Part-9

30 6 2
                                    

ပိုင်မြတ်ဘုန်းသော် ရှိနေပြီမို့ထင်သည်။ နန်းတော်ထဲနေရတဲ့ အချိန်တွေကြာလာတာနဲ့အမျှ စစရောက်တုန်းကလို အစိမ်းသက်သက်ကြီးဖြစ်မနေတော့ဘဲ လိုက်လျောညီထွေရှိလာသည်။ အစပိုင်းတုန်းကတော့ ဘာမှကြိုပြောခြင်းမရှိဘဲ နန်းတော်ထဲလာခဲ့ရသည့်အတွက် စိတ်ထဲသိပ်အဆင်ပြေမနေပေ။ သို့သော်လည်း မင်းထင်ရဲ့ဘေးနားမှာကော်လိုကပ်ကာ စိတ်ပြေအောင်စကားတွေပြောရင်းကြိုးစားနေရှာတဲ့ Golden retriever အကြီးစားကြီးကြောင့် နောက်ဆုံးတော့လည်း စိတ်လျော့လိုက်ရတော့တာပင်။

မင်းထင်က ပုံမှန်ဆိုဒီလောက် စိတ်ပျော့တတ်တဲ့အထဲမပါပေ။ အမြဲလိုလို ပိုင်မြတ်ဘုန်းသော်တစ်ယောက်တည်းကိုသာ တင်းမခံနိုင်ဖြစ်ရသည်။ ချွဲနည်းမြူနည်းပေါင်းချုပ်များ လေ့လာထားသလားမသိရအောင် ဘယ်သူမှဒီကောင်လေးကို ကြာကြာစိတ်မဆိုးနိုင်ကြပေ။ မျက်နှာဖြူဖြူလှလှလေးရယ်နှင့် စကားသံချိုချိုလေးရယ်ပါပေါင်းပြီး သွက်လက်ပေါ့ပါးစွာနေတတ်တာကြောင့် နန်းတော်တစ်ခုလုံး၏ အလိုလိုက်သည်းသည်းလှုပ်ခြင်းကို ခံနေရသည့် ဆက်ခံသူအရှင်သခင်လေးပင်။

ယခုလည်း အဝတ်အစားလဲဦးမည် ဟုဆိုကာ မင်းထင်ကို သူ့အခန်းထဲဆွဲခေါ်ပြီး ကုတင်ထက်ကမွေ့ရာပေါ်ထိုင်စေကာ စောင့်နေစေသည်။ အပြင်မှာပဲစောင့်နေပါမယ် ဆိုတာကို အတင်းအခန်းထဲဆွဲခေါ်ကာ ထိုင်ခိုင်းထားခြင်းပင်။ ဆက်ခံသူသခင်လေးရဲ့ အခန်းဖြစ်တာကြောင့် တန်ဖိုးကြီးအသုံးအဆောင်များနဲ့သာ ပြည့်နှက်နေပြီး Game item အချို့ကိုလည်း collectionများနှင့်တကွ သေချာစုဆောင်းထားတာကြောင့် လူငယ်ဆန်ဆန်အငွေ့အသက်ကိုလည်းရရှိလေသည်။

မွေ့ရာပေါ်ထိုင်ကာ ခြေထောက်တွေကိုတော့ကြမ်းပြင်မှာချထားရင်း ငြိမ်ငြိမ်လေးကြည့်နေမိတုန်း ရေချိုးခန်းထဲကနေ အသံတစ်သံထွက်လာသည်။

" ကိုကို ကျွန်တော် ရေလဲအဝတ်လေးကျန်ခဲ့လို့ ယူပေးပါဦး "

" မင်း နေမကောင်းသေးဘူးလေ။ ဘာလို့ရေချိုးနေတာလဲ "

အဝတ်လဲဖို့ ရေချိုးခန်းထဲဝင်သွားတယ် ဟုထင်နေသော်ငြား ရေထချိုးနေတာမို့ အံ့သြသွားမိသည်။ တစ်ခုခုဖြစ်သွားရင် မင်းထင်ရှိရက်နဲ့ ရေချိုးတာကိုမတားဘဲ လွှတ်ထားသလိုမျိုးဖြစ်နေတာကြောင့် ခေါင်းတောင်ကိုက်လာသည်။ ပိုင်မြတ်ဘုန်းသော်က တကယ်မျက်ခြည်ပြတ်ခံလို့ကိုမရတဲ့ ကောင်ဆိုးလေးပင်။

Bloody Rose & Red WineWhere stories live. Discover now