ကျန့်ကျန့်တစ်ယောက် ရိပေါ်ကိုနှုတ်ဆက်ပြီး ကျောင်းဝင်းထဲသို့ဝင်လာခဲ့သည်။ကျန့်ကျန့်ဟာ အသက်၁၆နှစ်သာရှိသေးတဲ့ အထက်တန်းပထမနှစ်ကျောင်းသားလေးဖြစ်ပေသည်။ အရင်ကတော့အစိုးရကျောင်းမှာတက်ခဲ့ပေမဲ့ ကျန့်ကျန့်ကစာတော်တဲ့ကျောင်းသားမို့လို့ ပညာသင်ဆုရကာ ထိုပုဂ္ဂလိကကိုယ်ပိုင်ကျောင်းသို့ပြောင်းလာရခြင်းဖြစ်လေသည်။ ကိုယ်ပိုင်ကျောင်းဆိုတော့ အရာရာက အသစ်အဆန်းသဖွယ်ပင်။ကျောင်းတော်ကြီးဟာလည်းအတော့်ကိုလှပပေသည်။ ကျောင်းအဝင်ပေါက်ကနေ လမ်းလေးအတိုင်းလျှောက်လာလျှင် သစ်ပင်ပန်းပင်လေးတွေမျိုးစုံတွေ့ရသည်။ ပန်းပင်တွေဆိုသည်မှာလည်း အတော်ကိုစုံလင်ပေသည်။
ပြီးတော့ စာလုပ်စရာ ထိုင်ခုံလေးနဲ့စားပွဲဝိုင်းလေးလည်းရှိသည်။ပြီးတော့ အရိပ်ရတဲ့သစ်ပင်ကြီးတွေအောက်မှာဆို ခုံတန်းကလေးတွေလုပ်ပေးထားပါသည်။ ကျန့်ကျန့်ဒီကျောင်းကိုစရောက်တော့ပျော်လည်းပျော်သလိုအားလည်းအားငယ်မိပါသည်။ဘာလို့ဆို ဒီကျောင်းက တရုတ်နိုင်ငံရဲ့အကောင်းဆုံးကျောင်းတွေထဲမှ နံပါတ်၁နေရာကိုရထားသည့်ကျောင်းဖြစ်လေသည်။ ပြီးတော့လူချမ်းသာ သားသမီးတွေပဲ့တက်နိုင်တဲ့ကျောင်း။ကျန့်ကျန့်တို့သားအမိကမဆင်းရဲဘူးဆိုပေမဲ့ အရမ်းချမ်းသာတဲ့အထဲတော့မပါဝင်ပေ။ကျန့်ကျန့်လည်းအတွေးတွေကိုအဆုံးသတ်ကာ သူတက်ရမဲ့အခန်းကိုလိုက်ရှာကာ တွေ့တာနဲ့ အခန်းရဲ့ ပြတင်းပေါက်နားက ခုံလေးမှာ သွားထိုင်လိုက်သည်။ သူထိုင်ပြီးသည်နှင့် ကောင်မလေးတစ်ယောက်က သူ့အနားသို့ရောက်လာကာ
"နိဟောင်"
"ဟုတ် နိဟောင်ပါ"
"မင်းကကျောင်းသားသစ်လား"
"ဟုတ်ပါတယ်ခင်ဗျ"
"နာမည်ကရှောင်းရှောင်းကျန့်လား"
"ဟုတ်"
"ဒါဆို တီချယ်တွေပြောပြောနေတဲ့စာတော်တဲ့ကျောင်းသားတစ်ယောက်ပြောင်းလာမယ်ဆိုတာ မင်းထင်တယ်"
"ဗျာ"
"ဟော မကြောက်ပါနဲ့ဟ ငါကနင့်ကိုကိုက်မစားပါဘူး နင်နဲ့ခင်ချင်လို့ပါ"

YOU ARE READING
Only you (မင်းတစ်ယောက်သာ)
Fanfictionအရာရာကိုသွေးအေးရက်စက်လွန်းပြီး တရုတ်ပြည်ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အသက်အရွယ်အားဖြင့် (၂၈)နှစ်ရှိပြီသော်ငြား ဘယ်မိန်းကလေးမှစိတ်မဝင်စားပဲ ကလေးငယ်တစ်တည်းကိုပဲရင်ခုန်ခဲ့ရသူ မားဖီးယားကြီး ဦးဝမ်ရိပေါ် မိခင်နှင့်အတူ အထည်ဆိုင်လေးဖွင့်ကာ အေးအေးချမ်း...