အပိုင်း (၅) - မင်းကြမ်းတာကြိုက်လား? နူးနူးညံ့ညံ့လေးကို ကြိုက်တာလား?

267 41 4
                                    

unicode >>>>

Chapter 5 - မင်းနူးညံ့တာ ကြိုက်လား, ဒါမှမဟုတ် ကြမ်းတာကြိုက်လား?

"ဟိုလေ... ငါအိမ်ကို ကိုယ့်ဘာသာပြန်လို့ရပါတယ်"


Winston သည် ဖုန်းအား ချလိုက်သည်။ သူစကားပြောမလို့ လုပ်နေတုန်း, အာမခံ ကုမ္ပဏီမှ ဝန်ထမ်းများရောက်လာသည်။

လမ်းမီးမှိန်မှိန်အောက်တွင် သူ၏ သဏ္ဌာန်သည် ထင်ရှားစွာ လှပသော်ငြား အထီးကျန်နေပုံပေါ်လေသည်။

"သွားစို့" သူ Hunter အတွက် ကားတံခါးဖွင့်ပေးလိုက်သည်။

Hunter သူ့ရဲ့ နားကို ထိလိုက်သည်။ Alright, this trash that was him will take the prodigy's car home.

မျက်နှာပေါ်သို့ ကျရောက်နေသော ညလေညှင်းအား ခံစားရင်း Hunter မျက်လုံးပိတ်လိုက်သည်။ သူ Winston ရဲ့ ကောင်းမောင်းပုံကိုတော့ သိချင်မိသား; သူ clutch ကို ဘယ်လိုထိန်းလဲ ပြီးတော့ စတီရာရင်ကို ဘယ်သို့ လှည့်သည်, စသည်တို့ပင်။

သူရဲ့ ကားမောင်းပုံသည် အင်မတန် ချောမွေ့လွန်းလှသည်။ ကားရပ်ဖို ဘရိတ်အုပ်လိုက်တဲ့ အချိန်, သို့မဟုတ် ကွေ့တဲ့အခါတွင်ပါ ထိုင်နေတဲ့သူကို သက်တောင့်သက်သာဖြစ်စေသည်။

ဒီလို သက်တောင်သက်သာဖြစ်တဲ့ပုံမျိုးက နည်းနည်းတော့ ရှင်းပြရတာခက်သား။

"မင်းကားမောင်းတာ... ပြိုင်ကားမောင်းတဲ့သူ တယောက်မောင်းပုံမျိုးနဲ့မတူဘူးပဲ..."

Winston သည် သူ့အား လှည့်ကြည့်ရင်း နှုတ်ခမ်းထောင့်တို့မှာ ကွေးညွတ်သွားလေသည်။ " မင်းစမ်းကြည့်ချင်လား?"

ယခုအကြိမ်သည် Hunter ဒီလူ၏ မျက်နှာတွင် ဗြောင်ကျကျအပြုံးမျိုးကို ပထမဆုံးမြင်ခြင်းပင်ဖြစ်သည်။ လက်ချောင်းတစ်ချောင်းသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ဝင်ရောက်ကာ မွှေသွားသည့်အတိုင်းပင် ; သူ၏ နှလုံးသားနှင့် စိတ်နှလုံးတို့သည် ဝဲဂရက်ထဲသို့ ဖမ်းမီသွားသဖွယ်... သို့သော် Winston ကတော့ တဖက်သို့ တည်ငြိမ်စွာလှည့်လိုက်လေသည်။

သူအသက် ဖြေးဖြေးချင်းရှူ၍ မှုတ်ထုတ်ပစ်လိုက်လေသည်။ Hunter နောက်ဆုံးတော့ ဘာလို့ Winston ကင်မရာပေါ်တွင် ဘယ်တော့မှ မပြုံးမှန်းသိလိုက်ရလေသည်။ သူရဲ့ အပါးလျဆုံးအပြုံး တစ်ပွင့်ကပင် ကင်မရာကို ကွဲအက်စေရုံမက မြင်တဲ့သူတိုင်းကိုလည်း ရူးသွပ်စေလိမ့်မည်ပင်။

မင်းငါ့ကို လိုက်မစပါနဲ့လား?🤧Where stories live. Discover now