Chapter 1 - မင်းဘောင်းဘီဇစ် ဆွဲမတင်ထားဘူး

347 46 4
                                    

Unicode > > > 

Chapter 1 - မင်းဘောင်းဘီဇစ် ဆွဲမတင်ထားဘူး

"Hunter! Hunter, အဲ့ဒီထဲကနေ မင်းချက်ချင်းထွက်လာတာ ငါလိုချင်တယ်! မင်းဘယ်လိုတွေလာလုပ်နေတာလဲ?! မင်းငါ့ကို Duchovny ဆီကနေ ဘာလို့မကာပေးတာလဲ?! အဲ့တာ သောက်အသင်း ဗျူဟာကွ! မင်းနားမလည်ဘူးလား?"

အနှီ ဟိန်းဟောက်သံသည် သူ၏နားစည်အား ရိုက်ခတ်သွား၏။အိမ်သာခွက်ပေါ်တွင် ထိုင်နေသော လူငယ်လေးသည် မျက်နှာကြက်ထိတိုင်အောင် သူ၏မျက်လုံးများအားလှိမ့်လိုက်လေသည်။ ထို့နောက် Anipopအား ကစားရန် သူ့ဖုန်းကို ထုတ်လိုက်ကာ သီချင်းပင် ဖွင့်လိုက်သေးသည်။

"ငါမင်းမိသားစု တစ်ခုလုံးကို f*ckပစ်မယ်ကွ။ မင်းအခုချက်ချင်းထွက်လာစမ်း!"

"ငါ့အဖေရော အမေရောက ဘုရားသခင်ကို တွေ့ဖို့အစောကတည်းက ကောင်းကင်ပေါ်တက်သွားပြီ။ မင်း f*ckမယ်ဆို ကောင်းကင်ပေါ်ထိတက်မှ ရလိမ့်မယ်!" Hunterသည် ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။

"မင်း... အမွှေးအတောင်တောင်မှ မစုံသေးတဲ့ ငှက်ရိုင်းကောင်ကများ! သောက်တံခါးကို ဖွင့်စမ်း!"

Hunterသည် သူအမွှေးပေါက်, မပေါက်ကို အချိန်အတန်ကြာအောင် ခေါင်းလေးစောင်းကာ စဉ်းစားပြီးနောက်, အကူအညီမဲ့စွာ ပြောလိုက်သည်။ "ငါ့ငှက်ပေါ်မှာ အမွှေးက တော်တော်စုံနေပြီကွ။ ဒါမှမဟုတ် မင်းကို ဓါတ်ပုံရိုက်ပြရမလား?"

တစ်စက္ကန့်မျှကြာသော တိတ်ဆိတ်မှုဖြစ်ပေါ်ပြီးနောက်တွင် McGradyသည် အိမ်သာတံခါးအား ကြမ်းတမ်းစွား ဆောင့်ကန်လိုက်ရာ လှုပ်ခါသွားသဖြင့် Hunter၏ လက်ထဲမှဖုန်းပင် လွတ်ကျလုဆဲဆဲ။

"Hunter, မင်းသောက်စကားထစ်တဲ့ကောင်! မင်းငါ့ကို မြင်တဲ့အခါ သောက်စကားတောင်မပြောနိုင်တော့မှာ ကြောက်နေတာလား? အဲ့တာကြောင့်မင်း သောက်ကြောက်လိုပုန်းနေရတာလား!?"Hunter သူရဲ့ နှုတ်ခမ်းများကို ဖိကပ်လိုက်သည်, ပုံမှန်ဆိုရင် သူစိတ်လှုပ်ရှားသော အခါ စကားထစ်လေ့ရှိသော်လည်း အခုတော့မဟုတ်နေ... သူရဲ့ လျှာသည် ကောင်းစွာအလုပ်လုပ်နေသေးသည်။

" ဟေး... McGrady, အမှန်တိုင်းပြောကြေးဆိုရင် Duchovnyကနေများ ငါ့မှာတားနိုင်စွမ်းရှိမယ်ဆို ငါလိုကောင်က အမှတ်တစ်မှတ်မှ မယူနိုင်တဲ့ rookie လေးဖြစ်နေနိုင်သေးလို့လား?"

မင်းငါ့ကို လိုက်မစပါနဲ့လား?🤧Where stories live. Discover now