘူးနော်"
"အင်းအဲ့တော့"
"ဂျင်းနီဟန်းနီးမွန်းထွက်ချင်တယ်"
"ဟာညီမရယ်..အဲ့တာတွေမလိုပါဘူး..အကိုတို့ဒီတိုင်းဘဲနေကြရအောင်"
"ဘယ်လိုပြောလိုက်တာလဲအကိုရယ်...လင်ရယ်မယားရယ်ဖြစ်လာရင်ဟန်းနီးမွန်းလေးတော့ထွက်ကြတာဘဲလေ"
"ပကာသနတွေပါဂျင်းနီရယ်.ကိုယ့်တာဝန်ကိုယ်ကျေရင်ပြီးရောပေါ့"
"အကို!ဘယ်လိုလုပ်ပြောရက်ရတာလဲ..အကိုဘာလို့ညီမကိုအဲ့လောက်တောင်စိမ်းကားရတာလဲဟင်..ညီမကအကို့ကိုဘာများလုပ်လို့လဲ..အကို့ဆီကဘာများလုယူခဲ့လို့လဲ..ဘယ်သူ့ဆီကရောအကို့ကိုလုယူခဲ့တာမို့လို့လဲ"
"ယူခဲ့တယ်လေ!မင်းငါ့ကိုသူ့ဆီကလုယူခဲ့တာလေဂျင်းနီဂင်မ်!"
"ဘယ်သူ့ဆီကလည်း"
"ယွန်းဂီဟျောင်းဆီကငါ့ကိုလုာူခဲ့တယ်လေ!"
"ဘယ်လို"
အဲ့တော့မှခနကြောင်သွားပြီး
"အော်..အကိုပြောတာက.အကိုတို့ကညီအကိုအရင်းတွေလို့နေကြတာလေ..အခုလိုဗြုန်းစားကြီးလက်ထပ်လိုက်တာဆိုတော့..အကိုဆီကနေညီလေးကိုလုယူလိုက်သလိုဘဲပေါ့"
ဂျင်းနီဘာမှပြန်မပြောပေမဲ့စဉ်းစားနေသည်
"ဂျင်းနီကဘယ်ကိုသွားဖို့စဉ်းစားထားလဲ"
"အင်း..စဉ်းစားတုန်း"
"ဟုတ်ပြီ..စဉ်းစားလို့ရရင်ပြောနော်"
"ဟုတ်ကဲ့"
Jn pov"ငါကအကိုယွန်းဂီဆီကနေသူ့ကိုလုယူတယ်?ဘယ်လိုဘဲညီအစ်ပါပြောပြောလေ.ဒါကတော့နည်း"လွန်တယ်မဟုတ်ဘူးလား.."
"ဟာ......တော်ပြီမတွေးတော့ဘူး"
ဆိုပြီးအခန်းထဲဝင်သွားလေသည်
"ငါပြောလိုက်တာလွန်များသွားလားမသိဘူး..သူလဲသွားချင်ရှာမှာပေါ့.."
ဂျီမင်းပြန်သုံးသပ်နေသည်..သူလွန်သွားတာသူသိတယ်
"ငါဘဲသူ့ကိုချော့လိုက်ပါမယ်လေ"
ဆိုပြီးအခန်းထဲထွက်လာသည်
"ဂျင်းနီ..ဂျင်းနီရေ..လာပါဦးကွာ"
"ဟုတ်ကဲ့အကို"
"စဉ်းစားပြီးပြီလား..အကိုတို့ဘယ်သွားကြမလဲ"
"အင်...အကို့ရဲ့ဒယ်ဂူးကိုသွားလည်ကြမယ်လေ"
"ဒယ်ဂူး?"
"ဟုတ်"
ဒယ်ဂူးဆိုတော့လည်းသူ့ရဲ့တစ်ယောက်သောသူကိုသတိရမိတယ်...
"အင်းကောင်းပြီလေ..သွားကြတာပေါ့"
"အ့ဆိုအမေတို့ကိုပြောလိုက်ဦးမယ်နော်"
"ကောင်းပြီ"
နောက်ဆုံးတော့တရန်အေးသွားပြီ..ဒါမဲ့သူ့ရင်ထဲကအပူကတော့မအေးပါ
"ဂျင်းနီဟိုကိစ္စကိုမေ့လောက်ပါပြီနော်..သူမစဉ်းစားနေလောက်ပါဘူး"
ပါးစပ်ကတေလွှတ်ခနဲထွက်လိုက်ပေမဲ့ဂျင်းနီကမှတ်ထားနေရင်အခက်တွေ့မှာလေ
~~~
Yoongi side
ဂျီမင်းပေးထားဖူးတဲ့လက်ကောက်လေးကိုထုတ်ကြည့်ရင်း
"ဂျီ..မင်းပျော်နေလား..ဂျင်းနီကတော့မင်းကိုဂရုစိုက်တယ်လို့ကိုယ်ကြားတာဘဲ..အဲ့တာအမှန်ဘဲလားကလေး..ဂျင်းနီကကိုယ့်လောက်မှမင်းကိုပျော်ရွှင်မှုပေးနိုင်ရဲ့လားကွယ်..ကိုယ်မင်းကိုတး်ခေါက်လောက်တော့တွေ့ချင်ပါသေးတယ်ကွာ"
လက်ကောက်လေးကိုဖွဖွနမ်းရင်းမျက်ရည်တွေကျဆင်းလာသည်
"ဒါပေမဲ့ဂျီ..ကိုယ်ဇာတိကိုပြန်ပြီးတော့ဘဲ..ရိုးရှင်းတဲ့လူသားတစ်ယောက်လုပ်တော့မယ်..ဂျီကိုပြောပြဖူးသလို..ကိုယ်စားသောက်ဆိုင်သေးသေး‌ေလးတစ်ခုဖွင့်မယ်..ဂျီကြိုက်တဲ့အစားအစာလေးတွေတင်မယ်..ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ဟုတ်နေတာဘဲနော်..ဂျီလည်းအဆင်ပြေနေတယ်မလားဟင်..ထယ်ယောင်းတို့ပြောတာတော့..ဂျီအဆင်ပြေတယ်တဲ့..ကောင်းပါတယ်..ကိုယ်ကျေနပ်ပါတယ်"

Diary ( Since In 1962 )SWhere stories live. Discover now