Part-11🍃(part-2)(uni+zawgyi)

998 109 8
                                    

ကွန်ဒိုသည် တစ်ယောက်ထဲနေရလို့ထင်
အတော်ပင် ကျယ်ဝန်းသည်။ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်း ၊ မီးဖိုခန်းနှင့် ဧည့်ခန်းကျယ်ကြီးဟာလည်း သူ့နေရာနဲ့သူ အစီစဥ်တကျ။
တစ်ယောက်နေဖို့အတွက်ဆိုရင်တော့
တော်တော်လေး အဆင်ပြေတာထက်
ပိုသည်။

လူမနေတာမို့ ဖုန်အနည်းငယ်ရှိသောကြောင့်
မနက်ပိုင်းတွင် သီချင်းလေးဖွင့်ထားကာ
လုပ်စရာရှိသည့် သန့်ရှင်းရေးများလုပ်လိုက်သည်။
အကုန်ပြီးစီးသည့်အချိန် နာရီကြည့်တော့ 2 နာရီလောက် ရှိပြီ။ မနက်စာလည်း မစားရသေး၊
နေ့လည်စာလည်း ကျော်သွားပြီ။ ခဏအနားယူ၍
ရေချိုးလိုက်ကာ အဆင်​ပြေမဲ့ အင်္ကျီယူဝတ်လိုက်ပြီး
အန်ကယ်လဲပေးလိုက်သည့်ဒီဘက်နိုင်ငံမှ ပိုက်ဆံအချို့ကိုယူကာ
အနီးအနား စတိုင်းဆိုင်တစ်ခုကို ဝင်ကာ
အိမ်အတွက်လိုအပ်သည်များနှင့်
ညစာပါတစ်ခါတည်း ဝယ်ဖို့ ထွက်ခဲ့တော့သည်။

လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း
လေတိုက်သည့်အချိန် ပုဝါပါးလေး လွင့်သလိုနှယ်။
စိတ်သည် ညကအိမ်မက်ကြောင့်
လန်းဆန်းနေပြီး ပေါ့ပါးနေသည်။
အိမ်မက်...... အိမ်မက် က ဘာလဲဆို??
ကလေး............။
ဟုတ်တယ် ကလေး
တစ်ချို့ အိမ်မက်တွေကို မိုးလင်းရင် မမှတ်မိတာ
များပေမဲ့ ညက အိမ်မက်ကတော့ အတိအကျကို
ကလေးငယ်တစ်ယောက်သာ ရည်ရွယ်ကြောင်း။

နေရာအပြောင်းအလဲကြောင့်
အိပ်ရတာသိပ်အဆင်မပြေ အိပ်တစ်ဝက်၊
နိုးတစ်ဝက်အခြေအနေမှာမက်တဲ့ အိမ်မက်။
သူ့ရဲ့ဗိုက်ထဲမှာ ကလေးလေးရှိနေခဲ့တာတဲ့လေ
ဖလင်ပြားလေး တစ်ချက်မှမြင်နေရသည့်
ကလေးငယ်သည် သိပ်အူယားဖွယ်..............
ထိုအချိန် ကောင်လေးလည်း ဘေးမှာရှိနေခဲ့ပြီး
တောင်းပန်စကားတို့ တစ်ဖွဖွ ပြောနေခဲ့တာတဲ့လေ။

အဲ့ဒီမြင်ကွင်းကို ဘေးလူတစ်ယောက်လို
မြင်ရရင်တော့ ဝမ်းနည်းဖွယ်ပေါ့။
ဒါပေမဲ့ ကလေးငယ်ဆိုသည့် အသိကပင်
ပျော်ရွှင်စေသည်။

အတွေးတို့သည် မျက်နှာထက် ထင်ဟပ်ကာ
နှုတ်ခမ်းထူထူတို့သည် ပြုံးလျှက်........။
အတွေးတို့ရပ်ကာ
1 stop mart ဆိုသည့်ဆိုင်းဘုတ်ချိတ်ထားသော
ဆိုင်ထဲဝင်ကာ
လိုအပ်သည်များဝယ်လိုက်သည်
ညစာအတွက်လည်း ခေါက်ဆွဲတစ်ဗူးဝယ်ပြီး
ကောင်တာတွင် ငွေရှင်းလိုက်သည်။

"မောင့်ရဲ့ ကကြိုး"Where stories live. Discover now