အပိုင်း-၆

1.6K 80 2
                                    

"ကလေးငယ်ကို ဘယ်သူကအိမ်ပြန်ခိုင်းနေလို့လဲ"

"ဗျာ😳"

"ဒါကကလေးငယ်ရဲ့အိမ်ပဲ့လေ ဘယ်ကိုသွားမှာတုန်း"

"ဦးကလည်းနောက်နေပြန်ပြီ ဒါကဦးအိမ်လေ ကျန့်ကျန့်အိမ်မှမဟုတ်တာ"

"‌ဦးမနောက်ဘူး ကလေးလေး"

"ဗျာ😳"

"ကျစ် ဦးဒီလိုစကားကို ပြောရမှာစောသေးပေမဲ့နားထောင်ပေးစေချင်တယ် ဦးကလေးငယ်ကို အရမ်းချစ်တယ် ဦးကားပေါ်ကဆင်းလာကတည်းက ဖြူဖြူဥဥသေးသေးလေးနဲ့မျက်မှန်အဝိုင်းလေးနဲ့ ပါးဖောင်းဖောင်း ကောင်ငယ်လေးကို သဘောကျနေမိခဲ့တာ မဟုတ်ဘူး ချစ်ပါချစ်မိသွားခဲ့တာ"

" ဟင်"

"ဒါကြောင့် ကလေးငယ်ကို ကိုယ်ရံတော်တွေချက်ခြင်းလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့တာ ဒီနေ့ကစပြီးကလေးငယ် ဦးအိမ်မှာပဲ့နေရမယ်"

"ဗျာ ဟင့်အင်း မနေဘူး ကျန့်ကျန့်မားမားဆီပြန်မှာ ဦးအိမ်မှာမနေချင်ဘူး"

"ကလေးငယ် ဦးစကားနားထောင်စမ်း"

"ဟင့်အင်း မနေပါဘူးဆို ကျန့်ကျန့်မားမားဆီပြန်မှာ"

"ကောင်းပြီလေ ကလေးငယ်မားမားကိုထိခိုက်စေချင်ရင် ကလေးငယ်ပြန်လို့ရတယ်"

"ဗျာ မားမားကိုဘာမှမလုပ်ပါနဲ့"

"ဒါဆို ကလေးငယ်ဦးနဲ့နေရမယ်"

"....."

"ဦးညာနေတာမဟုတ်ဘူးနော် ဦးကပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တယ်"

"မားမားကိုဘာမှမလုပ်ပါနဲ့ နေဆိုနေပါ့မယ် အဟင့် အီးဟီး"

တောင်းပန်ပါတယ်ကလေးငယ်။ကလေးငယ်ကိုခုလိုမှမပြောရင် ကလေးငယ်ကိုယ့်ရင်ခွင်ထဲကထွက်သွားမှာစိုးလို့ပါ။ခနလောက်တော့ငိုလိုက်ပါကလေးငယ်။ပြီးရင်တော့နောက်ထပ်မျက်ရည်ကျခွင့်မပေးတော့ဘူးနော်ကလေးငယ်။

ရိပေါ်တစ်ယောက်စိတ်ထဲကတွေးလိုက်ပြီး ကလေးငယ်ကိုမျက်ရည်တွေသုတ်ပေးလိုက်တယ်။

"တိတ်တော့ကလေးငယ် ဆန်ပြုတ်သောက်ပြီးဆေးသောက်ရအောင်"

"ဟုတ်ကဲ့ဦး"

Only you (မင်းတစ်ယောက်သာ)Where stories live. Discover now