သူတို့အားလုံးလှဇော်အိမ်တွင်ရှိနေကြသည် အကြောင်းမှာလှဇော်၏အိမ်တွင်ရောက်နေပြီးဖြစ်သောရွက်နုဆီသို့သတင်းလာမေးကြခြင်းဖြစ်သည် လှဇော်ကတော့သူကြီးခေါ်လို့ထွက်သွားနေချိန်ရွက်နုကိုစကားအစ်ကာမေးရတော့လေသည်
"ရွက်နု နင်လှဇော်နောက်ဘာလို့လိုက်သွားတာလည်း"
"ငါမသိဘူး နင်ပုန်းဖို့ဆွဲခေါ်သွားတယ်ထင်ပြီးလိုက်သွားတာ ဟိုရောက်မှနင်မဟုတ်သူဖြစ်နေတယ် "
ရွက်နုစကားကြောင့်သူတို့အားလုံးနှာခေါင်းလေးရူတ်သွားကြသည် ကိုယ့်လက်ကိုဆွဲခေါ်သွားတဲ့သူကိုဘယ်သူဘယ်ဝါမှန်းမသိလောက်အောင်ထိအရတာလား နှောင်းဇေ ဘိုကျားကိုကျော်တက်ကာရွက်နုဆီတိုးသွားလိုက်သည်
"ရွက်နုငါ့ကိုအမှန်တိုင်းဖြေပေး "
ရွက်နုကခေါင်းငြိမ့်ပြသည် နှောင်းဇေ ရွက်နုကိုသေချာကြည့်ကာ
"နင်သူ့ကိုခံစားချက်မရှိဘူးလား "
ရွက်နုမျက်နှာလေးငယ်သွားရသည်ကိုအားလုံးသတိထားမိလိုက်ကြသည် မဲကျော်ကရွက်နုလက်ကိုကိုင်ကာ
"နင်သာ ခံစားချက်မရှိဘူးလို့တခွန်းပဲပြော ကျန်တာငါတို့ကြည့်ရှင်းလိုက်မယ် "
အာလုံးကလည်းရွက်နုဖြေလာမည်စကားကိုစောင့်မျှော်ကာနေကြသည် တကယ်လို့ရွက်နုသာခှဇော်ပေါ်ခံစားချက်မရှိတာမှန်ရင် သူတို့ဘယ်သူမျက်နှာမှမကြည့်ပဲခေါ်ထုတ်သွားမည်ဖြစ်သည် ဒါကလည်းတစ်ဦးတည်းသောသူငယ်ချင်းမလေးကိုအပြန်အလှန်ခံစားချက်ရှိသော အိမ်ထောင်ရေးကိုသာပိုင်ဆိုင်စေလိုသောကြောင့်ဖြစ်သည် ..
" မရှိဘူးလို့ပဲ သတ်မှတ်
"မဟုတ်ဘူး နှောင်းဇေ ငါ..ငါသူ့ပေါ်ခံစားချက်ရှိနေတယ်"
သွားပြီးရင်တစ်ခုလုံးကိုစုတ်ပျက်သတ်သွားသည့်အဖြေကိုရွက်နုကပေးသည် အဖြေကိုစောင့်စားနေသူတွေထဲကမှ
ကိုခန့်၏နှလုံးသားတစ်စုံဟာရုတ်ချင်းရပ်တန့်သွားခဲ့ရတော့သည်လေ
"ဟင် ဘယ်တုန်းထဲကလည်း "
"ငါလည်းသေချာတော့မသိဘူးဆိုပေမဲ့ သူနဲ့ခုလိုဖြစ်တာငါဝမ်းမနည်းသလိုနောင်တလည်းမရဘူးဖြစ်နေတယ် "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024
![ကျွန်တော် နှင့် ရွှေညာသား [ complete ]](https://img.wattpad.com/cover/355781629-64-k167049.jpg)