အပိုင်း-၁၃

1K 74 4
                                    

ကျန့်ကျန့်တစ်‌ယောက်ကျောင်းထဲရောက်လာတာနဲ့ ကျန်းချန်နဲ့နာဟီးကိုအရင်ရှာမိတယ်။ သူတို့ကိုမြင်တော့မှကျန့်ကျန့်လည်း သူတို့နဲ့အတူ ကျောင်းခန်းထဲဝင်လာခဲ့တော့သည်။ ကျန့်ကျန့်တို့ရောက်ပြီး မကြာပါ သင်ကြားပေးမဲ့ ဘာသာရပ်ဆရာ‌ရောက်လာခဲ့လေသည်။

"မဂ်လာဆရာ"

"မဂ်လာပါ ကလေးတို့ ထိုင်ကြနော်"

"......"

"ကဲ ဒီနေ့ဆရာက မင်းတို့အရင်တစ်ပတ်ကဖြေထားတဲ့ သခ်ျာအမှတ်စာရင်းလေးတွေကြေညာပေးမယ်နော် အမှတ်အများဆုံးကနေစကြေညာပေးပါ့မယ်"

"......"

ကျောင်းသားတွေကတော့ အမှတ်စာရင်းဆိုတာနဲ့မျက်လုံးအရောင်တလက်လက်ဖြစ်ကုန်ကြလေသည်။ ဟုတ်သည်လေ ဟွားရင်ထွက်သွားပြီးတာနဲ့ ရှောင်းကျန့်ကသာ အပတ်စဉ်ပထမပဲ့ရလာသည်မလား။ ရလိုက်တဲ့အမှတ်ကလည်း မိုးလောက်တောင်မြင့်တယ်။ အခုတစ်ပတ်လည်းအမှတ်အများဆုံးဘယ်သူရမလဲလို့ အထူးတလည်မေးယူစရာပင်မလို ဘယ်သူမှန်း သူတို့သိလေသည်။ဒါပေမဲ့ ဟွားရင်ရဲ့နောက်လိုက်ပါကောင်မများကတော့ရှောင်းကျန့်ကိုမနာလိုတဲ့အကြည့်နဲ့သာစိုက်ကြည့်နေကြသည်။ဒါပေမဲ့ဘာမှလည်းမလုပ်ရဲကြပေ။ဘာလို့ဆို ဝမ်ရိပေါ်ကိုကြောက်လွန်း၍သာဖြစ်သည်။ဘယ်လောက်ပဲ့မနာလိုလို ဘဝကြီးနဲ့အလောင်းအစားထပ်ရလောက်အောင်ထိတော့သူတို့သတ္တိမရှိပေ။ ထို့အပြင်ဟွားရင်အဖြစ်ကိုလည်းမြင်ထားတော့ ပို၍ပင်သတ္တိမရှိပေ။

"အမှတ်အများဆုံးသူလေးက အားလုံးထင်ကြတဲ့အတိုင်းပဲ့ ရှောင်းရှောင်းကျန့်လေးဖြစ်ပါတယ် congratulations ပါသားရေ"

"👏👏👏👏"

"ကဲ သား အတန်းရှေ့လေးထွက်လာပါအုံး ဆရာဆုချီးမြှင့်ချင်လို့"

ကျန်းချန်နဲ့နာဟီးကတော့ ပြုံးပြပြီး လက်ခုပ်လေးတီးကာ

"သွား သွား ကျန့်ကျန့်လေး"

"ဟုတ်"

ကျန့်ကျန့်လေးလည်းဆရာခေါ်တဲ့အတိုင်း အတန်းရှေ့သို့ထွက်လာကာ ဆုကိုလက်ခံယူခဲ့သည်။

"ဂုဏ်ပြုပါတယ်သားရေ ဖြေလိုက်တိုင်းအမှတ်ပြည့်ရတော့ဆရာတောင်အံ့ဩနေမိပြီ နောက်လည်းဆက်ကြိုးစားနော်သား"

Only you (မင်းတစ်ယောက်သာ)Where stories live. Discover now