Part-31

31 5 0
                                    

အတိတ်ကာလ။

နောက်ဆုံးကျမှ ဖြေဆိုရသည့် စတုတ္ထနှစ်တွေရဲ့ Final examပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် Winscard Universityကြီးဟာလည်း ကျောင်းသားတွေအတွက် နားရက်အနေဖြင့် တစ်လကြာမျှသတ်မှတ်ပေးလိုက်လေသည်။ ထို့ကြောင့် မင်းထင်ကတော့ ဒီတစ်လော ဂိုဏ်းရဲ့ကိစ္စအရပ်ရပ်တွေကိုသာ ပိုမိုစီမံဆောင်ရွက်နေမိရင်း ခေါင်းထဲမှာ စက္ကန့်မခြား ပေါ် ပေါ်လာတတ်သည့် အတွေးတွေကို ဖျောက်ဖျက်ထားရသည်။

အားလပ်သွားတဲ့အချိန်တိုင်း ထိုနေ့က ပိုင်မြတ်ဘုန်းသော် ပြောသွားခဲ့သည့် စကားတွေက မင်းထင်ရဲ့အတွေးထဲမှာ နေရာယူထားသည်။ ကျောင်းပြန်ဖွင့်မည့်နေ့အထိ တစ်လကြာမျှ အချိန်ပေးသွားတဲ့ ပိုင်မြတ်ဘုန်းသော်က သူ့စကားကိုတည်စွာ မင်းထင်ကို လုံးဝ မဆက်သွယ်တော့ပေ။ စာကြည့်စားပွဲပေါ်မှာတင်ထားသည့် ဖုန်းကိုကြည့်ရင်း မင်းထင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ပိုင်မြတ်ဘုန်းသော်နှင့်မင်းထင် နောက်ဆုံးတွေ့ခဲ့သည့်နေရာကား လွန်ခဲ့သည့် ဆယ်ရက်ကျော်လောက်က တတိယနှစ်တွေရဲ့ နှုတ်ဆက်ပွဲမှာပင်။ တတိယနှစ်ကျောင်းသားတစ်ယောက်နဲ့ ဖုန်းပြောနေတုန်း ဖုန်းထဲကနေ ပိုင်မြတ်ဘုန်းသော်ရဲ့ ချော်လဲသွားတဲ့အသံကျယ်ကြီးကို ကြားရာမှ စိတ်ပူပြီး ကမန်းကတန်း ညတွင်းကြီး အိမ်ကနေလိုက်သွားမိခဲ့ခြင်းဖြစ်သည်။ ဟိုဆီကို ရောက်တော့လည်း အမူးသမားလေးက မင်းထင်ကို မမှတ်မိပုံပင်။ ဝင်တိုက်ကာ ရမ်းသမ်းပြီးလည်း နမ်းသွားသေးသည်။

ထိုအကြောင်းတွေကို ပြန်တွေးမိတော့ မင်းထင် မိမိရဲ့ နှုတ်ခမ်းလွှာတွေကို ခပ်ဖွဖွလေး တို့ထိကြည့်လိုက်မိသည်။ ရက်တွေအများကြီး ကြာလာခဲ့ပြီဖြစ်သော်ငြား ထိုညက အထိအတွေ့တွေက ယခုထိတိုင် မင်းထင်ရဲ့ စိတ်ထဲမှာစိုးမိုးထားဆဲပင်။ တစ်ဖက်က အသိစိတ်ပုံမှန်ရှိမနေတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ထင်ရာအတိုင်း ပြုမူသွားမိခြင်းမျိုးဖြစ်ပြီး နောက်တစ်နေ့မနက်ရောက်ရင်တောင် မှတ်မိတော့မှာမဟုတ်ပေ။

သို့သော် မင်းထင်ကတော့ စိတ်ရော၊လူပါ ပုံမှန်အခြေအနေဖြင့် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကြောင့် ထိုညက ဖြစ်ရပ်တွေအားလုံးက အာရုံထဲမှာ စွဲထင်ကျန်ရစ်နေသည်။ တတ်နိုင်သမျှမတွေးမိအောင် ဂိုဏ်းရဲ့အလုပ်ကိစ္စတွေထဲကို စိတ်နှစ်ထားသော်ငြား အခုလို နည်းနည်းလေး အလုပ်ပါးသွားတာနဲ့ ပြန်တွေးမိပြန်သည်။ တစ်ဖက်က မူးနေလို့ အမှတ်မထင်ဖြစ်ပျက်သွားတဲ့ ကိစ္စလေးတစ်ခုသာသာ ပဲကို မင်းထင် ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်တော့ပေ။

You've reached the end of published parts.

⏰ Last updated: May 17 ⏰

Add this story to your Library to get notified about new parts!

Bloody Rose & Red WineWhere stories live. Discover now