Chapter 4 - million ဒေါ်လာတန် အတွင်းခံဘောင်းဘီ

204 34 2
                                    

unicode>>>>

Chapter 4 – A Million Dollar Underwear?

အကယ်၌ တဖက်သူသည် တခြားသောသူဖြစ်ပါက Hunter သည် နေရခက်ကာ နောက်လှည့်မိလိမ့်မည်, သို့မဟုတ် တောင်းပန်ဖို့စဉ်းစားပါလိမ့်မည်ဖြစ်သော်ငြား အခုအချိန်မှာတော့ သူသည် ဤကဲ့သို့ တစ်စက်မှ တွေးနေခြင်းမရှိခဲ့။

သူသည် အိတ်ထောင်ထဲသို့ လက်ထိုးကာ ရီလိုက်လေသည် "ငါက ဒီအတိုင်း မင်းရဲ့ ချွေးတွေနဲ့ အင်္က... အာ, တီရှပ်ကို မဝယ်လိုက်နိုင်လို့ ကောင်မလေးကို နှစ်သိမ့်ပေးနေရုံသက်သက်ပါ"

"အိုး, အဲ့လိုလား?"

Winston၏ အသံသည် သူထင်ထားသည်ထက် နူးညံ့နေသည်, သူ၏ နှုတ်ခမ်းထောင့်များသည်လည်း နူးညံ့နေသည်။ Hunter ရုတ်တရက် သတိထားမိလိုက်သည်မှာ... တစ်ဖက်သူသည် ပြုံးနေလေသည်။ သူ၏ အပြုံးသည် မနက်ရှိုင်းသော်ငြား ခဲနေသော ခရစ်စတယ်ဘောလုံးလေးအတွင်းမှ နောက်ဆုံးတွင် ပွင့်အံလာခဲ့သော ဂုဏ်ယူနေသောပန်းလေးအလား... ဖြေးညှင်းစွာ ဖူးပွင့်နေလေသည်...

"အဲ့တာဆို, မင်း ဘာလို့ သူများတွေက မင်းကို ဝိတ်တာတစ်ယောက်လို့ ထင်နေကြလဲသိလား?"

"ဘ- ဘာလို့လဲ?"တစ်ဖက်လူသည် သူနှင့် စကားဝိုင်းကို ဆက်လိမ့်မည်ဟု Hunter မမျှော်လင့်ထားမိ။ သူရုတ်တရက်ပစ်သွင်းလိုက်သော ခေါင်းစဉ်မှာလည်း စိတ်ဝင်စားစရာတော့ကောင်းနေသေးသည်။

"ဘာလို့ဆို မင်းက ကလေးလေးတယောက်နဲ့ တူနေလို့"

မှိန်၍နေသော အပြုံးသည် Hunter၏ စိုက်ကြည့်နေသော အကြည့်အတွင်းတွင် ပိုပိုပြီး ပြတ်သားလာလေသည်။ သူသည် Winston၏ အပြုံးကို တစ်ခါမှ မမြင်ဖူးသလို စာနယ်ဇင်းက လူတွေအကုန်လုံးလည်း မမြင်ဖူးတာ သေချာပါတယ်။

Hunter သည် တစ်ဖက်ယောက်ျားသည် သူ့ကိုစနောက်နေသလော လှောင်ရယ်နေသလောကိုပင် မခွဲခြားနိုင်ပေ။

"အဲ့တော့, မင်းရဲ့ အရှေ့ဆံပင်တွေကို ပုံသွင်းပြီးတော့ နည်းနည်းရင့်ကျက်တဲ့ပုံ ဖြစ်အောင် လုပ်သင့်တယ်။ အဲ့လိုဆို မင်း part-time လာလုပ်တဲ့ ကောလိပ်ကျောင်းသားနဲ့ မတူတော့ဘူး"Hunter သူ့အား စိုက်ကြည့်နေမိသည်။ မည်သို့ပင် ဆိုဆို, Winston ထံမှ ထွက်ပေါ်လာသော စကားလုံးတိုင်းသည် အဓိပ္ပာယ်ရှိလေသည်။

မင်းငါ့ကို လိုက်မစပါနဲ့လား?🤧Where stories live. Discover now