Prologue

2K 122 7
                                    

Prologue - unicode
မင်္ဂလာဆောင်အကြိုတစ်ခုတွင် အနက်ရောင် suitအား ဝတ်ဆင်ထားသော အမျိုးသားသည် ဆိုဖာပေါ်၌ တိတ်ဆိတ်စွာထိုင်ကာ, သူ၏ ဝိုင်ခွက်ထဲရှိ ရဲရဲနီလျက်ရှိသော အရည်ကြည်တို့ကို ပြန်ငြိမ်သွားတဲ့ ဖြေးညှင်းစွာ လှည့်နေခဲ့သည်။

သတို့သားဖြစ်သူသည် သူ၏ဘယ်ဘက်လက်အား မြှောက်ကာ လည်စည်းအား ဖြေလျှော့လိုက်ရာ ရှပ်အင်္ကျီ၏ ကော်လာဖြူမှ သူရဲ့ ရှည်လျားကာ ဆလင်ဒါကျသော လည်တိုင်ကားဖော်ပြလျက် ရှိသည်။ သူရဲ့ ပျင်းရိနေပုံရတဲ့ အကြည့်ထဲတွင် ရှိနေခဲ့သော အပြုံးမှာ တိမ်တိုက်တစ်ခုလို လျင်မြန်စွာ ပျောက်ကွယ်သွားလေရဲ့ ။

သူ့လို သတို့သားတစ်ယောက်ဟာ ဝိုင်ခွက်ကို ကိုင်ကာ တခြားသူများဖြင့် ပျော်ရွှင်စွာစကားပြောနေသင့်သော်လည်း ယခုတွင်မူ ဤအမျိုးသားသည် ဘီယာနှစ်ဘူးအား ကိုင်ဆောင်ထားလေသည်။

" ‌ဟေး... Vann Winston..." သတို့သားဖြစ်သူ, ချန်မော့ပိုင်ဟာ ဆိုဖာပေါ်တွင်ထိုင်ချကာ Winstonဟာ လှည့်ကြည့်လိုက်လေ၏။

Winston တွေးမိသည် "ဒါက ဒဏ္ဍာရီဆန်လှတဲ့ မက်မွန်ပွင့်မျက်လုံးတွေ ပါလား" လို့ပေါ့။

"မင်းမူးနေပြီ" Winston သူ့ရဲ့ ဖန်ခွက်ကို ချလိုက်သည်။

သူ၏ အေးစက်လှသော အသံမှထွက်ပေါ်လာသော အော်ရာတစ်မျိုးကြောင့် တခြားသောသူများမှာ ချက်ချင်းဆိုသလိုပင် အမူးပြေသွားရလေ၏။

"ငါမူးနေတာ မင်းဘယ်လိုသိလဲ?"

"မင်း ငါ့ကို မျိုးရိုးနာမည်တပ်ခေါ်နေပြီလေ"

တစ်ဖန် သတို့သား ချန်မော့ပိုင်သည် သူယူဆောင်လာသော ဘီယာဘူးအား မချမှီ ထိုသူရှေ့ရှိ ဝိုင်ခွက်အား ဖယ်ရှားလိုက်လေသည်။

"အဲ့ဒါဆို, မင်းလည်းနည်းနည်းတော့ မူးကွာ, အဲ့လောက်ကြီးလည်း သတိကြီးကပ်မနေစမ်းနဲ့။ ဘဝကြီးက ခါးလွန်းတယ်ကွ! မင်းရဲ့ ပျော်ရွှင်မှုကို မင်းရှာရမယ်"

"အဲ့ဒါဆို ပြောပါဦး, ငါရဲ့ ပျော်ရွှင်မှုကို ဘယ်လိုရှာသင့်လဲ?"

"မင်း လုပ်ချင်တာကို လုပ်ရမယ်"

" ငါလုပ်ချင်တာရောကို ဘယ်လိုလုပ်ရမလဲ?" Winston ထပ်မေးလိုက်၏။

မင်းငါ့ကို လိုက်မစပါနဲ့လား?🤧Where stories live. Discover now